Monday, August 20, 2007

ချိုမြိန်ဒုက္ခ


ဒီပျားရည်တစ်စက်
ဒါးသွားမြိမြက်မြက်ပေါ်
အန္တရာယ်ရှိ..သိ.
သို့ သော်..မြည်းချင်၏။

ပင်လယ်ဆားရေ
သောက်လေ.ငတ်မပြေ.
ခါးငန်ညိညိ..သိ.
သို့ သော်..သောက်ချင်ဘိ။

ငါးမျှားချိတ်ပေါ်ကအစာ
မြှူဆွယ် စားလှည့် လာ
အတွင်းမှာ..ချိတ်ကရှိ.။
သို့ သော်..စားချင်မိ။

ဟန်ပြတဲ့..ကဒေါင်းကလေး
ကျော့ကွင်းတောင်..ညှို့ ယောင်ဆောင်
အသံပေး.. ထောင်ချောက်ဆင်
သို့ သော်..ငြိဝင်ချင်။

အချစ်ဆိုတာမြှုံးတစ်ခု..
ချိုမြိန်ခြင်း ရဲ့ အဆုံး..အခါးသီးဆုံးရှိ၏။
အချစ်နဲ့မျက်လုံး…အမုန်းမျက်စောင်းရှိ၏။
အကြင်နာတွေသုန်း..နာကျည်းအမုန်းရှိ၏။
အလှအပအလယ်….ပရိယာယ်များကြွယ်၏။
ရေအလျှင်ထင်သော်ငြား..တံလျှပ်ပြင်အတိ။
မြှားထားအစာရဲ့ပေါ်.အဆိပ်ရည်တို ဖုံး၏။

ဘာဘဲဖြစ်ဖြစ်..
နောင်ဖြစ်ခါမှ နောင်ခါဈေး..
ခုရှိတဲ့အချိန်ကလေး..သွေးအေးမသွားခင်..
ချစ်..ချစ်..ချစ်..လိုက်ချင်..
ခါးသီးမဲ့ မနက်ဖြန် များစွာအတွက်..
ချိုမြိန်မဲ့..တမနက်ခင်း..
အသည်းဘဲ..ရင်းရ ရင်းရ.
ဘ၀ဘဲ.ရင်းရ..ရင်းရ..
နောက်ကျမှ ချုံးမဲချဘဲ..ငိုရ..ငိုရ..
ကျမလေ….ဒီအမိုက်မ.သာဘဲ…
မောင်ကဲ့ရဲ့ဆိုချင်လည်း..ဆိုရက်တော့ စေ။

မသဒ္ဓါ (၈။၂၀။၂၀၀၇)..

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Saturday, August 18, 2007

အသံမဲ့..အချစ်စကားများ…


ရှုး….ပြောစရာမလိုဘူး…
မင်းရင်ထဲကချစ်ခြင်း..နားလည်သိနေ…

ရှုး….မေးစရာမလိုဘူး…
ကိုယ်ရဲ့ချစ်ခြင်း..ရော့..မင်းခံစားစေ…

ရှုး….ပေးစရာမလိုဘူး…
မင်းအပါးရှိရင်…ဘ၀အတွက်ပြီးပြည့်စုံစေ…

ရှုး….နှိုင်းစရာမလိုဘူး…
နှိုင်းတုမဲ့ချစ်ခြင်း..ဒို့ စိတ်ရင်တွင်းအတူ…

ရှုး….တိုင်းစရာမလိုဘူး…
ညီမျှတဲ့ချစ်ထုထည်..ဒို့ကိုယ်စီ..ရှိနေ…

မျက်လုံးလေးမှိတ်ရုံ..တကဲ့ရင်သိမ့်ခုန်..
ချစ်သမျှလွမ်းစာသီ..ကာရံတေးညီညီ..
မပြောလည်းသိနေ..အကြင်နာ..ကိုယ်စီ
မမေးလည်းသိနေ..ဘယ်လောက်ထိလွမ်းတယ်..

စိတ်ပြူတင်းပေါက်မျက်လွှာ..မင်းမျက်နှာပေါ်လာ..
တွေးမိလိုက်ရင်..တကယ်..မင်းကအနားမှာ.
သံစဉ်မဲ့စေ..မပြောဘဲသိနေ..
ဆဌမအာရုံ..မင်းနဲ့..ဒို့ အနာဂတ်ရိပ်ပုံ..

ရှုး….တိတ်တိတ်ကလေးနေ.
ရှုး….ဆိတ်ဆိတ်ကလေးနေ..
လာလေ..နားထောင်လှဲ့ ..ဒီရင်ခုန်သံ.
ဒါ ဒို့ အတွက်တော့..အဖြေ..

မသဒ္ဓါ (၈။၁၈။၂၀၀၇)..

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Wednesday, August 15, 2007

မုန်တိုင်းလွန်..သော်..


ဒီ.မိုးဥတုမုန်တိုင်းရာသီ
ပင်လယ်ဆီ..ဗဟိုပြု
အဆင့်(၅)မုန်တိုင်းတစ်ခု.
ဦးတည်ပြုလာနေ..ကျမနေတဲ့မြေ.

တနယ်မြေခြားနေရဆဲလူ..
သိပ်စိတ်ပူတတ်တဲ့ချစ်သူ..
သူလာရေးခက်ခက်
နာရီမပြတ်..ဖုန်းဆက်.
ကျမတို့ အတွက်..ရတက်ဖြာတပူပူ..

အပြင်ဖက်ဆီ..ယိမ်းကနေသည့်အုန်းပင်တန်း
ကြောက်ဖက်ဖွယ်..သေမင်းတမာန်.လေပြင်းကြမ်းကြမ်း..
မိုင်..၁၀၀ကျော်တဲ့အရှိန်နဲ့ခြောက်.
တဆတ်ဆတ်..တုန်ခါနေတဲ့.ပြူတင်းပေါက်
ခု..မုန်တိုင်း ရောက်လာပြီ..

လွင့်ကြွေ..မိုးပေါက်..ဇီးသီးကင်းလောက်
မှုန်မဲရှစ်ခွင်..၀ဿာန်တိမ်ပြင်..
အေးစိမ့် အိမ်တွင်း.
ကြောက်ရွံ့ ခြင်းနဲ့ကျမ..သူ့ ကိုသတိရလိုက်တာ။
သူသာ..အနားမှာ..ရှိရင်ကောင်းမှာ။

သဘာဝရဲ့ဘေးရန်..အချိန်မရွေးသေနိုင်တဲ့ ဘ၀.
ကျမနဲ့ သူ အချိန်တွေဆွဲ..မရွေးရဲသေးတဲ့အနာဂတ်..
အသက်ကြီးလာတောင်..နှစ်သက်ရာရာမရွေးနိုင်သေး
ဖခင်ကောင်းနဲ့  မိခင်ကောင်း.
အင်း.နံမည်လေးတော့ခပ်ကောင်းကောင်း
အသည်းထဲမှာ..အနစ်နာခံခဲ့တဲ့ရာဇ၀င်ကြောင်း..
အချစ်..နေရာက လစ်ဟာနေခဲ့ဇာတ်ကြောင်း..
လွမ်းဒဏ္ဍာရီအဟောင်း..များစွာ.ရင်ထဲမှာ.

သူချစ်တာကို..ကျမယုံ..
ဖူးစာဆိုတာ..ရှိရင်..ကိုယ်တို့ ဆုံ.
အကြင်နာခြုံ..ဘ၀နှစ်ခု လုံကုံ..
တူတူနေမယ်..တနေ့နေ့ ယုံ။

အပြင်ကမုန်တိုင်း..
ဒို့ နှစ်ယောက်ဘ၀မှာလည်းမုန်တိုင်း
ကြမ္မာရိုင်းနေဆဲခဏ..
အားပေးကြမယ်..သူနဲ့ ကျမ..
အပေးအယူမျှ.. မုန်တိုင်းကြားမှ နေ့ရက်တွေ..

ဘယ်ဆီဝေးဝေး..အနီးကလေး ကိုယ်နဲ့ သူ..
ဘ၀ခြင်းဖလှယ်မဲ့သူ..နားလည်ပြီး.ကြင်နာမဲ့သူ
သူဘယ်သူဖြစ်ဖြစ်..ကျမက.ချစ်
ကျမဘယ်ပုံဖြစ်ဖြစ်..သူ သံယောဇဉ်ဖြစ်..
အားပေးကူညီလက်တွဲ..မုန်တိုင်းထဲမှာရဲရဲ..

မကြာခင်..
မုန်တိုင်းကကျော်ဖြတ်..လေပြင်းလည်းရပ်တော့မယ်..
နေခြည်..မြူးတူး..လေပြေညှင်းနဲ့မနက်ခင်း
ကောင်းခြင်းများစွာ..အရောက်ပြန်လာမဲ့ အချိန်..
မျှော်တလင့်လင့်..စောင့်နေဆဲ
အားမငယ်နဲ့ မုန်တိုင်းထဲကချစ်သူ..
ကြင်နာစွာ..ကျမလက်ကမ်းမယ်..ယူ..
ကြည်စင်ရောင်ခြည်..၀င့်ဝင့်
ကျမတို့ နေ့ သစ်.အပျော်လမ်း
မျှော်မှန်း စို့  မောင်နဲ့ အတူတူ

မသဒ္ဓါ (၈။၁၅။၂၀၀၇)..

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Tuesday, August 14, 2007

အကြွေပန်းမို့ ..ကိုယ်..အားနာ.


မကောက်လာပါနဲ့ 
နေပါစေ
တော်ကြာဆို..ပွင့်ချပ်တွေ..နွမ်းလျှ.အလှပြယ်။

မနမ်းလာပါနဲ့
နေပါစေ
တော်ကြာဆို..သင်းရနံ့ တွေ.လွင့်စင်ပျောက်ကွယ်။

မသိမ်းထားပါနဲ့..
နေပါစေ
တော်ကြာဆို..ခြောက်သွေ့ အကျည်းတန်။

မမြတ်နိုးပါနဲ့..
နေပါစေ..
မင်းအတွက်ဆို..ပန်းဖူးတွေ..အဆင်သင့်ပွင့်နေ။

မြေပြင်ထက် ကန္ထာရလမ်း
နွမ်းလျလျ..ပန်းတပွင့်..အကြွေ
ချစ်သူကို မနမ်းစေ့ချင်ပေ.
ပင်မြင့်စံ.အလှပန်း..
လျော်သင့်ရာ..ထိုက်တန်
မင်းရင်ခွင်၌ပန်..။

နေရောင်ကြဲကြဲ..
နွမ်းယဲ့ယဲ့..ဒီကြွေပန်းတပွင့်
မောင်..နမ်းရန် မသင့်..
မြေ၌..ကြဲစေ..
စွန့် ပစ်ခဲ့ တော့လေ..။

မသဒ္ဓါ (၈။၁၄။၂၀၀၇)..

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Sunday, August 12, 2007

ဆုတောင်း..မှားခဲ့ပြီ။


ကိုယ်ချစ်ရသူက..အဝေးမှာ..
ချစ်သူနဲ့ကွေကွင်းရဘ၀.မီးထက်မကခံစားပြီး
ရွှေပင်လယ်ကလည်းဆီး..
ဘယ်လိုမှနီးလို့ မဖြစ်နိုင်တဲ့ဘ၀..
နောင်ဘ၀ကျမှအတူတူနေဖို့အရေး..
ကိုယ့်..ဆုတောင်းကလေး.

ကိုယ့်ကားရှေ့တည့်တည့်..
ကြီးမားတဲ့ကုန်တင်ကားက ရုတ်တချည်းပေါ်လာ..
ကိုယ်မျက်စိပြာ..ခန္ဓာ..လေထဲလွင့်စင်..
ဆုတောင်းတော့ပြည့်ပြီထင်..

အခု..ရုပ်မဲ့..နာမ်နဲ့ကိုယ်..
လိပ်ပြာလိုလွင့်ဝဲ..ချစ်ရသူအပါးအမြဲ..
နေခွင့်လည်းရပြီ.
ကြိုလှဲ့ ပါတော့..ချစ်သူ့ ရင်ခွင်ဆီ.။

ချစ်သူက ကိုယ်ရှိနေတာ မသိ..
ကိုယ့်ကိုလည်းမမှတ်မိ..နာမ်အတိနဲ့ကိုယ်..
သူသွားရာတကောက်ကောက်လိုက်.
ဘာဘဲလုပ်လုပ်သူ့ အနား..
စကားတော့.ပြောမရနိုင်
ဆက်သွယ်ရေးခက်ခက်..
သူမသိသား..ပျက်ကွက်..
အပျက်အပျက်..နှာခေါင်းသွေးကထွက်..
သူက..ရက်စက်ပြီ.။

ကျမရှေ့ တည့်တည့်..
သူ့ ချစ်သူအသစ်ရဲ့ နှုတ်ခမ်းကိုနမ်း..
ဒေါသလွှမ်းတဲ့ကျမ..ဘယ်လိုစိတ်ကောက်ပြရမလဲ..
ကိုယ်ထင်ပြလို့မတတ်တဲ့ ကျမ..
ဆုတောင်းတော့ မှားခဲ့ရပါပေါ့..
နာမ်တခုနဲ့ဘ၀..ခုငရဲမှာကျ..

လူသားနဲ့ဝိညာဉ်..ပေါင်းဆုံရန်မဖြစ်..
ချစ်သူဆီကခွါပြေး..
ခုတော့..ဆုတောင်းလွဲ ကိုယ်ဘ၀လေး..
ငရဲထဲမှာ…ဆူ..
ငရဲထဲမှာ…ပူ..
ငရဲထဲက…လူ..

မသဒ္ဓါ (၈။၁၂။၂၀၀၇)

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

အမြည်းပေးတဲ့..အချစ်..


စာအုပ်အဖုံးကိုဘဲ..ကြည့်..
အတွင်းကစာကိုမြည်းမကြည့်က..
ဘယ်လောက်ရှိမလဲ..စာပေရသ.
မင်း..မသိရ နိုင်.။

ဘ၀ဆိုတာ..တန်ဖိုးရှိရှိ..
မင်းအသိစိတ်ကို..မင်းပိုင်အောင်ထား..
လွတ်လပ်ရေးရင်ခွင်..ထဲကဌက်.
ဝေဟင်ထက်..တက်မလား..
ပင်လယ်ထဲကပုဇွန်ဆိတ်..
သမုဒ်ပြင်နက်ထဲလက်ပစ်ကူးမလား..
မြိုးမြိုးမြက်မြက်..ဘ၀ရဲ့ပျားရည်တစ်စက်..
မက်မက်မောမော..ခံစားကြည့်ရအောင်..
လိမ်ညာကင်းတဲ့ အချစ်များ
အမှောင်ဖုံးတိမ်တိုက်ကြား..ပုန်းကွယ်မထားနဲ့ 
လှောင်ချိုင့်တံခါးတို့ ပိတ်..ငိုကြွေးတိတ်ဆိတ်မနေနဲ့ 

ဆွေးမြေ့နေတဲ့နှလုံးသား
သံချေးတက်.ဟောင်းနွမ်းဆဲအချစ်များ..
အတွေးသစ်အစပြု..သွေးသစ်နဲ့ဘ၀တခု..
တစ်ကနေ .အခု ပြန်စကြရအောင်။

မနက်ဖြန်ရဲ့..နဂါးငွေ့ တန်း..
ကြယ်တံခွန်လမ်းတွေမှာ..
ကြောက်တတ်ရင်..ဒီမှာ..ဒို့ လက်
မင်းဆုတ်ကိုင်တက်စေ..

ဘ၀ရဲ့..ချိုမြိန်တဲ့သစ်သီး..
အေဒင်မှာ..အခုထိရှိနေဆဲ..
မင်းသွားရဲဖို့ဘဲ..လိုအပ်တယ်

မသဒ္ဓါ (၈။၁၂။၂၀၀၇)..

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Saturday, August 11, 2007

ကျမကိုသာ.ဒီအတိုင်းထားရစ်ခဲ့..


ဘယ်တော့မှ မဖြစ်နိုင်ဘူး
သိနေတယ်…
မျှော်လင့်ခြင်းတခုသာ..ရင်မှာရှိရာ..

ဘယ်တော့မှ မနီးနိုင်ဘူး
သိနေတယ်…
အကွာအဝေးဟာ..ရင်မှာဝေးစွာ

ဘယ်တော့မှ သူမချစ်နိုင်ဘူး
သိနေတယ်…
ပေးဆပ်ခြင်းသာ..ရင်တွင်းကလက်ဆောင်..

ပေးလိုက်တယ်. ကိုယ့်အချစ်တွေ .သူယူသွားတယ်..
သိနေတယ်..
မကြာခင် မေ့သွားမှာ။

ရေးလိုက်တယ်. ကိုယ့်အလွမ်းတွေ .သူရီလိမ့်မယ်..
သိနေတယ်..
ကိုယ်တွေ့ မှ..သူသိမှာ။

သူချစ်တာ.ယုံကြည်မိတယ်..
သိနေတယ်..
သူငယ်ချင်းထက်.တစက်မှမပို။

အပေးနဲ့ အယူ..
မေတ္တာဆိုတာ.. မေတ္တာနဲ့ချူ..
တံခါးပေါက်ပိတ်ရင်..၀င်လာရေးမလွယ်ကူ

ကိုယ့်အချစ်က..ရေဆန်..
အထက်အခဲတို့ မဟူ..ဖြတ်ကျော်ဝံ့သူ..
သူ့ အချစ်က ရေစုန်..
လွယ်ကူစွာ..စီးဆင်း..ဒို့ အတူပေါင်းယူ..

မညီမျှရင်..အချစ်စစ်၌ပင်..ပေါင်းစည်းဖို့ မလွယ်ကူ
ခြေလှမ်းတွေ..မရွေ့ ရဲရင်..
ဘ၀မှာ..ပြောင်းလဲရေး မဖြစ်နိုင်..
ထားရစ်ခဲ့လေ..
ရာဇ၀င်ထဲမှာ..ကျမအချစ်တွေ..
ကဗျည်းတင်..သက်သေ..

မသဒ္ဓါ (၈။၁၂။၂၀၀၇)

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Friday, August 10, 2007

ဒို့နှစ်ယောက်..ဘာကြောင့်များချစ်..


သူကတိုးတိုးမေးတယ်..
ဘာကြောင့်များကျမသူ့ ကို ချစ်တယ်..
ဒီအဖြေပေးဖို့ မလွယ်..စိတ်ချာချာလည်..
ဖြေခက်တယ်..ကျမလည်းသိချင်တယ်..

ကြင်နာတတ်တာကအစ..
နားလည်တတ်တာကအလည်..
ကျမကိုဂရုစိုက်တယ်..
နှောက်ယှက်မဲ့လူတွေကြား..
သူကကျမရဲ့ ရုပ်ရှင်မင်းသား
ရုပ်ကလေးအသင့်အတင့်..
ငြင်းချင့်စရာကို..မသင့်

ယောက်ျားပီပီတည်ကြည်..
အားကိုးချင်လောက်ပါသည်။
ခိုင်ကြည်တဲ့နှလုံးသား..
တိုင်းပြည့်ချစ်တဲ့သား
ကျမကလေးစားတာ..
ဒါတွေကနိဒါန်း..ဖြစ်နိုင်ချေမှန်းပြောပြတာ
ယထာဘူတကျစွာ..

အမှန်တကယ်က
အချစ်ဆိုတာ..ပြစရာရုပ်ဝတ္တုမရှိ.
ဘာအရောင်.ဘာအသွေး..ဘာလေးနဲ့ တူ မတူ
ဘာအနံ့ ..ဘာအရသာ..ချို..ခါးရယ်..မ ဟူ
လူသား တို့ ချစ်ခြင်း..ဈေးဝယ်ခြင်းမဟုတ်
ကြင်နာစွာခံစား…ဂရုဏာ များရဲ့ရသ..
ယုယစွာ..စံစား..မေတ္တာများရဲ့ ရသ..
အပေးအယူ အညီအမျှထား..နားလည်ခြင်းများ
တပြားပေးလို့ ..တပြားဖိုးရ..တွက်ချက်လို့ မရ
ငါဒါပေးလို့ ..ဒါပြန်ယူ..အတ္တကူလို့ မရ။

နူးညံ့တဲ့..ချစ်ခြင်း..နားလည်ခြင်းရဲ့အစ
စစ်မှန်တဲ့ မေတ္တာ..ယုံကြည်ခြင်းနဲ့  စ
ရုပ်ရည်..အသက်..ဘာအချက်မှမလို..
အချစ်..၀င်လာရင်..အချစ်နဲ့ ကြို..
မနှစ်သက်ရင်..ပွင့်လင်းစွာဆို..
ရိုးသားစွာ..နှလုံးသားအလိုကို ဖွင့်ဆို

ဘ၀ အသစ်ကို ထပ်တစ်ပြန် ရဲဝံ့ စွာစ ..
စစ်မှန်တဲ့ အချစ်ကို..လိုချင် က.
စစ်မှန်တဲ့ အချစ်နဲ ထပ်..မှဘဲ.ရမယ်..
ဒါကိုလည်း.မောင်..နားလည်။

မသဒ္ဓါ (၈။၁၁။၂၀၀၇).....

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Thursday, August 9, 2007

မောင်..နေမကောင်းတဲ့ ..အချိန်ဆို


ခလေးလေးလို..သူလာချွဲ..
မောင်..နေမကောင်းဘူးတဲ့ကွယ်..

နေပူစပ်ခါးသွား…အပူရှပ်သွားသလား..
နှင်းတောထဲကြား…အအေးများပတ်သလား..
တုပ်ကွေးအချိန်ကို..မလေးမစား..
ကဲ..အခုတော့..သူဖျားပြီ.။

အစားကျဂျီးကများ..
ဆရာဝန်ဆီလည်းသူမသွား..
ခေါင်းကလည်း.သံမဏိထက်မာ..
ကိုယ့်ဖာသာကိုယ်ဆေးဝယ်သောက်..
ရွှတ်ရွှတ်နောက်နောက်နဲ့ မောင်..
သိပ်..စိတ်ပူတတ်တဲ့ကျမ..
ဒုက္ခဖြစ်နေရ..
ဝေးနေကြတဲ့တခဏ။

ဆေးမသောက်ခင်..အစာစား
ကားမမောင်းနိုင်ရင်..အလုပ်မသွားနဲ့ 
ညညစောစောအိပ်..မောင်..
အင်တာနက်ပေါ်တက်..
ကောင်မလေးတွေချိတ်မနေနဲ့ .
သူ.ခေါင်းကိုက်နေရဲ့..ဆိုပြီး။

အနားမှာသာ..အတူနေ.
မျက်နှာမငယ်စေရပါဘူး
ချွေးစိုတဲ့ သူ့ အင်္ကျီကိုလဲပေး
ဆေးအစါ..အချိန်တန်ကြွေး..
ခေါင်းကိုက်ရင်နှိပ်ပေးမှာပေါ့.
ချစ်တာကိုး.နော့.။

အခုတော့ တနယ်စီဝေး
စိတ်လေးနဲ့ ဘဲပြုစု..
ဖုံးလေးခေါ် အကြင်နာစကားစု..
မောင်ကို ပြုစုရတယ်..
သူ..နေမကောင်းတဲ့..အခါ..
မလာနိုင်..ခရီးကဝေး
ကျမ ကို.နားလည်ပေးမလား…မောင်။

မသဒ္ဓါ (၈။၁၀။၂၀၀၇)

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

ဘာတွေ..မောင်သင်ပေးမလဲ..ကျမကို..

မေတ္တာဝါဒ
ဗြဟ္မာဇိုရ်တရားအစ လိုက်နာကျင့်ကြံဖို့ ရာက
ရှင်ဗုဒ္ဓဆီက သင်ကြားခဲ့တယ် ။

လိမ္မာယဉ်ကျေးဖို့ရာ..
လူ့ ကျင့်ဝတ်တွေလိုက်နာဖို့ ရာ..ဘာတွေကျင့်ကြံ
ဘဘုန်းကြီးက..သွန်သင်မှာကြားထားတယ်။

စည်းကမ်းနဲ့  ကလနား
ဘ၀မှာ..ဘယ်လိုနေသွားဖို့ 
ဖိုးဖိုးက..မှာကြားခဲ့ထားတယ်။

ဘ၀ကိုအမှန်မြင်..
အဆိုးဆုံးတွေကိုရင်ဆိုင်ရဲဖို့ 
ဖေဖေက..လမ်းညွန်ပေးခဲ့တယ်။

မိန်းကလေးပီပီသသ
အိမ်ထောင်ထိန်းသိမ်းတတ်ဖို့ က
မေမေက..လက်ကုန်သင်ပြခဲ့တယ်။

သိပ္ပမချန်
အိတ်သွန်ဖာမှောက် အသက်မွေးပညာတတ်တယောက်
ဆရာများက ပျိုးထောင်ထားခဲ့တယ်။

အလိမ္မာ.ဥာဏ်ပညာထက်ဖို့ 
ဇွဲသတ္တိမာန်..စိတ်တက်ကြွစေဖို့ 
စာအုပ်စာပေက အထောက်ကူပြု ခဲ့တယ် ။

သက်ကြီးစကား..သက်ငယ်ကြား
တဆင့် တဆင့်အမြင့် လူနေမှု
လူ့ အဖွဲ့အစည်းကသင်ကြားပေးခဲ့တယ်။

ချစ်ရသူတယောက်ရယ်..
ကိုယ်လည်းလေ..
ခင်ပွန်း..ချစ်အိမ်သား
အထင်ကြီးလေးစားပါတယ်။

ဘ၀ရဲ့ အောင်မြင်မှု လှို့ ဝှက်ချက်များ
ရှာဖွေ အတူတူ တွဲ
ပျော်ရွင်ဘွယ်..အနာဂတ်ထဲ
ဘယ်လိုချစ်ကြင်နာ.နားလည်တတ်စေရေး
ကျမကို..သင်ကြားပေးနိုင်မလား..မောင်.။.

မသဒ္ဓါ (၈။၉။၂၀၀၇).....

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Wednesday, August 8, 2007

ဖုံးပြန်ဆက်မယ်.ပြောပြီးတော့.ဘာမှန်းလဲမသိဘူး


ဒီမှာ..ဘာလုပ်လုပ်..စိတ်ကိုမဖြောင့်.
စိတ်က..သူ့ ဖုံးမြည်တော့မလား..စိုးတနှောင့်နှောင့်..

ရေချိုးလည်း.ရေချိုးခန်းထဲမှာဖုံးစောင့်
စာဖတ်လည်း..နားဝစွင့်. အာရုံနှောက်..

တီဗွီ ထဲကဖုံးသံကြား..ကိုယ့်ဖုံးလား..ပြေးလို့ကောက်
ထမင်းစားလည်း..မဖြောင့်.

အတွေးများလည်း..ခပ်နောက်နောက်.
သူများလေ..ကိုယ့်ကို စိတ်များကောက်..

တညနေလုံး..ဖုံး စောင့်
သန်းခေါင်သာစုတ်စုတ်..သူ့ ဖုံးသံက..မတုန်မလှုပ်..

သူငယ်ချင်းတွေဖုံးခေါ်တောင်..အလုပ်များလို့ ဆိုပြီး..အော်ထုတ်
သူ့ အတွက် ကိုယ်ဖုံးလိုင်း..အမြဲအားအောင်လို့ 

အိပ်ချိန်ကျော်သွားလည်း..ဖုံးက တိတ်ဆိတ်မလှုပ်
အင်း..သူငယ်ချင်းတွေကြား…ရှက်လို့ များ..သူမခေါ်အား
အကောင်းဖက်တွေး..ကိုယ့်ဖာသာ အဖြေထုတ်..

ကျွဲမြီးတိုစိတ်ကလေး..က..ခေါင်းထောင်ထထ..
ရန်များ.လာလုပ်..

သူဘာများ..ဖြစ်သလည်း
တွေးမိတိုင်း..ကိုယ်လေ..ပူပန်းရုပ်..

အိပ်တာတောင်..စိတ်ကသိပ်မဖြောင့်..
စိုးနှောင့်ဗျာပွေ..သူဆီဘဲစိတ်ရောက်..

မခေါ်နိုင်ဘဲ..နောက်တခါ..ဂတိပေးတာမျိုး..
မုန်းတယ်တအား..ကိုယ်လေသပိတ်မှောက်..

နောက်တခါ..ဖုံးမခေါ်နဲ့ ..မပြောချင်ဘူး..
မာမာထန်ထန်လေး..သူ့ ကို..ဟောက်..

ဒုတ်ကောက်လာခဲ့..ကောင်ကလေး
လာချော့မလား..ဒီမှာလေ..ကျမစိတ်ကောက်.။

မသဒ္ဓါ (၈။၉။၂၀၀၇).....

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

သူဘဲလေ..အချိန်ပြည့် အနားမှာ..


မျက်လုံး.. စုံမှိတ်
အိပ်ဖို့ ကြိုးစားလည်း
မြင်လွှာရိပ်ထဲ
သူ မှသူဘဲ ..နေရာယူ။

နားအစုံ..ပိတ်..
တိတ်ဆိတ်ဖို့ ကြိုးစားလည်း
သောတရုံထဲ
သူ မှသူဘဲ.. နေရာယူ။

ရင်တံခါးပိတ်
ပုန်းရှောင်လိုက်ဖို့ ကြိုးစားလည်း
အာရုံငါးပါးထဲ
သူ မှသူဘဲ ..နေရာယူ။

ရုးသွပ်တွေဝေ
အချစ်ဆိပ်သင့်
နေရာမရ
အဖြေရှာမရ
မရေရာတာက..သူ
မသေချာတာက..သူ

နှင်ပြန်..နှင်လည်း
ညိစွဲ ရင်ခွင်..ဆူးအသွင်..နစ်
တမ်းတရသူ
သိပ်လွမ်းခဲ့ရသူ...

နှလုံးသားထဲက ..ဒီလူ
အတွေးများထဲက ..ဒီလူ..
အိမ်မက်ထဲက ..ဒီလူ
ကျမ..ချစ်ရတဲ့လူ
သူ..မှဘဲ..သူ

မသဒ္ဓါ (၈။၈။၂၀၀၇).....

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

မင်းရှိဘူး...ဒီရင်မှာရူးနေ..

ယောင်ချာချာတယောက်ထဲ
ချစ်သူနဲ့ဝေးတဲ့ည
အိပ်မရ..စားမပျော်
အတွေးထဲ..ဆို့ နင့်နင့်
အမှတ်တရရဖြစ်
စာနာမိပြီ
ကိန္နရာတွေ..ချောင်းခြားတဲ့တညဆီ.။

အလုပ်များနေမလား.
သူထမင်းစားနေမလား
ဘာများ..ညာများ
အတွေးကစား..နေမထိထိုင်မရဘူး
ဒီက.. အချစ်ရူးနေ။

မယုံလို့ တော့မဟုတ်ဘူးမောင်
မိန်းမဆိုတာတော့
နဂိုကဗီဇ..သ၀န်တိုမိကြ
ချစ်တာကို..ရှင်ရယ်
နားလည်မလား

တခြုံကွယ်..တမယ်မေ့
ခြံပြင်မြက်ကပိုစိမ်းသယောင်ယောင် သဘောခွေ့ 
အသစ်တွေ့ .တတ်တဲ့ယောက်ျား
မောင့် ကိုများ..မထင်ထားပေမဲ့
မောင်အဝေးသွားတဲ့အချိန်
ဒီမှာလေ..
နေထိပန်းလေးလို..
နွမ်းခဲ့ရအကြိမ်ကြိမ်.

မသဒ္ဓါ (၈။၈။၂၀၀၇)

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

ဘုရင်မပါတဲ့..စစ်တုရင်ပွဲ

ဒို့ ဟာလေ..
စစ်တုရင်ပွဲထဲက..ဘုရင်မ..
အသုံးမကျတဲ့..ဘုရင်ဧကရာဇ် ကို..အသက်ပေး..
ကာကွယ်ဖို့ လက်မနှေးတဲ့..မဟေသီ..
သစ္စာရှိတဲ့..ဒေ၀ီ..
ထက်မြက်တဲ့…ဧကရီစစ်သည်..

သံချပ်ကာဝတ်..စစ်ဘုရင်
ဒါးကိုဝင့်..အလံကိုလွှင့်ကာလှမ်း..
တလှမ်း..ချင်းသာရွေ့ ..
မပိုင်တဲ့ရုပ်သေးဘုရင်
ရန်သူကိုအငုတ်မချွေနိုင်ချင်

ထက်မြက်တဲ့မိဘုရား..ဒို့ ..
ဒေါက်လိုက်ပဲပို့ ပို့ 
အလျှားလိုက်ဘဲပြေးပြေး..
အနီးမှာလည်းစားနိုင်
အဝေးသို့ လည်းသွားနိုင်
ကြိုက်သလို ကစားနိုင်

ချစ်ကြင်သူမင်းကြီး ထံတော်ပါး..
အသက်နဲ့ ခန္ဓာ စတေးထား..
အချစ်ဝိဥာဉ်ကို..ပေးထား.
အနီးနား..ခစား…
ဝေးစစ်မြေပြင်သို့ စစ်တိုက်သွား
ဘက်စုံရတဲ့..ထိပ်ထား..

မျက်မှောက်ခေတ်ရဲ့..မိန်းမသား..
မှီခိုစားဖို့ ..ယောက်ျားကိုမလို..
ကိုယ်ကချစ်ရမဲ့..ယောက်ျား..
ကိုယ့်အပေါ်..စစ်မှန်ချစ်မဲ့ယောက်ျားသာလိုအပ်.
လွတ်လပ်ခြင်းနဲ့ ..အမြင်ရှင်းမှု..
တူညီနားလည်..လုပ်ပိုင်ခွင့်ဘဲလိုတယ်..

သာမှ..စားမဲ့ယောက်ျား
မျက်နှာများမဲ့..ယောက်ျား..
သစ္စာမထားမဲ့ ယောက်ျား
ဖေါက်ပြန်မှားမဲ့..ယောက်ျား.
ဒို့ များမလို..ကန်တော့ဆွမ်းဘဲဆိုမယ်..

ခုခေတ်အတွက်..စစ်တုရင်ကစားနည်းအသစ်..
မသဒ္ဓါ တီထွင်ဖြစ်ရင်..
တကွက်ထည်းသာပြေးမဲ့..မင်းကြီး.
မိဘုရားကာကွယ်မှ..ဘေးရှင်းမဲ့မင်းကြီး..
ကိုယ်လွတ်ရှောင်..သားရဲဘောကြောင်တဲ့မင်းကြီး
မလိုဘူး..ရှင်းထုတ်..
ဘုရင်မပါမဲ့..စစ်တုရင်နည်းသစ်..ထွင်
ဘုရင်မတယောက်ထဲဘဲ..တိုက်ပွဲဝင်ချင်တယ်။..

မသဒ္ဓါ
( ကောင်မလေးတွေကအားပေးမပေးမသိပါ။. မသဒ္ဓါ ခေါင်သူကြီးလုပ်နေတာကို ကောင်ကလေးတွေက တော့ဆဲမှာသေချာတယ်..မမကြောက်ကြောက်)

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Sunday, August 5, 2007

မောင်ရင်..လာရင်..တံခါး..ပိတ်.ဂျိတ်


လူ့ ဘ၀သက်တမ်းဘဲ.တ၀က်ခေါက်ရိုး
ကျိုးဘဲကျိုးနေပြီ..

အချစ် နဲ့ အမုန်း..
အပြုံး နဲ့  ဗျာပါဒ
သမရိုးကျတွေ..

ဆယ်ကျော်သက်အချစ်..ရူးရူးမိုက်မိုက် ချစ်..
နှစ်ဆယ်ကျော်အချစ်..သင့်တော်တာရွေး ချစ်..
သုံးဆယ်ကျော်အချစ်..ပြည့်စုံမဲ့သူတွေး ချစ်..
လေး.ငါးဆယ်ကျော်အချစ်..မေတ္တာရှိုမဲ့သူကိုတွေး ချင့်

ဘယ်လိုဘဲချစ်ချစ်..ပိုချစ်သူသာခံစားရဆုံး
အချစ်ရှုံးလို့  ..ဘ၀ပြုန်းခဲ့ဘူးတဲ့သူ
ခါးသက်သက်.နှလုံးသား..
ဆွေးမြေ့ကြေကွဲ.နှလုံးသား
ကြောက်ရွံ့ တုန်လှုပ်.နှလုံးသား..
ဦးဏှောက်က.တွေးစဉ်းစားမိတိုင်း
အချစ်ကိုမ၀င်စေချင်..တံတိုင်းတွေပိုင်း
အနားမလာစေ့ချင်..သံကွန်ခြာတွေဝိုင်း
လာသောဧည့်သည်ကို..အပြုံးနဲ ညင်းပယ်

မ၀င်လာပါနဲ့..ကိုရင်ရယ်..
ကြောက်တတ်သူ..ဒီရင်မှာ..
ပုဇွန်ဆီကလေး..ဆိတ်ဆိတ်..
မောင်ရင်လာတဲ့အခါ..တံခါးလှမ်းပိတ်..
ဂျိတ်..

မသဒ္ဓါ (၈။၆။၂၀၀၇)

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

ပင်ဒိုရာရဲ့..သေတ္တာထဲက..မျှော်လင့်ခြင်း။


ဇာတ်သိမ်း.ကောင်းမကောင်းတော့..မသိ..
ဇာတ်အစ..ကတော့..နွမ်းရိရိနဲ့ စတယ်..

အချစ် ဇာတ်လမ်း.ဟုတ်မဟုတ်.မသိ..
အလွမ်းဇာတ်မို့ ..ငိုဖို့သာပြင်ချေ။

ချစ်ခွင့် ရှိမရှိ..မသေချာ..
လွမ်းခွင့်ကတော့..အရင်လာ..

ပျော်ရွှင်ခွင့်က..ကန့်လန့် ကာနောက်ပုန်းနေဆဲ..
ငိုကြွေးခွင့်က..ပွဲထွက်အစလေးတင်..

ကြင်နာခွင့်က..ရင်ထဲမှာ..တပုံတမ..
နာကြင်ခွင့်က တီးလုံးနဲ့..က.

စိတ်ကူးယဉ် ခဏ.ချစ်ကမ္ဘာအစ..
နိုးထမိမှ..အိမ်မက်..သိရ။

စေတနာရှိသမျှ..ဝေဖြာ..ချစ်ပြ
နားလည်မှု က..လက်တွေ့ မရ။

မေတ္တာ.ကုံလုံ..လုံခြုံ သူ့ ဘ၀..
ဥပေက္ခာက..ဆုလာဘ်အဖြစ်ရ။

အတွေးတွေထဲ..တကဲ့အနီးလေး..
လက်တွေ့ ဘ၀ ကမျှော်လေလေဝေး..

လိုတာမရ..ရတာကျ..မလို..
လောကဓံက..ထုကာထောင်း..
အချစ်ဆိုတာ..ပုံစံခွက်ထဲလောင်းတောင်
တူညီဖို့အကြောင်းက..တစက်.မရှိ..
သိထားသည့်နိဂုံး..ချစ်ရသူဘဲအရှုံး..
ဘယ်လိုဘဲ .အမှန်ကိုသိသိ
ဘယ်လိုဘဲ .ဖြစ်နိုင်ချေရှိရှိ..
ရင်ထဲမှာ.အခုတိုင်.တစုံတခု..ရှိ

နောက်ဆုံးကျန်သည့်..
ပင်ဒိုရာရဲ့..သေတ္တာထဲက.
ဒီ..မျှော်လင့်ခြင်းကလေး..သေးမျှင်မျှင်..

မသဒ္ဓါ (၈။၆။၂၀၀၇)........

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Saturday, August 4, 2007

နှောင်ကြိုးမဲ့..အချစ်များ..


အချစ်ဆိုတာ..မြင့်မြတ်ခံစားခြင်း
ပစ္စည်းတခု..လိုဝယ်ပြီး..
အိပ်ထဲထည့်သိမ်းထားရန်မဟုတ်။

မင်းအရှိန်နဲ့ မင်းအစွမ်း..
အဟုန်အံ့မခန်းပါတယ်.
မင်းအချင်းနဲ့ ကိုယ်..
ထွန်းလင်းပါစေ..
ကိုယ်လေပန့် ပိုး ပေးနေ..။

ကိုယ့်အရောင်နဲ့ ကိုယ့်အဆင်း
လင်းခြင်း…ဂုဏ်မငယ်..
မင်းကိုမမီငြား..
ကြိုးစား.လိုက်နိုင်တယ်
မင်းလေးကသာ..အားပေးလှဲ့ လေ။

လောင်းရိပ်ကင်းမဲ့ ကြင်နာခရီးဖေါ်.
ချုပ်ကိုင်မဲ့အလျှဉ်း
လွတ်လပ်ဘ၀အဖေါ်
ဘ၀ကိုယ်စီ..ဖေးမတွဲခေါ်
လေးစားဂုဏ်ယူ..အောင်ဆုလှမ်းယူ
အရောင်မတူ ပန်းချီ
ဆေးစပ်ညီညီ..
ဘ၀ဟာ..မင်းနဲ့ မှ..ကိုယ်ပြည့်စုံ။

မသဒ္ဓါ (၈။၅။၂၀၀၇)........

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

ပိန်းကြာရွက်ကလေးပေါ်ကရေတစက်..


မိုးဝဿာန်ကာလ..ကြွေကျတဲ့မိုးရေစ..
နေရာအနှံ့ ကျ..ဘယ်နေရာကြည့်စေ..
အရပ် ရှစ်မျက်နှာမှာ…..ရေ..ရေ..ရေ..
ဒီအခြေအနေ..
ရေရဲ့တန်ဖိုး..မင်းမသိရိုးအမှန်.
လိုချင်သမျှ..ဘယ်အချိန်မဆို..လိုတရ..
ဘ၀ရဲ့..အတက်ကြွဆုံးသောရွှေရောင်အချိန်။

မိုးခေါင်ခြောက်သွေ့ ..ပူပြင်းလှသောနွေ..
နေရှိန်အရောင်..အာခေါင်များခြောက်သွေ့ 
ရေလည်းအရှာခက်..တမနက်ရဲ့ရေအသက်..
အချိန်မီမရ..သေရတော့မဲ့အဖြစ်..
ရူးသွပ်တွေဝေ...လိုက်ရှာဖွေ
ဘ၀အတွက်အာသာပြေ
ဘယ်ဆီမှာ လဲ…ရေ..ရေ..ရေ..

ဟောဒီမှာ..ရေတစက်..
ပိန်းကြာရွက်ကလေးအလည်.အပေါ်မှာ
မင်းအမောပြေစေရာ
ကိုယ့်ရဲ့ စေတနာ.နဲ့ မေတ္တာ..

မိုးရွာစဉ်..ရွှေအချိန်အိမ်မက်များ.
တစ..တစကုန်လွန်သွား..
နောင်တရလည်းအပို..သောကရလည်းအပို..
ငိုကြွေးနေလည်းအပို..ပူဆွေးနေလည်းအပို
မနက်ဖြန်အတွက်စဉ်းစား..အနာဂတ်ကိုတည့်တည့်သွား..
နေမင်းပျောက်ခဲ့ရင်တောင်..လမင်းကြည်စင်မိုးပေါ်မှာရှိ..
တောက်ပသည့်..မနက်ခင်းများ..မင်းပျော်ပါးရအောင်..

ဒီအညတြအချစ်..ရင်သည်းနှစ်..
ပိန်းကြာရွက်လေးပေါ်က.ရေ..
အမောပြေလာ လို့ သောက်ပါလှဲ့ ..
မင်းခရီးတထောက်ရဲ့..အနားမှာ
ကြည်နုးစရာ..ကိုယ့်မေတ္တာရိပ်သာ။

မသဒ္ဓါ (၈။၎။၂၀၀၇).....

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Friday, August 3, 2007

ဆေးရောင်စုံအိမ်မက်များ..ဖန်ဆင်းသူသို့ 


ဆောင်းတွင်းအိမ်မက်..
ကယောက်.ကယက်

နွေနေ့ လည်အိမ်မက်..
ပူသွေ့ ချောက်လျှက်..

အစားလွန်အိမ်မက်.
ပြုတ်ကျခဲ့ရ..တောင်ထိပ်မှ..

အဖြူရောင်အိမ်မက်..
မြူးပျော်ရွင်လျက်..

အနီရောင်အိမ်မက်..
တက်ကြွအားတက်

အစိမ်းရောင်အိမ်မက်..
အေးမြလျှက်

ကြည်ပြာအိမ်မက်..
လွမ်းတသက်.သက်

ခရမ်းပြာအိမ်မက်..
နိုးထ.နွမ်းလျလျှက်..

အကြိမ်ကြိမ်..အခါခါ
ထပ်ထပ်ခါခါ..မက်..
သန်းခေါင်ချိန်..ထထယောင်လျှက်..
အဖြူရောင်အိမ်မက်များ.. သူဆေးရောင်စုံဆိုးခဲ့
တမ်းတ ရက်ဆက်..

နိုးတ၀က်..အိပ်ရေးပျက်..
တယောက်ထည်း..လွမ်းရအနေခက်
အိပ်ရာပေါ်ထက်...သွေးတွေ.ပျက်..

မသဒ္ဓါ (၈။၃။၂၀၀၇).....

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Thursday, August 2, 2007

ဖြည့်ရန်လိုနေသေးတဲ့.ကွက်လပ်

မင်းဘ၀ရဲ့..အမှောင်ထဲ
လမ်းပြနိုင်တဲ့ကြယ်ဖြူတပွင့်
ကိုယ်မဖြစ်ခဲ့ရပေမင့်
လမ်းအလည်မှာ
မှုန်ရီဝေမလင်းတလင်း..ကြယ်ကင်းတဲ့ည
အလင်းမျှင်းမျှင်းတစနဲ့ ပိုးစုန်းကြူး
ကိုယ်ဖြစ်ဖူးချင်တယ်

မင်းဘ၀ရဲ့..ပန်းကော်ဇောထဲ..
အရောင်စုံပန်းကလေးတပွင့်..
ကိုယ်မဖြစ်ခဲ့ရပေမင့်
ပင်ပန်းချိန်မှာ
ထုံရနံ့ မသင်းတသင်း..ကြည်လင်အေးမြ
မင်းနမ်းချင်ရင်နမ်းဖို့  အညတြ ခရေလေးအဖြစ်
ကိုယ်ဖြစ်ဖူးချင်တယ်..။

မင်းဘ၀ရဲ့..ချိုမြနေဆဲ
ပျားရည်..တင်လဲတစက်
ကိုယ်မဖြစ်ခဲ့ရပေမင့်
ကန္တာအလည်မှာ
ဆာလောင်မွတ်သိပ်..အပန်းတော်ချွေးသိပ်စရာ
အေးမြကြည်စင်သော..ရေအေးအေးတခွက်သာ
ကိုယ်ဖြစ်ပါရစေ။

အကောင်းဆုံးမဖြစ်ခဲ့သောမင်း..ဘ၀ထဲက
ကျန်ရစ်သေးသော..အကောင်းဆုံးသောအရာများ
ခံစား..ပြီး..စံစားယူု
ကိုယ်က..ကွက်လပ်ဖြည့်လိုသူ

မသဒ္ဓါ (၈။၃။၂၀၀၇).

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

လိုက်ခဲ့မယ် လား..အချစ်..ကဲ..ပြော..


လေအလာမှာ..လှုပ်ခါတဲ့..
ဆည်းလည်းလေးလိုသံသာချို..နားဝမှာ..
စွဲညိလှိုက်ဖို..သူ စကားသံ
တိုးတိတ်တိတ် ..ပြုစားခဲ့ပြီ။.

မြေပြင်ပေါ်လှုပ်ခါတဲ့..
ငလျှင်ရိုင်းလို
ဘ၀င်ကို..တုန်ယင်စွာ..
မူးဝေနောက်ကျိစေခဲ့ပြန်
သူ့ အနမ်းတွေ..
ညှို့စားခဲ့ပြန်ပြီ

သမုဒ္ဒရာရေ..ဆားငန်ရေ..သောက်လေ..ငတ်မပြေ
မေတ္တာရည်..အေးမြနေ..ကျောက်စက်ဒီရေ
အကြင်နာဆိုတာ..ရရှိလေ..ပိုတက်မက်စေ
ဂရုဏာ..ဖြူစင်..ရိုးသားစွာ..ဖြန့် ကျက်ခဲ့ရင်
ဘယ်အရာမဆို..လှပနေ.လောကဗိမ္ဖာန်

တိမ်တွေပေါ်..၀ဲပျံကာတက်မိတော့မယောင်
လေကိုဆန်..ထက်မိုးယံ..သွားစို့အတူတူ
ကြင်နာသူ..မင်းနဲ့သာ

အပါးမှာ..အမြဲတစေ
အာကာပြင်..မိုးမင်းတောင်..ဒူးနဲ့တိုက်ချင်
ရေဇလာပေါ်..ကူးခတ်ကာ..သမုဒ်ပြင်ကူးမယောင်
ရေကိုဆန်..ကူးကြမယ်..သွားစို့အတူတူ..

ခင်တွယ်သူ..မင်းကသာ..အနားမှာ..ရှိစေ..
ရွှေပင်လယ်..ဘယ်လောက်ကျယ်..ဖြတ်ကျော်ဝံ့တယ်
မင်းနဲ့သာ..လိုက်ရဲရင်..သွားကြရအောင်
မင်းနဲ့သာ..မိုက်ရဲရင်..နွဲစို့ အတူတူ
အချစ်တခု နဲ့ ကြည်ဖြူ
လိုက်ခဲ့တော့ မညူစူ.

မသဒ္ဓါ (၈။၂။၂၀၀၇)..

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Wednesday, August 1, 2007

ကိုယ့် ကိုကိုယ်..မုန်းတီးခြင်း


ဒီ ပျော့ညံ့ညံ့ နှလုံးသား..
သဖန်းပင်ထက်ဖျားဘဲ..
ချိတ်ထားဖို့ကောင်းတော့တယ်

ဖြစ်စရာလား
ထက်မြက်တဲ့ဦးဏှောက်
လျှပ်စီးလက်..မိုးကြိုးသက်
အချစ်ကြောင့်လမ်းစလည်းပျောက်
ချောက်ကပ်ကပ် မှောင်ရီဝေ

ချစ်စရာလား
ကွဲဘူးတဲ့.အသည်း
ရေလို့ ဘဲတွက်မရ
အကြိမ်ကြိမ်အဖန်ဖန်..ဗုံလုံတပြန်..ငါးပျံ..တဆန်
နလံထပြန်ပြန်ချစ်..အမှတ်လည်းမရှိတဲ့အဖြစ်
အရှက်ကြိုးပြတ်..ထပ်တဖန်

ဘာလိုများ..မနာလိုဝန်တို
သူ့အရွယ်တူ..အပျိုတွေနဲ့ စကားပြောတိုင်း
ရင်မှာ..မိစ္ဆိယလှိုင်းထန်
လူကြီးရယ်...ကိုယ်မဆန်နိုင်

ဖြစ်သင့်တာ တခု..ဖြစ်လာတာကတမျိုး
အများရဲ့ တံတွေးခွက်ထည်း
ပြောလဲပြောကြမယ်

ခလေးငယ်မို့ မုံ့ ကြွေး
အချိုပေး ကြိုက်သေးတယ်..လဲဆိုမလား
ဖျားယောင်းသွေးဆောင်
မာယာနဲ့ ထောင်တယ်ဘဲ..ဆိုစေငြား
သိတယ်လေ..ဘုရားစူးရစေ့
ကျမ..ဥဒေါင်းမင်းကို..မမျှားရပါဘူး
ဒေါင်းမင်းရဲ့ကျော့ကွင်း..အမိခံခဲ့တဲ့သူ
အချစ်များရဲ့..သားကောင်
ဒီက..ဒေါင်းမလေးတကောင်

မသဒ္ဓါ (၈။၁။၂၀၀၇)..

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

ကြေကွဲ ..ရင်ခွင်

အကြိုက်ချင်းမတူ.
ဗီဇချင်း..မတူ
ခြားနားလှ..ဘ၀တွေ..ကိုယ်နဲ့မင်းလေ

ကန္တာရဲ့ ခရီးသည်လူ
ပန်းခင်းလမ်း..ဧည့်သည်လူ
အရောင်ကွဲဘ၀တွေ..ကိုယ်နဲ့ မင်းလေ

အရွယ်လည်း..မတူ.
အတွေ့ အကြုံချင်းမတူ.
ဖြတ်သန်းခဲ့...ဘ၀တွေ..ကိုယ်နဲ့ မင်းလေ

အားအင်လည်းမတူ.
စိတ်ဓါတ်ချင်း..မတူ..
ကွဲလွဲခဲ့ ..ဘ၀တွေ..ကိုယ်နဲ့ မင်းလေ

ဒေသလည်းမတူ
လာဖို့လည်း မလွယ်ကူ မျက်နှာလေးတွေ့ ချင်တောင်
အိမ်မက်ထည်းပိန်းပိတ်မှောင်

အချစ်တခုဘဲအားအင်..ရှိနေခဲ့စိတ်အစဉ်
သံသယ..ဝေတ၀ါး
စိုးထိတ်ထိတ်..သူမယုံကြည်ချင်
ခဲမှန်ဖူးသူ..အသည်းထပ်မကွဲချင်

နားလည်မှုလေး..ထားလှဲ့ ပါ
အချစ်စစ်လိုချင်ခဲ့ရင်
ဖြစ်နိုင်တဲ့အရေး...ရာနှုန်းဂဏန်းက..သေးသေးကလေး.ထင်
တဖက်သတ်ထဲရှိခဲ့လည်း

ကြေနပ်သူချစ်.ရသူပင်
ကြေကွဲ..လွမ်းမော..ဒီရင်တွင်.

မသဒ္ဓါ (၈။၁။၂၀၀၇).

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

 
/* EOT ----------------------------------------- */