Monday, May 30, 2016

သံစဉ်မဲ့ သီချင်းတပုဒ်


သံစဉ်မဲ့ သီချင်းတပုဒ်

တရံရောအခါက
ပုံပြင်ဟောင်းလေးတွေ ရှိခဲ့တယ်။

တက္ကသိုလ်မှာ ကျောင်းတက်
အလွန် ချစ်ကြသောချစ်သူ
ထမင်းရည်ပူဘဲ ရက်ရရက်ရ
ချစ်သူရင်ခွင်က စတဲ့အရွယ်

ကောင်လေးကပြောတယ်။
ကျောင်းမပြီးခင် အတူနေမလား
မောင်ကျောင်းက ထွက်
ဆေးသုတ်ကြွေးပါ့မယ်
ကောင်မလေးက မျက်ရည်လက်စက်
ကျောင်းပြီးအောင်တော့ တက်ပါရစေ။
ကျောင်းပြီးရင် တူတူ နေမယ်။

အလုပ်ဝင် ရက်မြတ်ရွေး
ပုဆိုးလေး တန်းတင် လင်မယား
မင်္ဂလာဦးနေ့များ၏ အပျော်
ခယောင်းလမ်းကို တူတူကျော်ဖို့ 
ကဲ ဘ၀တူတူ စစို့ ။

အသက် ၃၀ ကလေး ရ
အဖေ တူသူ သမီးကလေးပေါ့
အဖေ နဲ့ တူတူဆော့တဲ့
အဖေ စရင် ခစ်ခစ်ရီတတ်တဲ့
အဖေ့ရဲ့ အာဘူးကလေး
ကျမတော့
ဒါ ကျမ အပြည့်စုံဆုံး ဘ၀ရဲ့ အချိန်ကလေးဘဲ။

သမီး ၂နှစ်
ကျမ သတင်း တစကြားဖြစ်တယ်။
သမီးရဲ့ အဖေရဲ့ အကြောင်း
ကျမဘ၀တော့ အိမ်ဦိးမဋိက်စောင်းပြီပေါ့
အညှီတွေ အညှီတွေ..ဟုတ်တော့ပေါ်
ဒီလိုနဲ့  တကျက်တကျက်အော်ကြ
မီးဖိုက မီးစ ကျမရင်ထဲ ကျပြီ။
အော် သူ လုပ်ရက်သည်။

ချစ်သော ယောက္ခမကြီး ထံ
မေမေရေ
မေမေ့သား မူမမှန်ဖူး တိုင်ကြား
နင့်တို့  အိမ်တွင်းရေးကြား ငါမပါလို ဆိုတော့
ကယ်သူမဲ့ ကျမ ဘာလုပ်ရမလည်း။

ကွဲမယ်ကွာမယ် ဆိုတော့
မြင်ရတဲ့ အဖေ့ မျက်ရည်စက်
ကျမ ရင်ထဲက တသက် မထွက်ဖူး။

ဒိလိုနဲ့  ဒီလိုနဲ့  လှေတူတူ လှော်ဖက်များ
တယောက်က တောင်ဘက်လှော်
တယောက်က မြောက်ဘက်လှော်
ချာချာလည်နေတဲ့ လှေ တစ်စင်း
မကြာခင် ၀ဲစုတ်၊
အကျိုးယုတ်တော့မဲ့ ဘ၀တွေ။

ကဲပါလေ အပြစ် မပြောကြကြေး
ကျမ သမီးကလေး ဘဲ ယူပါ့မယ်။
လက်ထက်ပွါးရှိသမျှ သူဘဲ ယူပါစေ။
စလယ်ဝင်အိုး ထက်ခြမ်းမခွဲ
ချစ်သူ ကိုဘဲ ပေးလိုက်တယ်။
လိုချင်တာ ယူသွားပါ
ကျမ ချစ်မိတဲ့ အတွက် ရှင့်ရော်ကြေး။

အချိန်တွေ ကြာခဲ့
ပြန်တွေးတိုင်းသာ အသစ်
ဘ၀မှာ နဖူးစာကြဲ ကံတွေ ကုန်
ငွေကြေး အာဏာ စည်းစိမ်အရွယ်
သစ္စာပြယ်တာ ကြောက်စရာပါဘဲ
မေတ္တာသယ်သူသာ မျက်ရည်ကျစရာပါဘဲ၊

နှစ်ကြာ ပြောင်းသော်လည်း
ထိတိုင်း နာဆဲ မကျက်တဲ့ ဒီအမာရွတ်

ချစ်ရသူသာ..တမြေ့မြေ့တွေး
အချစ်ဆိုတာ ပုံပြင် မဟုတ်
ကာရံမဲ့သော ကဗျာတစ်ပုဒ်
သံစဉ်မဲ့သော သီချင်းတစ်ပုဒ်။
ကျမ ရင်တွင်းက နှလုံးသည်းပွတ်
ခုထိ မဖြေသာ သမီးတစ်သက်သာ ရှိပြီ။

မသဒ္ဓါ (5/13/2016)

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

 
/* EOT ----------------------------------------- */