Tuesday, July 31, 2007

ရာသီတွေခြားနား..နယ်မြေတွေစည်းသားထားသည့်တိုင်

ပြူတင်းပေါက်တံခါးအပြင်က
ကျနေတဲ့နှင်းဖြူ ဖြူ..မြူ
အေးစက်ကလူ..ညှင်းရက်
ကျီစယ်သက်သက်
လွမ်းရက်ဆက်တို့ ကဋေ
ချစ်သူက..တမြေခြားမှာနေ.။

သူနေတဲ့..အီကွေတာနားကကျွန်းကလေး
မိုးမြင့် ပြာပြာလဲ့..လှိုင်းဖြူနဲ့ သောင်ယံနဘေး
ကိုယ်ဆီရည်မှန်း
ပင်လယ်ထဲမျှောချတဲ့..ချစ်မီးအိမ်
သူလည်းလေ..လွမ်းသတိရချိန်

ကျယ်ပြောတဲ့ပစိဖိတ်သမုဒ္ဒရာကမ္ဘာ..အစွန်း နှစ်ဖက်ဆီမှာ
အရှေ့ ဖျားနဲ့..အနောက်ခြမ်း
ခပ်လှမ်းလှမ်း..မမီ့ တမီ
မတူညီပြီ..ဥတုရာသီ
ကိုယ့်ဆီမှာက..နှင်း
သူဆီမှာ...နွေ..လေညှင်း
ကိုယ်အေးနေချိန်..သူကနွေးတရှိန်ရှိန်
မတူညီ..တမြေစီဝေး
စစ်ရေးလိုဘဲ..အချစ်ရေးလည်းခက်တယ်။

အင်တာနက်နဲ့ စာတွေရေး
ဖုန်းကလေးထဲကချစ်နေပေး
ဆုံရရေးခက်ခက်..ကြုံရေးခက်ခက်
ညညဘဲ
အိမ်မက်တွေမက်တယ်
နည်းခဲ့တဲ့ ..
ဒီကံကြမ္မာလေးငယ်ငယ်
ဘယ်တော့များမှ..ဒို့ ဆုံနီး ပါ့မယ်။

မသဒ္ဓါ (၇။၃၁။၂၀၀၇)..

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

သိတဲ့သူရှိရင်..အဖြေပေးကြပါ

ကိုယ်ချစ်နေတာ..သူရိပ်မိတယ်..
သူချစ်တယ်တော့..တခါမှမပြောပါ

ကိုယ်ဆိုးနေတာ..သူသိတယ်
ခွင့်လွတ်ဖို့ ကို သူ ဘယ်တော့မှ မညူစူ

ကိုယ်အရုပ်ဆိုးတာ..သူလည်းသိတယ်
ဘာဖြစ်လို့သူမရှာ..တခြားမိန်းခလေးတွေ

ကိုယ်နဲ့ ဘဲ ဖုန်းအကြာကြီးပြောတယ်
စာရေးတယ်ကိုယ့်  ဆီ ဘဲ မှန်မှန်

ကိုယ့်ကို အမြဲအကာအကွယ်ပေးတယ်
ဂရုစိုက်တဲ့နေရာ..သူများတွေထက်ပို

စိတ်ပူတတ်တယ်..ကိုယ်နေမကောင်းရင်
နှစ်သိမ့်တယ်..ကိုယ်စိတ်ညစ်ရင်

ဘာစားချင်လည်း..သူဝယ်ကျွေးချင်
ဟင်းချက်တတ်တယ်..စကားစပြောတယ်

တခြားလူကိုခင်မင်..သ၀န်တိုတတ်တာ
ကိုယ်စိတ်ကောက်ရင်..ပြာပြာသလဲချော့တယ်

သူဘာလုပ်တယ်..ပြောပြတတ်တယ်
အပြင်သွားရင်.ပြောတယ်..ဘယ်အချိန်ပြန်ရောက်မှာ

ရီစရာစကားဆို..သူပြောပြတယ်
ကိုယ်မှားတဲ့အခါ..အမှန်ပြင်ပေးတယ်

ကိုယ်ဘာလုပ်ချင်ချင်..သူခွင့်ပြုတယ်
နားလည်ညှာတာ..ယုယတတ်သူ

ကိုယ်နားမလည်တဲ့အခါ..စာရှင်းပြတယ်။
ကိုယ်စာဖတ်ချင်..စာအုပ်ရှာပေးတယ်

ကိုယ်အလုပ်တွေ..သူကူလုပ်ပေးတယ်..
ကိုယ်ဂျီကျရင်..ချော့တယ်..စိတ်ရှည်

အားလုံးထက်စာ..ဒို့ အတူတူတွဲ..မကွာ
လေးစားချစ်ခင်..သူများတွေထက်ခင်

အားလုံးရိပ်မိနေ..ကိုယ်နဲ့ သူ..မခွဲနိုင်
ပွင့်ပွင့်လင်းလင်းသာ..ရည်းစားမဖြစ်သေးတာ

ဝါသနာတူ..ဘ၀တူ..သွေးသောက်ဖေါ်တူတူ
နောက်ပြောင်လှောင်စေ..စိတ်မကောက်တတ်သူ

တွေးတွေးတိုင်းခေါင်းမူးတယ်..သူနဲ့ကိုယ်
သူငယ်ချင်းထက်ပို..ဘာများလိုလို

ရည်းစားမဟုတ်..တရားလည်းမ၀င်
ချစ်သူလည်း..မမည်ချင်..တမျိုးကြီးပဲနော်

တနေ့ မတွေ့ ရရင်..နုံးရိရိ..မပျော်ရွှင်
ဖြေကြစမ်းပါ..သိခဲ့ရင်အဖြေကို

ရည်းစားမရှိဘူးသူ..အဖြေ.မသိတာတကယ်
သူငယ်ချင်းသက်သက် ဘဲဆိုမလား
သူငယ်ချင်းထက်.မက.ဘူးလား

သူချစ်နေတာ..ကျမ..လား
သူ့ ရည်းစား..ကကျမ.လား
ဒို့ တတွေ..ချစ်သူတွေလား
လား...လား...ပေါင်းများ

ဒီအဖြေများ..ရဖို့ တကယ်..အရေးကြီး
ကျမ ရင်မီးတွေ ငြိမ်းရအောင်
အဖြေမှန်လေးကိုသိပါရစေ..မောင်။

မသဒ္ဓါ (၇။၃၀။၂၀၀၇)...

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Monday, July 30, 2007

နေရောင်ခြည်တန်းကလေးက..”မောင်”

တိမ်ကြားထဲက နေရောင်ခြည်.
ဖောက်ထွင်းကျသက်..မြေပြင်ဆီ
အေးစက်စက်...ဆောင်းနှင်းရည်ရည်
ပြိုပျက်..နွေးထွေးလေပြီ.။

မနက်ခင်းစောစော..နှင်းဝေသီ
ရင်တွင်းအေးစက်..လွမ်းငွေ့ မှုန်တရီ
ဆွေးတသက်သက်..ဖော်ကွဲတကိုယ်ရည်
စိုလဲ့ လဲ့..မျက်ရည်..ဝေရီ
လွမ်းခဲ့ရသည်..ဝေးတမြေ..ဒါလီ။

ရင်တွင်းဖြစ်တဲ့..လွမ်းပန်းချီ
မှုန်မှိုင်းတိုးတိတ်..မင်းမရှိချိန်ဆီ
တွေးရခက်..ဘယ်တော့နီးမည်။
တွေ့ ရမဲ့ ရက်..လက်ရေတွက်မည်
လိုက်လေ..ဝေးလေ..နီးဖို့ ရယ်.ဘယ်မမှီ။

မမျှော်လင့်..တံခါးခေါက်..အရောက်ပြန်လာပြီ..။
အိမ်မက်လား..၀ိုးတ၀ါးမသဲကွဲ..ရင်ခုန်သည်
ရုတ်တရက်တွေ့ ရ..ချစ်ရသူဆီ
ရင်တွင်းအေးမြ..ပျော်ရွှင်ကြည်

တိမ်ကြားထဲက နေရောင်ခြည်
ဖေါက်ထွင်းလှပ..နေ့သစ်ပန်းချီ
ပိုက်ထွေးယုယ..သူရင်ခွင်ဆီ
မောပန်းမေ့ပျောက်..ပြည့်စုံခဲ့ပြီ
အချစ်အားသစ်စ..မနက်ခင်းတခုဆီ။

မသဒ္ဓါ (၇။၃၁။၂၀၀၇)

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

မင်းအတွက်..သက်သက်..ကိုယ်..


စိတ်ညစ်တဲ့အခါ..ရင်ခွင်ထဲလာ..
ချော့သိပ်မယ်....အပူအပင်ကင်းစေ။

ဒေါသအမျက်တွေတောက်လောင်နေ
ဒီကိုလာ..
ချွေးသိပ်ဖြေ..အနမ်းနဲ့ ညင်သာ

အားငယ်ခဲ့ရင်
လှမ်းလက်.ဆုတ်ကိုင်..
ခိုင်မာလက်တွေ..မယိမ်းမယိုင်စေအောင်။

ပြဿနာ.ရှိရင်
လှမ်းလို့ ခေါ်..ကူညီပါရစေ..
အဆင်သင့်..ဒီမှာ..။

အားပေးလျှက်ပါ
ဘာမဆိုရင်ဆိုင်..
ယောက်ျားမြတ်ဆို..ကြယ်တံခွန်ဆွတ်နိုင်။

မင်းတိုးတက်စေ..ဂုဏ်ယူနေ
ထောက်ပန့် ဖေးကူ
ကိုယ်လှေခါးတခုအဖြစ်..သဘောဖြူ။

နင်းတက်..အမြင့်သို့..မင်းလိုရာစေ
မြေပြင်..အနိုမ့်လူ..အချစ်စစ်သက်သေ။

မသဒ္ဓါ (၇။၃၀။၂၀၀၇)..

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

ဒို့ များအတွက်..ဒီနေ့နဲ့ မနက်ဖြန်။ပစ္စုပ္ပန်နဲ့ အနာဂတ်


သူ့ ရင်ခွင်ခေါင်းကလေး..၀ှက်..
အသည်းများထိတ်ထိတ်..အနေခက်..
ချွေးသိပ်ပွေ့ ဖက်..သူ့ လက်..
နှုတ်ခမ်းသို့ အနမ်းကလေး..သက်..
ရင်ခုန်သံ..ဒိတ်ဒိတ်..ရှက်ရှက်..
ပူသောကအားလုံး..ပြိုပျက်..
ကြည်လင်အနာဂတ်စမဲ့ နေ့ ရက်..
ဒို့ နှစ်ဦးသားလုံးအတွက်..အိမ်မက်..။

ပျော်စရာမျှော်လင့်ချက်..အသစ်..
တွယ်တာနှောင်ကြိုးက နစ်..
ကြာကြာလေ..တိုးရစ်..
နားလည်ကြင်နာမဲ့..အချစ်..
ပါရမီကူညီဖြည့်ဖက်..အဖြစ်
ခိုင်မာ..ကြိုးနှစ်လွန်း..ကျစ်
နှစ်ဦးသားညီမျှ..ဒီအချစ်..
ထာဝစဉ်ဖူးစ…သစ်။

မသဒ္ဓါ (၇။၃၀။၂၀၀၇)..
ချစ်ရပါသော..သူနှင့် အမှတ်တရနေ့ စွဲကလေးတခုသို့ 

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Sunday, July 29, 2007

မင်းကအတွင်းမှာ.ရောက်နှင့်နေ...


အသဲကွဲဘူးခဲ့..ခါးသက်သက်အရသာ
ကြောက်ရွံ့ မိနေဆဲ..ယုန်သူငယ်
တထိတ်ထိတ်..ရင်ထဲ
ငါ..ဘယ်တော့များကျားရဲ့အစာ.။

ဘ၀လမ်းထဲ
တွေ့ ခဲ့တဲ့..ဧည်သည်လူ
ဝင်သူလာဖို့ ..တံခါးခေါက်တိုင်း
ကျွံ့ူလာဖို့ ဟန်ပြင်လေ တိုင်း
အသည်းတံခါးကို.ဖျတ်ကနဲပိတ်
တိတ်တဆိတ်..အတွင်းထည်းနေ
တယောက်ထည်း..တွေဝေ
ခဲမှန်ဘူးတဲ့..စာသူငယ်ရဲ့ အဖြေ.။

မင်းတယောက်ကိုမြင်...ရင်တွေတဒိတ်ဒိတ်
မင်းအသံကိုကြား..အသက်ရှူတွေမှားပြီ

မင်းစာတွေဖတ်..
ဒို့ အချစ်ကိုသေအောင် မသတ်နိုင်
နောက်ဆုံးသိခိုက်
နယ်ကျွံ့ ထပ်မိုက်ချင်တဲ့..နှလုံးသား
ကြောက်ရွုံခြောက်ချားစွာ..တံခါးလှမ်းအပိတ်
မျှော်လင့်တာ
ူကျန်နေမယ်..အပြင်ဘက်ဆီ

လေပြေလေးတွေထည်း
သူ့ လေသံကလေးတိုးတိုး
ညည အိပ်မရ
အတွေးထည်း..စိုးမိုး
တမ်းတ.အိမ်မက်တွေထည်း..တိုးသျှိုး
သူ့ အနမ်းကလေးများနဲ့ 
ညညထထ..တရေးနိုး

သိလိုက်တယ်
မင်းက..ရောက်နှင့်ခဲ့ပြီ..အတွင်းထဲမှာနေ
နက်ရှိုင်းတဲ့
ကိုယ့်နှလုံးသားရဲ့အောက်ခြေ။
ချစ်မိခဲ့ပြီ...သူရေ.

(မသဒ္ဓါ ) ရ။၂၉။၂၀၀ရ..

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

သန်းခေါင်ထက်..နက်တဲ့ည..ဒို့ ဘ၀ရဲ့ အစ

လဲမှို့ ပွင့်လေးလို..
လေပြေမှာလွင့်မျော
စိတ်ကူးယဉ်တတ်သော
အချစ်ကလေးတခု
ရင်ထဲမှာစုနေ။

ဗေဒါပင်လေးလို
ရေစုန်မှာဟိုဒီမျော
တွယ်ရာမဲ့နေသော
အချစ်ကလေးတခု..ရင်ထဲမှာစုနေ။

ပုရစ်ဖူးကလေးလို
အားမာန်ဝင့်မော
စိမ်းရွက်ဝေသော
အချစ်ကလေးတခု..ရင်ထဲမှာစုနေ။

နှင်းရည်စို့ နှင်းဆီငုံ
မိုးသောက်မဲ့အာရုံ
ထုံဝေမှုန်သော
အချစ်ကလေးတခု..ရင်ထဲမှာစုနေ။

စမ်းချောင်းလေးတစင်း
လမင်းလေး.တစ်ရာ
ဆောင်းမြူ အိမ်မက်ပြာပြာ
ကြယ်တာရာတွေ. စုံတဲ့ည
မိုးပြာပြာ..ဖန်အုပ်ဆောင်းအောက်နားမှ
ရင်ခုန်သံ..မကြားတကြား
ချစ်သူရဲ့...အနားမှာ

အနာဂတ်တွေ..ရွှေရည်ဝင့်ဝင့်
ချစ်သူရဲ့..အကြည့်ရိုင်းတပွင့်
မပွင့်တပွင့်..ချစ်သံစဉ်
မကြားတကြား..သက်ပင့်ရှိုက်လျှင်
မိုးပေါ်မှာ..ခုနှစ်စဉ်ကြယ်တွေ..ငိုက်
ကိုယ်ခိုးရာ..လိုက်တဲ့ည။

မသဒ္ဓါ (၇။၂၃ ။၂၀၀၇

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

မင်းသက်တမ်းရဲ့နောက်ဆုံးခုနှစ်နှစ်.လာနေလှည့်လေ.ဒို့ နဲ့ အချစ်။

အခုနေအချိန်..
မင်းဆီမှာ..စွမ်းအားများစွာရှိ
ဂုဏ်နဲ့ မာန..တဏှာနဲ့ ရာဂ
ငွေကြေးနဲ့ ပကာသန
ရာထူးနဲ့ ဝိသေသအရွယ်ရဲ့ အလှအပ
ဘ၀ဟာ..အောင်လံ..တလွင့်လွင့်
နေညိုချိန် မကျရောက်သေးခင်
လုပ်နေသမျှ..အားလုံးတင့်တယ်
ရွှေ မှင်ရေးစစနဲ့ ..မင်းရဲ့ဘဝ
ကိုယ်လိုအညတြအတွက်အချိန်မကျသေး
မိန်းမလှလေးတွေနဲ့ ..ပျော်ပါးနှင့်ဦးနော်.။

အနောက်တိုင်းရဲ့စကားပုံအရ
ခုနှစ်နှစ်စာဘဲ..အချစ်သည်းလှတဲ့ဘဝ
ရတာမလို..လိုတော့မရရ
ပြီးလည်း ညီးငွေ့ တတ်တာ
လူ့ သဘာဝပူနွေးစွာ..ချစ်တတ်လေ့ရှိကြ
ခုနှစ်နှစ်ဆိုတဲ့ ကာလ.ဒီလိုတကယ်မှန်ရင်လေ
မင်းရဲ့အချစ်..အခုမယူဖြစ်
မင်းအသက်ကြီးလာမှ ချစ်ချင်တယ်။
ဒီလောက်ထိ မင်းကို..ကိုယ်ချစ်တယ်။

အားအင်နဲ့ မင်းလက်တွေအစား
အားပျော့အကူအညီလိုမဲ့..မင်းလက်ကလေး
ကြင်နာစွာ..ကိုယ်ပိုက်ထွေးချင်။

သန်မာမြန်ဆန်မဲ့ မင်းခြေထောက်အစား
ယိမ်းယိုင်ပျော့ခွေ...ထိုင်နေ
မင်းတွန်းလှည်းလေးဘဲ.ကိုယ်တွန်းပေးချင်.။

ဆေးရုံကုတင်ပေါ်..ပြုစုသူဝေး
လဲလျှောင်းနေတဲ့
ခန္ဓာကိုယ်လေး
အညစ်အကြေးပြုစု..ကိုယ်ယုယချင်။

မာနလွှမ်းမဲ့ မင်းလေသံအစား
တုန်ရီအားနွဲ့ တဲ့အသံကလေး
နဖူးပေါ်..အနမ်းလေးပေး
အားပေးနားဆင်ပေးချင်

အိပ်မရညပေါင်းများစွာ.ကြုံကာတွေ့ 
ပျော်မွေ့ စွာမင်းအိပ်နိုင်ရေး
အိပ်ရာဝင်ပုံပြင်လေးများ
ကိုယ်ပြောပြချင်။

နေရီရီ..ငွေတိမ်တောက်
ကမ်းသောင်ပြင်ပေါ်..တခေါက်
မင်းလက်ကိုတွဲ..လမ်းလျှောက်ပေးချင်။

စိတ်မကြည်သာ..မင်းအော်ငေါက်
အပြုံးမပျက်မင်းအနားအရောက်
ဆေးပေးမီးယူချင်

အခုအချိန် မင်းနေရာက..တနယ်အဝေး
မိန်းခလေးတွေ..တွေ့ ကရာမဆိုင်း
အရူးမီးဝိုင်းချိန်..ဟောဒီမှာကျမ
မိုးကုတ်စက်ဝိုင်းရဲ့အစ
စိတ်ရှည်လှစွာ..စောင့်လို့ နေ
အချစ်လိုချင်..လှမ်းခေါ်လေ..။

ပန်းကြွေလို..ကြွေလာမဲ့တနေ့ 
မြေပေါ်ကလေ..ကျမလာကောက် ပါရစေ
ဂရုဏာရင်ခွင်အရိပ်အောက်.မှေးတခေါက်
လာနားခို.လေ

မင်းဒီဘ၀ထဲက ခွါတဲ့တနေ့ 
ခေါင်းတလားထဲက..အိပ်စက်မင်းကို
အသာနမ်း..နှင်းဆီကမ်း
အမျှပေး..နုတ်ဆက်
မင်းကောင်းရာဘုံသို့ ရောက်စေ။

မင်းရဲ့ပြာမှုန်များ ပင်လယ်မှာဖြန့် ကြဲ
ငြိမ်းချမ်းရေးရရအောင်
စစ်မှန်မဲ့အချစ်..မင်းမသေခင်ခံစားဖြစ်အောင်..
အချစ်ဦးနဲ့ လွဲခဲ့ရတဲ့..ဘဝ
အချစ်နှောင်းတော့ပြန်ရချင်။

ကြင်နာစွာစောင့်စား..ကျမဒီမှာပါ..မောင်..
အခုအချိန်..ကျမအချစ်အကြောင်းပြောပြ
မောင်..ဟားတိုက်စရာဟာသ..ရယ်မောနေပါ့မယ်.။

အချိန်တန်..မောင့်ဘ၀ရဲ့နောက်ဆုံးခုနှစ်နှစ်
ကျမ..လာခေါ်ရစ်ပါမယ်.။
မောင်ဘ၀အတွက်
အချစ်စစ်နဲ့ ပျော်ကာရွှင်
ကျမအချစ် ဂန္ဓ၀င်
မောင့်ဘ၀ အေးချမ်းစေဖို့ ကျမ..အာမခံတယ်ရှင်။

မသဒ္ဓါ (၇။၂၂။၂၀၀၇)

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

ပြည့်စုံတိုင်း..ပျော်ရွှင်တာမဟုတ်.

ငယ်စဉ်ခလေးဘ၀..တွေ့ ခဲ့ရ
မြို့ပတ်ရထားပေါ်က မျက်မမြင်လင်မယား
အခုသွား သတိရတယ်။

မျက်ကန်းသူကလင်..
လက်ဆွဲခေါ်ဖက်ကြင်ယာခင်
မယ်ဒိုလင်ကလေးတလုံး..
စည်းဝါးချက်လိုက်မဲ့ ခင်ဖုန်း
ရထားတွဲတွေထည်း.ဟိုဒီလျှောက်
သဒ္ဓါ ကြေးလေးတွေ..ကောက်
နေပူ မိုးရွာလည်း..မကြောက်

ရောက်ရာတလျှောက်..
သီချင်းချိုတူတူဆို
ဝမ်းကျောင်းကြတဲ့...
တူနှစ်ကိုယ်

ချစ်ခင်စွာဝေမျှစား..
ရသမျှငွေသား
ရောင့်ရဲထားတဲ့ဘဝ
ဆင်းရဲကြလည်း..ပိုချစ်ခင်
ဆေးစပ်လှတဲ့ ..ပန်းချီတချပ်..အသွင်။

အတ္တရဲ့ ကိုယ်..မာနနဲ့ ကိုယ်
ပညာလုံလုံ..ကြင်ယာစုံခဲ့
သင်္ချာအတွက်ကောင်းတဲ့..အိမ်တောင်ရေး
အဆင်းပါမလား..အချင်းပါမလား
ငွေကြေး..ပါမလား..ဂုဏ်ကလေး..ပါမလား

အမြီးလေး..ပါမလား...ဂျိုကလေး..ထွားမလား
အိမ်ကား..ပါမလား..မတရားတာ..လုပ်ရဲလား
လူရုပ်ပြ..ကောင်းမလား..အဖေါ်အဖားနဲ့ တောင်းတတ်မလား
လား..လား..လား..ပေါင်းများစွာ

ဈေးတွက်နဲ့ လက်ချိုးတွက်..
ပုံသေနည်းနဲ့ ထည့်ကာတွက်
ကယ်ကူလေတာနဲ့ တွက်..ကွန်ပြုတာနဲ့ ချက
ပြည့်စုံလှပမဲ့.အိမ်ထောင်ရေး
လပ်နေတဲ့.အချစ်ကလေး..ကအရေးမဟုတ်။

အချိန်တွေကြာ..အချစ်မဲ့အိမ်ထောင်ရေး
ဟန်ဆောင်အပြုံးများနဲ့နွမ်းလျလျ
ရွှေငွေဆိုတာ.ဘယ်နေရာအသုံးကျ
ပျော်စေဖို့ ကျ.မစွမ်းသာ..
ရွှေလှောင်ချိုင့်မှာ..မျက်ရည်နဲ့ နစ်
လူဖြစ်ရကျိုးလည်း..မနပ်
ကိုယ့်ဘ၀ကို..ကိုယ်သတ်မိခဲ့ပြီ.။

အခုနေမှာ.ရှိသမျှ စည်းစိမ်ကိုပေး
ပျော်ရွှင်စွာ..စစ်မှန်မဲ့ အချစ်
ရင်ခုန်စွာ..ကိုယ်ကျိုးမပါမဲ့အချစ်
တူညီစွာ..ညီမျှမဲ့အချစ်
နားလည်စွာကြင်နာမဲ့အချစ်
ဝယ်ရရင်တောင်..ခု ၀ယ်လိုက်ချင်သေး

အမှားရေးထားတဲ့ ရာဇ၀င်
အမှန်ကိုပြင်ဆင်ချင်
ဘယ်လို..လှပဖြုစင်အောင်
လျှော်ဖွပ်ရမလဲ..တွေး..တွေး
ချောက်အိပ်မက်ညတွေ..အိပ်ရေးပျက်ပေါင်းများလှပြီ။

မသဒ္ဓါ (၇။၂၂။၂၀၀၇)

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

ရွေ့ လျား...မိုးတိမ်..

လေအတိုက် ဝေ့၀ိုက်လွန့် လုး
တိမ်တိုက် ညို...မိုးပန်းချီဦးရွာမယောင်..
မိုးသားအဝေးသို့ လွင့်ပါးသွားစေ။

မိုးကို...ကြိုလင့်..
မြက်ခင်းသစ်သား
အော်မြည်ဟစ်ကြွေး..
ဖားငယ်ကလေးများရွာကျမဲ့..မိုးစက်တွေကြား
ပြယ်သွားတဲ့ မိုးသားတောင်ထု..
မျော်လင့်ချက်မှာ..တစစီ...
ပျောက်ပျက်စပြု..ရက်စက်သည့်...မိုးတိမ်ဥဥ..။

မိုးဖြူမစဲ..မိုး မည်းမရွာ.မီးခိုးမဆုံး..
မိုးလည်းမဆုံးလျှပ်ပန်းရိပ်ဖုံး..
တောင်ကချုန်း.လည်းလေပွေရူးနှောက်..
တိမ်တို့ ပျောက်ပြီ.အချစ်မိုးပြေး...
ရွာရေးခက်ခက်..နှောင့်နှေးရက်သည်..
သူဘယ်ဆီ..

ကြေကွဲ..ဝေရီ..မျက်ရည်သီ..
အချစ်မိုးရည်..ဘယ်တော့ရွာမည်.
စောင့်စားမျှော်လင့်..နှစ်ကြာရစ်..
ပူပြင်းရင်တွေ..မီးကန္တာနွေ..။.

မသဒ္ဓါ (၇။၂၂။၂၀၀၇).....

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

နိဗ္ဗာန်ဘုံမှ ..ကြိုဆိုခြင်း

အချစ်ရေ..လက်ကမ်းလို့ ကြိုပါရစေ
ကိုယ်နဲ့ လာနေမလား..
မင်းနဲ့ သာဆို သိပ်သိပ်ပျော်..သီချင်းလေးတွေတကြော်ကြော်
နိဗ္ဗာန်လို့ ခေါ်လို ရ..မင်းကိုပျော်အောင်ထားပါ့မယ်.

ရီစရာပုံပြင်တွေပြော..မင်းပျော်စေဖို့ 
အေးနေရင်..ရင်မှာထွေး..မင်းလေးနွေးဖို့ 
ပင်ပန်းရင်..အသာနမ်း. အပန်းတော်ဖြေစေဖို့
မင်းအိပ်မပျော်ရင်..ဆံစတွေပွတ်သတ်..
ခလေးလေးလိုမင်း အိပ်ပျော်တတ်အောင်.

လရောင်ဆမ်း ညတွေထဲ..
ကမ်းစပ်ပေါ် နှစ်ယောက်..ဒို့ လမ်းလျှောက်ရအောင်
သဲစိုစို..ထိတွေ့  ပလာခြေဖ၀ါးရဲ့အရသာ..မင်းခံစားဘူးပါသလား
အေးပင်လယ်လေညှင်းနဲ့..ထီးဆောင်းနေတဲ့လအလှ..
ပုရစ်ကလေးတွေအော်တဲ့ ည တိတ်တဆိတ် ခံစားကြည့်ရအောင်..

လှိုင်းပုတ်သံ စည်းချက်ကြား..ရင်ခုန်သံများနဲ့သီချင်းဆို..
မလင်းတလင်း မီးပုံလေးနံဘေး မင်းမျက်နှာရေးရေးကို ငေးကြည့်..
ဘ၀သည်ပြည့်စုံ.ကုံလုံ…ကဲ..မင်း.ယုံလိုက်

စိမ်းလန်းတဲ့တောတန်းတွေထဲ..တောင်တက်သွားကြမယ်..
ချွေးကလေးရေးရေး..မင်းနဖူးလေးက ရင်ခုန်စရာ..
ညင်သာရေစီးချောင်း.. လှေသွားစီးရအောင်..
ငါးလေးတွေကိုအစာကျွေး..မင်းပျော်တာလေးကိုယ်ကြည့်ချင်
မင်းမသိသေးတဲ့ ဘ၀များစွာ.ကို ဖြတ်သန်း
ဒဏ္ဍာရီ ဆန်တဲ့ကိုယ့်ပုံပြင်..ရွှေနားတော်ဆင်စေ..

နှင်းငွေ့ မနက်ခင်းမှာအတူပြေး..ကျန်းမာရေးအတွက်မင်းနဲ့ တူတူ
မသိသေးတဲ့.ဘ၀ရဲ့ ပဟေဠိများ..နားလည်မှုအသိ
အဖြေ တူတူညှ်ိရဲလား..ပန်းတိုင်သွားမဲ့လမ်းမှာ
သေချာတယ်ကိုယ်ဘ၀..ပျော်ဖို့ အစ..မင်းရှိမှဖြစ်မှာ.
ပြည့်ညလ တွေဖန်တီး..မင်းနဲ့ သာအတူနီးရင်.
သက်တောင့်သက်တာ အ၀တ်အစား..ပကာသနများမရှိ..
စားပွဲခုံပေါ်က အချိန်တန် အစာ
ခြံနောက်ဖေးထွက်လတ်ဆတ်သီးရွက်
အသက်တော့ဆက်နိုင်မှာပါ.
ရွှေငွေမရှိ..ပကတိစင်ကြယ်.အေးမြစေမဲ့ ဘ၀တခု
မင်းပျော်မွေ့ မှု ..တသက်ပိုင်စေ..ပါရမီဖြည့်ပါရစေ

အိမ်မက်ထဲကရွှေမင်းသား..ချော်တောငေါ့ ဘယ်ရောက်သွားနေမှန်းမသိပေမဲ့
မင်းအိမ်မက်ရဲ့ နတ်သမီးတပါး..ကိုယ်များဖြစ်နိုင်မလား.
ဆားနံ့ ပါတဲ့ပင်လယ်လေပြေညှင်း
လတ်ဆတ်ရှင်းသန့်တဲ့ နေရောင်ခြည်နု..မိုးပြေးတိမ်စုစုအောက်က
သက်တန့် ရဲ့မြို့ တော်..လာနေဖို့ ကိုယ်ခေါ်
အခုမလာနိုင်သေး..မင်းဘ၀ရဲ့ နောက်ဆုံးနေ့ လေးတွေများ
စိတ်လက်ကြည်သာပေါ့ပါး..သက်တောင့်သက်တာထား
ဒီမှာ..ကျမနဲ့ လာနေပါလား …မောင်။..

မသဒ္ဓါ (၇။၈။၂၀၀၇)

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

ဒီကမ်းစပ်သောင်ပြင်ပေါ်ငေး..ကိုယ်လေ..ရေသူမလေးချစ်သူ..

မင်းတဲ့ဆုံတဲ့ည..အကြည့်လေးတစ်စ.
ရင်ထဲမှာလှိုက် ထပ်မမိုက်ချင်ပေမဲ့..
စူးကျန်ရစ်တာ…တစုံတခု.. ရင်ထဲမှာ..

မကြီးမငယ်…..အရွယ်လတ်.
မလတ်ဆတ်တော့တဲ့ နှလုံးသားနဲ့ဘဝ
မုန်တိုင်းတော့…ထပ်စပြီ..

အချစ်ဆိုတာ.ဒါလား.
မေ့ထားတဲ့ ပန်းသီးရဲ့ ချိုရသ..
ဒါးသွားပေါ်က ပျားရည်စက်များ
တမ်းတပြန်လည်ခံစား..
လောင်ညီးရင်မှာ..မီး ဗျာပါဒါ

မင်းနဲ့ ကိုယ်..အရွယ်ခြား
ကွဲပြားတဲ့..ဘ၀ရဲ့ အရောင်..
ချေစားကာ ညှိလို့မရတဲ့ အပိုင်းဂဏန်းနဲ့ပုစ္ဆာ.
မျဉ်းပြိုင် နှစ်စဉ်းရဲ့ပြေးရာလမ်း..တူညီမှုက..သေးမျှင်တဲ့ အချစ်တစ.
ဘ၀စဖို့ အရေး..သတ္တိလေးမဖျစ်ညစ်ကျယ်..
တွေးရင် ရင်မောတယ်.

ကိုယ်နေရာအနောက်..သူနေတာအရှေ့ 
အလယ်မှာသမုဒ်ပြင်ခြား ..မိုင်တွေခြားကမ်းမမြင်.
လွဲခဲ့ပြီ..ချစ်သူ့ ရင်ခွင်..
ချစ်သူဆီပြေးတွေ့ ဖို့ ..ပျံဖို့ တောင်ပန် ကိုယ်မရှိ..
ချစ်သူ သိဖို့  စာစီရေး…ကာရံလေးတောင်ကိုယ်မနိုင်..
ချစ်သူကမသိသေး.နုံနဲ့ နဲ့ အချစ်ကခုဘဲ ရင် ထဲပိုင်

ရိုးစင်းစွာသာ..လွမ်းတသသ..ရင်မှာ..နွမ်းဟိုက်လျလျ
ချစ်သူ ရင်တိုးဝှေ့ ဖို့ အရေး လေပြည်လေးဘဲ..ဖြစ်လိုက်ချင်..
ချစ်သူ ဆံပင်လေးကို နမ်းရှိုက်..နေခြည်လေးဘဲ..ဖြစ်လိုက်ချင်..
ချစ်သူ မျက်နှာကိုခဏ.ခဏ ခိုးကြည့်..မှောင်ရီ ကြယ်တပွင့်ဘဲ..ဖြစ်လိုက်ချင်.
ချစ်သူ ဆီအရောက် အပြေးနှင်..လှိုင်းကြက်ခွပ်ကလေးပင်..ဖြစ်လိုက်ချင်..
ချစ်သူ နမ်းရှိုက်ဖို့ ..ထုံ စို့ စို့ ရနံ့ ပန်းကလေးဘဲ..ဖြစ်လိုက်ချင်..
ချစ်သူ အာသာပြေရေး..ရေအေးအေးတခွက်ဘဲ..ဖြစ်လိုက်ချင်
ချစ်သူ အတွက်အလင်းတန်းပေး ..ဆမ်းလရောင်နုလေးဘဲ..ဖြစ်လိုက်ချင်..

ဖြစ်ချင်တာတပုံတမ..စိတ်ကူးယဉ်ရူးနေရပေမဲ့
လက်တွေ့ ဘ၀ထဲ..စွမ်းအားနည်းတဲ့သူ..
သဲပြင်ပေါ်မှာ..စာစီရေး..ချစ်သူရှိရာ..ရည်ရွယ်ငေး
ကုန်းသောင်ကမ်း နဲ့..ရွှေပင်လယ်..အဝေး..
ကိုယ်လေ..မင်းကို..ရေသူမလေးလိုမျှော်……

မသဒ္ဓါ (၇။၈။၂၀၀၇)

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

တောင်ပန်ကျိုးတဲ့ဇရက်..ခံတွင်းမပျက်တဲ့ကြောင်

အပျံသင်စဌက်..အမိုက်မ…
ဝေဟင်ပေါ်ကပြုတ်ကြွေခ
တောင်ပန်များ..ကျိုးကြေပျက်....
မြေပြင်သက်တဲ့…ဇရက် ငယ်ငယ်..

ဥပုဥ့်စောင့်နေတဲ့..ကြောင်သူငယ်လေး
ခံတွင်းမပျက်ရေး..ကြိုးစားသီလ
ပါရမီ.ပြည့်ဝစွာ..နွေးထွေးစွာစောင့်ရှောက်
ဌက်ကလေး..အနာပျောက်ထိတိုင်

မေတ္တာကအရင်းခံ..စေတနာမှန်တဲ့ခဏ
အမျိုးဘဲခြားခြား..အရွယ်ဘဲညီမညီ
အလွှာဘဲကွာကွာ..သဘာဝချင်းတူမတူ..
နှလုံးသားအယူ..ဖြူစင်တဲ့ခဏ..
သူတော်ကောင်းလွလွ..ပေါင်းဖက်.
မိတ်ဆွေဖက်..ဖြစ်ခဲ့တာမဆန်းကြယ်

အချိန်တန်ဒဏ်ရာတွေပျောက်..
ဆက်ရက်လေး..ဝေဟင်ပေါ် ပြန်ရောက်အောင်..
အားပေးကူညီခဲ့…
ဖြုစင်နှလုံးသားနဲ့ ..ချစ်သော..ကြောင်လေးရယ်..
ဇရက်မလေး..ကျေးဇူးတင်ပါတယ်။

မသဒ္ဓါ (၆။၂၁။၂၀၀၇)

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

မိုးသည်းများနဲ့ အပြိုင်

ငယ်ငယ်က..မိုးသည်းချိန်
အတူတူဆော့..လျှောက်ပြေး
မြောင်းလေးအစပ်ကနေ..
စက္ကူလှေလေးတွေလွှတ်..
ဒို့ တတွေရဲ့..ငချွတ်..အရွယ်.

နည်းနည်းလေးအသက်ရ..
ရင်ခုန်တတ်တဲ့အချိန်ကျ..
မလုံတလုံထီးလေးတချောင်းထဲ..မရဲတရဲ..
အနီးကပ်နိုင်ဆုံးပူးကပ်..
မိုးမည်းတို့ မသည်းတသည်းအချိန်.

ခုများမှာ..ဒို့ တတွေအဝေး..
ကမ္ဘာတဖက်စွန်းရဲ့ တဖက်တနေရာ..
နှိပ်စက်မိုးသားများ
ပြုတ်ကြွေကျမယ်..မြင်လိုက်တိုင်း
ခုန်နွမ်းလျှ..ဒီရင်ခွင်
အမှတ်ထင်ထင်..သိပ်လွမ်းရတယ်..ကောင်လေးရယ်.

မသဒ္ဓါ (၆။၁၇။၂၀၀၇)

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

ပစ္စုပ္ပန်ထဲ ကမိန်းမသား..မင်းများကြောက်သွားမလား

စိန်ခေါ်ရင်..တိမ်တွေပေါ်အထိလိုက်ရဲသလား..
မပျော့ညံ့တဲ့..မိန်းမသား..
အနှောင်လွတ်တဲ့.. မိန်းမသား.
ခရီးလမ်းအတူတူသွားဖို့ ..
ယောက်ျားကောင်း..တယောက်အလိုရှိနေ..

ပျော့ညံ့ညံ့..နွမ်းဖတ်ဖတ်ယောက်ျားမျိုး
စိတ်ကူးထဲမှာ..တောင်အလိုမရှိ..
ရုပ်သား..ကအရေးမကြီး
တည်ကြည်တဲ့သစ္စာ..
ရိုးသား..မာနနဲ့ ..စိတ်ခွန်အား
ပြည့်ဝ..အရည်အချင်းရှိသူတယောက်ယောက်.အလိုရှိ..
အချက်ပြည့်စုံသူရှိရင်..လက်ညှိုးထောင်ပါ။

တွေဝေ..ပျင်းရိ..အခွံဘဲရှိ
အပေါ်ယံသာကြည့်သည့်ယောက်ျား
ယောင်လို့ များလာစရာမလို..
အရည်အတွက်ထက်စာရင်..အမြဲသာလွန်စေမဲ့အရည်အချင်း
သတ္တိကြီးမဲ့..ယောက်ျား...ရဲရင့်မြင့်မားနှလုံးသား..
စဉ်းစားကြည့်ပါ..သင်များဖြစ်နေမလား?

ခေတ်တွေကပြောင်း..
အမျိုးသမီးများရဲ့..ရာဇ၀င်ကြောင်းမှာ..
ငိုရဖို့ ..အားငယ်ဖို့ ဆိုတာတွေ..ဘေးဖယ်..
ရဲရင့်..အမြင်ကြွယ်လာတဲ့..တခဏ.
ပုရိသ၀ါဒ…စိုးမိုးခြင်းတရား..
မှန်ကော..မှန်ကန်နိုင်ပါတော့မလား.။

အရိပ်ခိုမှု..စိတ်ထားကင်း..
မချုပ်ကိုင်..ကြိုးမဆွဲမည့်အဖေါ်
ဆုံးဖြတ်ရဲသည့်အဖေါ်..
ကိုယ်ပိုင်အရောင်နဲ့ အဖေါ်..
တာဝန်ယူရဲ့မဲ့..အဖေါ်..ဒီမှာလေ..ကျမ
ကဲ! ..ဘယ်သူလာခေါ်..ရဲမလဲ.?

လွတ်လပ်မှုတော့..မက်မော..
ကြင်နာတတ်သော..မြတ်နိုးတတ်သော..
နားလည်တတ်သော..စာနာတတ်သော.
ကြည်ဖြူတတ်သော…မဖေါက်ပြန်တတ်သော
မျှတတ်သော..အိမ်မက်ထဲကရွှေ မင်းသားလေး
ပန်းကုံးပေးဖို့ ရာ…မင်းဘယ်သူလဲ..ဒီကို..လာ

မုန့် ပြားသလက်..တရှက်စီဝေ
ပန်းသီးဆိုလည်း..တ၀က်ခွဲ
၅၀ ရာနှုံးထက်..ဘယ်တော့မှ..မရော့
သူမသာ..ကိုယ်မသာ..ယနေ့ ခေတ်အိမ်ထောင်ရေး..
ပုရိသရဲ့..စိုးမိုးချယ်လှယ်ရေး..
မင်းသိပ်တွေးမနေနဲ့ တော့ကွယ်..

မသဒ္ဓါ (၆။၁၄။၂၀၀၇)

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

အလှော်ကောင်းရင်တချက်..အဖေါ်ကောင်းရင်တသက်..

အိမ်ထောင်ရေးဘ၀ဆိုတာ…
လှည်းကို ဆွဲကြတဲ့..နွားနှစ်ကောင်အလား..
အတူတူပြိုင်ပြေး..ခြေရေးညီဖို့ တော့လိုမယ်..
တဖက်ဖက်ကကပ်ဆွဲ..
လိုရာလည်းမရောက်..လှည်းတိမ်းမှောက်တတ်တယ်.

ပြေးလမ်း မှာဖြောင့်ဖြောင့်ပြေး..
စည်းချက်သံ..ခြူလုံးသံလေး များတချွင်ချွင်
မခိုကပ်ချင်..တဲ့စိတ်ဓါတ်..
မရပ်တမ်း ကြိုးစား..ပန်းတိုင်များ..ဆီသို့ 

အိမ်ထောင်ရေးဘ၀ဆိုတာ…
ရေလမ်းပေါ်က..လှေငယ်ရဲ့လှေထိုးသားများ
မငြူစူလှော်ခတ်..တက်ရေးညီတတ်ဖို့ဘဲလိုတယ်..

တဖက်ဖက်ကလှေထိုးသား အလှော်မှား.မိခဲ့ရင်
အရှေ့ ကိုလှေမရောက်..လှေမှောက်တတ်တယ်..

ရေလမ်းပေါ်.. ဖြောင့်အောင်လှော်ထား..
ရေခင်းတက်ရေးသံများနဲ့အညီ..တက်မြဲမြံမြံကိုင်.
ဇွဲခိုင်ခိုင်..သာလှော်ခတ်ထား…ပန်းတိုင်များဆီသို့ 

ညီညွတ်ခြင်းသည်သာ..အဓိကအင်အား
အသင်းအဖွဲ့ ရဲ့လုပ်ရပ်..ရေသာမခိုချင်တဲ့စိတ်ဓါတ်
ဟိုလူနားရင်..ဒီလူခတ်… ဟိုလူမောရင်..ဒီလူကူ
ဘ၀အဖေါ် အသွင်တူတူ....သဘောဖြူကြစတမ်း
ညီညာညာ..မခွဲမခွာ လှမ်းကြစို့ ရဲ့..
ဖြောင့်တန်းနေမဲ့..လှေလမ်းဖွေးဖွေး
ပန်းတိုင်က…လက်တကမ်းလေးအလိုမှာ.။..

မသဒ္ဓါ (၆။၁၃။၂၀၀၇)

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

သစ်တာဟောင်းတာပြဿနာမဟုတ်..အရေးကြီးတာက..ဗျူဟာ

နှစ်ကိုယ်တူချစ်ခဲ့ကြ..အိမ်ထောင်ရေးရဲ့ဘ၀..
ကြိုးတုတ်ထားလို့ မရ..ကော်ကပ်ထားလို့ မရ
လက်ထိပ်ခတ်ထားလို့ မရ

လွတ်လပ်တာ..လူတိုင်းကကြိုက်
ညှိလိုက်ကြစို့ လား..ကွဲဖို့ မစ ကြခင်

ယုံကြည်မှုရဲ့ခွန်အားဌက်..
မေတ္တာသံလွင်ခက်ကိုကိုက်ချီရင်း
မနာလိုတိမ်ညိုထုကိုထွင်းဖောက်..
သစ္စာနိဗ္ဗါန်သို့ အရောက်ပျံသန်းနေ

လူသားရဲ့သဘာဝ..ရသာစုံကိုမက်မောကြ..
ချိုမလား..ချဉ်မလား..စပ်မလား..ခါးမလား.
ကျားရယ်..မရယ်မဟုတ်..
လူမမြင်..တိုင်ကလေးကွယ်ရုံ ခြား
ဖေါက်ပြားတတ်ကြတဲ့သဘာဝ..
သောက်လေလေငတ်လို့ ရယ်မပြေ..
ပဲ့စင်ကလှုပ်..လှိုင်းကပုတ်..
လှေကြီးပေါ်မှာလှေငယ်တင်
လူမသိရင်..ဘာမဆိုလုပ်ရဲ..
ဒါကိုသစ္စာမရှိဘူး.. ဆိုရင်တရားပါ့မလား.
သဘာဝတရားဘဲဖြစ်နိုင်တယ်။

အသစ်ကိုမြင်..မြီးချင်တာလူ့ သဘာဝ.
စမ်းကြည့်..အသုံးတည့်သူရှိ..
မှန်းချက်နဲ့ မကိုက်သူလည်းရှိ
အသည်းကွဲ..နှစ်ယောက်လုံးဆုံးသွားသူလည်းရှိ.
မ၀ံ့မရဲ..သွားရည်ကျနေသူတွေလည်းအပြည့်.
လူအမျိုးမျိုးစိတ်အထွေထွေ..အကြိုက်မတူချေ.

ဟေ့…ဒို့ တွေက အကြီး..
ထင်ပေါ်လို့ စင်တော်ကောက်..
အချစ်ဆုံးမို့ ရွှေပွဲတော်တက်.
ပန်းကုံးအတူတူစွပ်ဖက်
စာချုပ်ထည်းကမယား.
ဥစ္စာသိမ်းခွင့်ရသော့ကိုင်ဇနီး..
အားလုံးထက်ချိုတဲ့သစ်သီး
နံမည်လေးတော့ကြီးတယ်...

အသစ်ကိုမြင်..မောင်စမ်းချင်ရင်စမ်းကြည့်.
ယှဉ်ပြိုင်ပြီးစမ်းသတ်ခံရဲ..
ကျမဒီလောက်သတ္တိမနည်းဘူးမောင်..
ဂုဏ်ရည်တူ..အသစ်ကလေးက..သူမသာလေးကောင်းရုံနဲ့ 
ချစ်နေတဲ့ဇနီးကောင်းကိုဖယ်.
မောင်ဒီလောက်မမိုက်ရဲပါဘူး
ကောင်းတူဆိုးဖက်..နွားညီနောင်လိုရုန်းခဲ့ရ..
မယ်မဒ္ဒီလိုမိန်းမ.
အကြင်နာမှာ ကျမိုးလောက်ကြီး..မောင့်အသစ်နဲ့ ကွာ
ကိုယ့်မေတ္တာဘယ်မပျက်ပါဘူး
အသစ်တွေလိုဘဲ.အဆန်းတီထွင်..
အကြင်နာစွက်ခဲ့ရင်..
အိမ်ကမောင်ကိုလူချော..အသစ်ကိုဘယ်ရွေးနိုင်ပါလိမ့်..
အသစ်တွေ.ဘယ်သို့ ကောင်းကောင်း..
အဟောင်းကိုဘဲသူတို့ မပယ်ရဲ.
ဒို့ မယားကြီးတွေ..နည်းဗျုဟာတွေတတ်ဖို့ ဘဲလိုတယ်.
ပျိုတို့ မောင်ကြီး..
စားကျက်ဟောင်းထည်းမှာဘဲယောင်တလည်လည်...

မသဒ္ဓါ

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

လက်ဖက်ရည်..အတူသောက်ကြသူများ..

လွမ်းနေတယ်..
မတွေ့ ရတာ..ကြာခဲ့ပြီ..
နေကောင်းရဲ့လား..
စိတ်ပူတယ်..
အားလုံးကိုသတိရလိုက်တာ..
ပျော်ရွင်ဘွယ်..
တွေ့ ရတဲ့ မောင်နှမတွေ..
ဒီအချိန်ဆို..အားလုံးဘဲလွမ်းနေမှာ..
သေချာတယ်..
တနေ့ နေ့ တော့ပြန်တွေ့ မယ်..
ပြည်တော်ပြန်…လှတော့မဲ့ရက်ကလေးဆီ
အဆင်ပြေတယ်..နော်..
မတွေ့ ခဲ့တဲ့..ရက်ကလေးတွေ..
သူလို..ကိုယ်လို..နေရခက်…နွမ်းလျခွေ
ဒီနေရာ…ဆုံနေကျ..နေ့ ရက်တွေ..
လက်ဖက်ရည်ဆိုင်..
အတူတူထိုင်ဖက် အဖော်တွေ..

မသဒ္ဓါ(၆။၁။၂၀၀၇)
(လွမ်းမိသော..လက်ဖက်ရည်အတူသောက်..မောင်နှမများသို့ )..

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

မင်းရာမရဲ့…ကျုံးဝါးချက်.

အချစ်နဲ့ စစ်ပွဲ..မတရားတာဘာမှမရှိ..
နှလုံးသားရဲ့ ..အလိုကိုဖြည့်..
ပျော်မွေ့ ကြည်ဖို့ က..အရေးကြီးတယ်.

ရိုးသားစွာနဲ့ ..စစ်တိုက်ခဲ့ကြသလို..
နိုးကြားစွာနဲ့ ..အချစ်အတွက်မိုက်ခဲ့ကြရတယ်
အရွေးချယ်ခံရတဲ့ဘ၀..ညံ့ချက်ကတကွက်မှမပါ
အများထက်သာရတဲ့..အနိုင်လူ..
ပန်းကုံးကိုယူမှာပေါ့

မနာလိုမရှိကြနဲ့ ဟေ့..
မင်းကိုကြိုက်ရင်..မင်းကိုရွေးမယ်..
ကိုယ့် ကိုကြိုက်ရင်..ကိုယ်ကိုရွေးချယ်..
ကာယကံရှင်..သဘောထား..
သိပ်တရားတယ်..မောင်..

မင်းနဲ့ ကိုယ်ဟာ..
စည်းဝိုင်းထဲက..ပြိုင်ဖက်အချင်းချင်း
လိမ်ညာကင်းစွာ..လေးတင်ပွဲကိုနွဲ..
ပထမနေရာစွဲကျ..မင်းရာမတဲ့..ကိုယ်..
တချောင်ကွယ်ကိုသွား..သီတာ့ များခိုးမယ်..မကြံလိုက်နဲ့ 
မီးဟုန်းဟုန်းတင်စေမဲ့..သိန်းဂိုရ်….
မင်းဘ၀ပြိုသွားမယ်မှတ်…

မသဒ္ဓါ ( ၅။၃၁။၂၀၀၇)

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

အဆိပ်မိပန်းသီး.. နေလောင်ပြီးပန်းပွင့်.. ဒို့အချစ်..

ချစ်သူသာအနားရှိ.... .မိုးလုံးပြည့်အောင်အပြုံးများနဲ့
နှူတ်ခမ်းချင်းလာတွေ့ထိ...လျှပ်စစ်လိုဆွဲငင်ညှိခဲ့
ပျားရည်ချိုအချိန်များ. .အခုထိတောင်ရင်ထဲရှိရဲ့
ဘ၀ဆိုတာ ၀ိုင်ချိုတခွက်...သောက်လေလေငတ်မပြေနဲ့..
ရစ်မူးကာရီဝေမိ...ဝေဟင်ပေါ်ပျံကာကြည့်
မင်းကလေးဟာ ကိုယ့်အတွက်
ပန်းကတ္တီပါ..ဆောင်းညအိမ်မက်..

အိပ်ရေးတွေခါခါပျက်....ယမ်းယောင်ထခဏခဏစမ်းမိ
မင်းကအနားမှာမရှိတော့..ရင်တွင်းပလာကွက်လပ်တခုပေါ့
လန့်ယောင်ကာနိုးထတယောက်ထဲ..အချစ်ဘယ်မှာပျောက်ရှနေလဲ
ဝိုးတ၀ါးမြူပါးပါးည..ကြယ်ရောင်ပြယ်မလင်းတဲ့လ
မင်းကလေရက်စက်သွားတော့..မိုးသားတွေပြိုကျခဲ့ပေါ့
ကြွေခဲ့ပြီမျော်လင့်ချက်များ...ပေါက်ပြဲနေနှလုံးသား..
နာကြင်စွာညီးထွား...မြေပြင်ပေါ်ကလူသား
အသဲထဲကအဆိပ်လုးမျှား..သုဘဒ္ဒါရဲ့အမုန်းတရား..
မောပန်းကာ..အသက်ရှူကျပ်
နောက်ဆုံးမှာ..ကိုယ့်နှလုံးသားရပ်ပေါ့
ရက်စက်တယ်...မင်းအချစ်နဲ့ဝေး..ငါ ဆွေးခဲ့ပြီဟေ့။

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

ငါ့သူငယ်ချင်း နင်ကောင်မလေး

နင်နဲ့ငါငယ်စဉ်တုံးက..အချစ်ဆိုတာ
ဘယ်လိုဟာ ဘာဘာညာညာမသိခဲ့
ခလေးတွေကိုပျော်ရွင်စွာ..အတူတူ...တူတူပုန်းခဲ့
မုန့် ရှိရင်အတူတူစား.. အိမ်စာတူတူဂဏန်းတွက်
ဝမ်းနည်းရင်အတူတူဘဲ..ပျော်ရင်လဲတူတူဘဲ..
တနှစ်တခါ..မွေးနေ့တိုင်း အရပ်တွေတိုင်း..ဘယ်သူအရင်ကြီးမလဲ..

ဆယ်စုတွေကြာရှည်ညောင်း.. အမြင်ကလေးပြောင်းလွဲ
ကြည့်နေကျမင်းအပြုံး..ရင်မှာနှောင်တွယ်လွမ်းမိရဲံ့
ရနေကျ မင်းရနံ့လေး.....ပန်းရနံ့ထက်တောင်မွှေးပျံ့ခဲ့.
လှလှလာ.. မနက်ခင်းနှင်းဆီ....
သူများဦးမှာ ကိုယ်စိုးမိပြီ..
ပြောဖို့လဲမရဲတရဲ...ချစ်မိတာလဲအသဲအမဲ..
ဘယ်လိုကိုယ်ပြောရပါ့....စာကိုစီ..အရေပျော်ပျက်ကျ..
အဖေနဲ့အမေ ... လှောင်ရီပြုံးကြ
သူငယ်ချင်းတွေရှေ့ကျ..ပြောင်လှောင်စခံထိရ..
တလောကလုံးရိပ်မိလဲ..မသိသေးတာ.မင်းတယောက်ထဲဘဲ
ကိုယ်သိပြီအခုမှ...ဦးဘညွန့်ရဲ့ချစ်ဒုက္ခ
မသဒ္ဓါ

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

ဂုဏ်ယူပြီး...ချစ်နေပါလားမောင်...

ဒီတကယ်တမ်းချစ်လို့ ပေါင်းတာဘဲဖြစ်ဖြစ်
အပေါ်ပမ်းချစ်လို့ ပေါင်းတာဘဲဖြစ်ဖြစ်
အိမ်ထောင်ဘက်ဖြစ်လာကြရင်
အပေးအယူ.ညှိညှိနှိုင်းနှိုင်း
ဘဘောပိုင်းမျှတ..ညီကြဖို့တော့လိုတယ်။


ခြေနှစ်ဖက်စု..ချည်ပြီး
နှစ်ယောက်သားပြေးကြရတဲ့ဘဝ
တယောက်ဖောက်ရင်…နှစ်ယောက်စလုံးမှောက်ရက်လဲ
ညီညွတ်မှသာ..အောင်မြင်မှုရ
ပြိုင်တူ စစတမ်း ..စည်းချက်ညီညီ
လာ...၀မ်း...တူး...သရီး... ပြေးကြမည်၊

ယုံကြည်လို့သာ လက်တွဲခဲ့တာမို့ 
ဘယ်သူသာလို့..ဘယ်သူနာမှာမတွက်
မင်းလုပ်နိုင်တဲ့အရာ..မင်းကလုပ်..
ကိုယ်တတ်နိုင်တဲ့အရာ..ကိုယ်ကလုပ်
လိုနေတဲ့အရာ..တွေ့ မိသူကဖြည့်သွား..

လိင်လဲ မခွဲခြား ..လင်နဲ့ မယား မခွဲခြား
ရလာမဲ့ အသီးလည်းတူတူဆွတ်လို့စား
အသိတရားနဲ့သာလှုပ်ရှား..
ဘာမာနတွေမှ..များနေကြဖို့မလို။


ပြောင်းလဲသွားတဲ့ခေတ်ထဲ..
မိန်းခလေးများလည်းပညာသင်
ပခုံးချင်းယှဉ်တိုက်..

ယောက်ျားများနဲ့ဥာဏ်တူလာစဉ်အခိုက်
မနာလို မရှိလိုက်ပါနဲ့မောင်

ကျမဟာမောင့်အပါး..ကြင်နာတဲ့ဇနီးသားပါဘဲ
အပြင်ဂုဏ်သိက္ခာ မှာကျမဘယ်သူဖြစ်ဖြစ်
မောင့်အိပ်ရာထက်ပေါ်ကဇနီး အမြင်ကြီးပြီး.
ကျမအပေါ်ဂုဏ်ယူ..သဘောဖြူပါမောင်ရယ်။


ဦးဘယ်သူနဲ့ဇနီး..လိပ်တတ်တဲ့ဖိတ်စာများ
ဒေါ်ဘယ်သူနဲ့ခင်ပွန်းလို့ .တဖြေးဖြေးပြောင်းသွားလည်း
ကျမအပေါ်..မောင်အချိုးမပြောင်း..
ငယ်ချစ်ဟောင်းမို့ ..ခင်တွယ်စေချင်

တကယ်ဆိုရင်..
ကျမနဲ့မောင်. အလင်းဆောင်မှု ကွာခြား
သော်တာလသား နဲ့ တာရာကြယ်

လမ်းပြနယ်ထည်းမှာ..အတူတူ
မောင့်စွမ်းမောင့်အင်..ကျမဂုဏ်ယူလျှင်..
ကျမရဲ့စွမ်းအား..မောင်လည်းအားပေးစေချင်.

အရင်လိုဘဲကြင်နာ
ဂုဏ်ယူပြီးချစ်နေပါစေချင်။

မသဒ္ဒါ (၄။၈။၂၀၀၇)
အားအင်လက်များနှင့်အိမ်ရှင်မများသို့ ဂုဏ်ပြုပါသည်

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Saturday, July 28, 2007

ပန်းပျိုးတဲ့အမေ့လက်..သမီးအတွက်လက်ဆောင်


ကိုးလလွယ်..ဆယ်လ ဖွား ရင်ပိုက်ထွေးကာထား
မှက်ခြင်မသန်း..မပင်မပန်းရ
နေ့ ညပြုစု..သမီးဘ၀တခုဖြစ်အောင်
စွမ်းဆောင်ကြိုးစား
အင်အားများနဲ့..မာတာမိခင်ကျေးဇူးရှင်

ပျားရည်လိုချိုစေဖို့.. နို့ရည်တစက်
ခလေးငယ်..အသက်ဆက်ဖို့အရေး
ကြိုက်လှပေမဲ့ .ရှောင်ခဲ့ရ
ပူလောင်စပ်ခါး..မေတ္တာများနဲ့လွှမ်းခြုံ
သမီးကို..လုံခြုံစေခဲ့
ဂရုဏာရဲ့မိခင်… မေ့ကျေးဇူးရှင်

ငယ်စဉ်ပုခက်တွင်း..ကြားရတဲ့ချော့တေးသီချင်း
ရင်ကြည်အေးမြ..အိပ်စက်ခဲ့ရ
ငြိမ်းချမ်းငယ်အိမ်မက်...ယနေ့တိုင်မက်နေစေ
ကျေးဇူးအထူးပါမေမေ

ဂျစ်ကန်ကန်နဲ့…ချစ်သမီး
အိမ်စာပြီးစေရေး..ချော့ချော့ခဲ့ရ
လွယ်လှတဲ့..အရာမဟုတ်
ကိုယ့်အလှည့်ကျ.ကိုယ်မလုပ်နိုင်ခဲ့
ခန္ထီစနဲ့ပြည့်စုံနေ..ဦးတင်ပါတယ်..အမေ

ညအိပ်ရာဝင်တိုင်း..ပုံပြောဖို့ ဂျီတိုက်
အမေအိပ်နေရင်..တောင်လှုပ်နှိုး
တော်တော်ဆိုးတဲ့..ချစ်သမီး
အမေသာ..ခွင့်လွတ်နိုင်ခဲ့
အကြင်နာနဲ့မိခင်..မေ့ကျေးဇူးရှင်

ကုံလုံလုံခြုံခဲ့..သူမရဲ့မိဘ၀တ်ငါးပါး
ကိုယ့်ကျ..ဘယ်နှစ်ပါးပြည့်နိုင်ပါ့
သားသမီးဝတ်..ငါးပါးတောင်မပြည့်နိုင်သေး
စိတ်လက်တောင်..လေးတယ်

သမီးကနေ..သားမက်
သားမက်ကနေ.မြေး
မြေးကနေ..အိမ်ကခွေးကလေးအထိ
ဝတ္တရားတွေ..ထမ်း
မမောပမ်းတဲ့…အိုမိခင်
အနစ်နာခံပြုစု..ဘ၀ကိုရင်း
ပေးဆပ်ခြင်းသာ..ပကတိ
အိုးကောင်းတွေ…ဖုတ်ခဲ့တဲ့အမေ
ဒါးထက်အောင်..သွေးပေးခဲ့တဲ့အမေ
ပန်းစေ့ကောင်းတွေ..ပျိုးချပေးတဲ့ အမေ

ကျမလေ…အခု
အမေ့ဥယျာဉ်ထဲက..ပန်းကောင်းတစ်ပွင့်
တက်နေရောင်ခြည်ဦး..လေပြေမြူးမှာ
မော်ကြွားစွင့်နေ
ကျေးဇူးတင်ပါတယ်..အမေ

မသဒ္ဓါ (၅။၁၂။၂၀၀၇)
အမေများသို့..ဂုဏ်ပြုလျက်

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

မျှော်လင့်ချက်များယနေ့တိုင်

မြူခိုးတွေဝေပြီ..
ဆောင်း..ယွန်းတဲ့ဟေမာန်ဆ
မနက်ခင်းရောင်ခြည်…
မှိန်ဖျော့ဖျော့ ပြာရီရီ
နှင်းပွင့်တို့ဝေနေပြီ။…
ချမ်းစိမ့်စိမ့်တောင်စွယ်…ဆီ
လွမ်းရတဲ့ ငယ်ဖေါ်သည်..ဘယ်မှာရှာမရပြီ။

ငယ်ငယ်တုန်းကကစားဖေါ်…
အတုူတူကျောင်းသွားတဲ့ အဖေါ်
အစဉ်သာစွဲလန်းမိတဲ့….ကျနော်
တပြည်တရွာဝေး လည်း…မမေ့ပြီနော်။
အိမ်မက်ထဲလဲ..ထထယောင်အော်..
အချစ်..ဘယ်မှာလဲ…နော်။

တုူတူပုန်းတမ်းကစားတဲ့..အဖေါ်…
ဖွေရှာတမ်းတ…မှန်းဆမျှော်.
ဘယ်မှာများလဲ… ချစ်တဲ့အဖေါ်
ကံဆုံ မဲ့နေ့..တနေ့တွေ့ဖို့မျှော်..
ပျော်ရွှင်ရမဲ့...ဆုလာဘ်..အဖော်
မင်း... ဘယ်မှာလဲ.. အဖေါ်

မျှော်လင့်ခြင်း…တို့ထားခဲ့သည်။
ပြန်ဆုံရမဲ့ ရက်တရက် .. ဆီ..
ရင်မှာ တနင့်နင့်…လွမ်းမျက်ရည်။
ဖေါ်ကွာဝေးတို့...ဆွေးမိပြီ။
ကြင်နာရဆုံးသော...မင်းတယောက်ဆီ
တနေ့နေ့...ပြန်ဆုံတွေ့မည်။

မသဒ္ဓါ...

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

နွမ်းလျလျလွမ်းသည်..အမိမြေရဲ့ နွေအတာဆီ


ဝေဟင်မိုးမဲညို...အေးစိမ့်စိမ့်ဝန်းကျင်တခို..
သင်္ကြန်မိုးသဲတို့ပြို...
မြေသင်းရနံ့…..သင်းချိုချို
မနက်ဖြန်..အာရုဏ်ဦး
ပိတောက်ဖူုးငုံစို
လေပြေထဲယိမ်းကနေသလို..
နှစ်သစ်ကူးပြီ..သင်္ကြန်...အကြို

ဝါရည်မှုန်..ရွှေငုံပွင့်အလှ.. ရနံ့မွှေး ချိုချို
တပင်လုံး…ရွှေရည်ဖုံးကာပိတောက်တွေပွင့်ပြီ...
နွေကိုကြို
နွေနေအောက်မှာ.ပျော်ရွှင်မြုးခဲ့..ဆယ်ကျော်သက်လေးအပျို
ရေစဉ်ဖြာ အကြင်နာလောင်းတဲ့ ငယ်သူငယ်ချင်းကောင်လေး ကို
အမှတ်တယ လွမ်းတယ် ဒီသင်္ကြန်အခိါု

မုန့်လုံးရေပေါ်ထဲက ငြုတ်သီးဘယ်လိုစပ်ပစေ.
အုံးမည်းရည်..ကွက်ကွက်ကြားပေ..လှောင်ပြောင်ပြီးရီစေ..
စိတ်ဆိုးပေါင်..မောင်ရင်းယောင်းမ..ပျော်နွဲကြနှစ်ဦးရေ
ဗမာ့ရိုးရာ ...အတာနွေ.

သင်္ကြန်အလှ သင်္ကြန်အက
သင်္ကြန်သံချပ်ကို ..ဝေးနေခဲ့တောင်..
ပြန်ချင်တဲ့စိတ်များ..အိမ်မက်ထဲလည်းယောင်..
မပြောတတ်သာတောင်
ကျလွမ်းမျက်ရည်..မိုးတိမ်တောင်

မသဒ္ဓါ..

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

မင်းကြီးတာကို…လုံအောင်ထား

မယားလူလု..အူနုကြမ်းညှပ်
ဆံတပင်တင်း..ချစ်ခြင်းမယား
အူတိုတဲ့စကားများ..ယောက်ျားများအတွက်ဘဲလား

လင်သားမျက်နှာကိုအ၇ိပ်တကြည့်ကြည့်
အိမ်ဦးနတ်လိုရိုသေတဲ့ဇနီးရဲ့ဘဝ
အူတိုစရာများ..မရှိရဘူးတဲ့လားရှင်..

အခုခေတ်မှာလင်ရော..မယားပါဒူးတူဘောင်ဘက်အလုပ်လုပ်
ဘယ်သူမှမနာ.. ဘယ်သူမှမသာ.
ခံစားချက်အတူတူ.အခွင့်အရေးအတူတူ
ချစ်ကြတာလည်းအတူတူ
ဒီရွှေသမင်..ဘယ်ကထွက်..မင်းကြီးတာဖက်ကထွက်ရင်တော့
ကိုယ်စည်းမှ..ကိုယ်လုံအောင်မနိုင်တဲ့မင်းဖုရား..
ဆံတပင်တင်းမှာလည်း..မသနားနိုင်.
မင်းတ၇ားကိုတောင် တရားတက်ပြီးဆိုင်
မှန်ကန်သူသာ.တရားနိုင်ကြစတမ်း…
ဟေ့..သိတယ်မဟုတ်လား….ဒို့ကမိဖုရားကြမ်း။

မိန်းမကိုလှောင်ချိုမ့်အထဲပိတ်..
အမြှောင်ဆီတိတ်တိတ်လည်မဲ့ယောက်ျား
ဘာအတင်ကြီးစရာမှမရှိ၊ ဥပဒေဟာသစ္စာမဏ္ဍိုင်
နန်းတော်တိုင်.ထုံးတားမိတဲ့ဘုရင့်လက်ညှိုး..ပြတ်ခဲ့ရိုးထုံးစံရှိ
မျက်နှာမလိုက်ရတဲ့ အချစ်ရဲ့ ဥပဒေ
ကိုယ့်တာလေးမှလုံအောင်မပိတ်နိုင်တဲ့မင်းကြီးကို
မိဖုရားက တရားပြိုင်ကာစွဲ..
နောက်နောင်မှာ.. ရှင်အူမတိုရဲအောင်။

မသဒ္ဓါ

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

ခွပ်ကွင်းထဲက တိုက်ကြက်..နှစ်ကောင်...


အချစ်နဲ့အရင်းမစခဲ့....
ပိုက်ဆံ..အချပ်များရဲ့..ညှို့ ငင်အား..
အရည်ပျော်ပြိုကျ..ယောက်ျားရဲ့မာန်မာန..
ကိုယ် အသာရဖို့ပဲ အရေးကြီးနေ..

ရင်တွင်းထဲက.ကာရံ မဲ့..
ကိုယ်မချစ်သူရဲ့..ဘုန်းတော်ဘွဲ့ ကို
သူကြည်သာအောင်..ထပ်ခါ ထပ်ခါ
ဇွတ်မှိတ်ကာ..အတင်းရွတ်ဆို..
ကိုယ်ကျက်တူရွေးကလေး..လို

ရွှမှုန်ကြဲနဲ့ဖုံး..ဟန်ဆောင်ကောင်းဆုံးသရူပ်...
ကြိုးဆွဲရုပ်ကလေး ..အလား..
ထားရာနေစေရာသွား...ငွေဓန..
ဂုဏ်ပကာသနကြားကျွန်တော်
လူသားတစ်ယောက်..ဘ၀အသက်ပျောက်နေ
ဘယ်သူပဲသေသေ..ကိုယ့်ငတေမာဖို့ ကပိုအရေးကြီး
ဂဏန်းကြီးကြီး နဲ့..ဘဏ်စာရင်း..
လူနဲ့ ရင်းပြီးယူ..ကျွန်တော်...ပိုင်းလုံးလူ
ခွပ်ကွင်းထဲက တိုက်ကြက်များတစ်ကောင်..
ခြေကစားရင် .တစ်ကောင်.ကမြင်..
သူကလည်း ကိုယ် နာမည်ကိုအသုံးချ။
ကိုယ် က လည်း သု့ငွေကိုသုံးရ...
အဟာ့...သိပ်အချိုးကျတယ်ထင်ခဲ့ရ..
ရန်သူမျိုး ငါးပါး..
ကိုယ် အားနှောင့်ယှက်ခဲ့
ဆုံး၇ှုံးသွားတဲ့..စည်းစိမ်များ
ရေစုန်မှာ..မြောကျ..အားလုံး သင်္ခါရ..
ဇရာလဲကျခဲ့ပြီ။

နောက်ဆုံး၇လာဒ်က..ခွပ်ချက်ပျင်း..
တိုက်ကြက်မင်းရဲ့..ဂလဲ့စား
ကိုယ် ငမိုက်သားတစ်ယောက်..
စည်းဝိုင်းထဲမှာ.ငို...ဘ၀တွေပြိုခဲ့ရ..
အတ္တသမားတဲ့...ကျနော်..

မသဒ္ဓါ ......

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

မယ်ထွေးအသား ကခါးပါတယ်..

ဝဲ မလာနဲ့ ရွှေစွန် ညို....
မချိုတဲ့ မယ်ထွေးရဲ့ အသား ....
ခါး လှပါတယ်ဆို...
အနားသို့ မလာပါနဲ့ ရွှေစွန် ညို....
မယ်ထွေး မပါ ဒို့ ချည်းသာပါ ဆို..

ဝေးရာကို သာ... သွား ကာ အစာ ရှာ..
ဒီ မှာမရှိပါ ..မင်း အတွက်နေရာ
ချောင်းငယ်ရေ တွေ လည်း..
စမ်း က ပျောက်..

မြစ်ငယ်ရေတွေ ကလည်း.. ခမ်း ကာ ခြောက်..
သမုဒ္ဒ၇ာရေတွေ က လည်း.. နောက်..
အပူမရှာ လိုတဲ့..မယ်ထွေးကလေး
ဟိုးနောက်ဆုံး မှာ.. ပုန်း ကွယ်နေသေး..
အသည်းလေးလည်းမကွဲချင်ပါ...
ဒီက နှမလေး..
ဝေးဝေးဆီမောင်းကာနှင်ထုတ် ခဲ့..
ရက်စက်တယ်လို့.. အထင် ပဲလွဲလွဲ
ရွှေစွန် ညိုရယ် နင်..ဘယ်လောက်ပဲ...၀ဲဝဲ
ယ်ထွေး မပါ ....ဒို့ ချည်းသာပါဘဲ.

မသဒ္ဓါ

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

သဘောဖြူရင်..…. အားလုံးဟာ..အတူတူ

ရေဆိုတဲ့…အရာ…
ဘယ်ကဘဲ လာလာ..
အရသာမှာအတူတူ ပါပဲ…
ရေဆာတဲ့ အာသာကိုပျောက်..
ဝမ်းမြောက်မှူ ကို ဖြစ်စေ..

မိုးပေါ်ကရွာရွာ…
မြေကြီးထဲက ဘဲ လာလာ
မြစ် ထဲ က ဘဲ စီးဆင်း စီးဆင်း
ရေချင်း မှာတော့ အတူတူပါ ပဲ..
အညစ်မြူ ကို..ဆေးကြော
အဖြူ သဘောကို ရောက် နိုင်စေတယ်

အချစ် ဆို တဲ့အရာ…ဘယ်ကဘဲ လာလာ..
အရသာမှာအတူတူ ပါပဲ…
ကြီး တယ် ငယ် တယ် မခွဲခြား…
အကြင်နာများဘဲ.လိုအပ်ပါတယ်

အသားရယ်ပဲဖြူ ဖြူ…
အယူပဲ လွဲလွဲ
ဘယ် အရပ် ကဘဲ လာလာ
အချစ် မှာတော့ အတူတူပါ ပဲ..
ဘ၀လမ်းမှာ အတူတူ တွဲ..
သဘောဖြူ ဖို့ ဘဲ လိုအပ်တယ်

မသဒ္ဓါ

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

တွေးမိတိုင်းမမေ့..ချစ်သူအတွက် ချစ်သူများနေ့

ရှင်းသန့်တဲ့ အချစ်မျက်နှာကလေးကို စေ့စေ့ငေး
ကြည်လင်ရောင်အနီသွေး..၀ိုင်ချိုကတစ်ခွက်..
တမ်းတမိ..ဘ၀အတွက်..
အချစ်နဲ့ဆက်..အသက်ရှင်စေ။

ကြည်မျက်ဝန်းနဲ ချိုမျက်နှာထား.
ရှက်အပြုံးကလေးများ မစွင့်တစွင့်.
ဗာလင်တိုင်း နှင်းဆီပွင့်တွေကြားမှာ
လှ၇က်အားပါပေ့ ..သက်လျှာ

နွေးထွေးတဲ့..လက်များ..
သွယ်ယှက်ပွေ့ ကာ..ဖက်
အကြင်နာရေစဉ်.တစ်စက်နဲ့..
အနာဂတ်တံခါးပေါက်..အဖွင့်
သတ္တိစွမ်းအင်မဟာ.တိုးပွား..
ချစ်သူရဲ့ရင်ခွင်ကြား..မှာ။

ကြည်ပြာရီရီ...ချစ်အိမ်မက်ညကလေး
ဇာခြည်သွေး..လွင့်လွင့်..
ဆောင်းနှင်းငွေ့ မြူကန့်လန့်လာ
ဂစ်တာတီးရင်း သီချင်းဆိုကြ..

လောင်နေတဲ့ မီးထင်းပုံ ကလေးရဲ့.နံဘေး
မရေးတရေးလေး..မင်းရဲ့ အကြည့်
ခုထိလေ. ရင်ခုန်မိနေဆဲ..
၂၀၀၆ ရဲ့ ဗာလင်တိုင်းည.
ရင်မှာ..မနေ့က..လိုလို..
ဒီနှစ်ခါလည်း..လာလည်စေလို။

မသဒ္ဓါ

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

ချစ်သူများနေ့၇ဲ့ည.. တမြေ့မြေ. သတိ၇

နှင်းဆီနီနီက...တစ်ပွင့်
ချစ်စရာ ၀က်ဝံရုပ်ကလေးကတစ်ကောင်
အရသာချိုခါးခါး.. ချောကလက်
ချစ်သူအတွက် လက်ဆောင်

ချစ်သူများရဲ့နေ့မှာ
ကြည်လင်စေချင်တာ မင်းရဲ့မျက်နှာ
ကိုယ်ပျော်ကာအရောက်လာခဲ့သော်လည်း
မင်းနံဘေးမှာ..ဒူးထောက်နေသူတယောက်
လက်စွပ်ပေါ် ကစိန်ရောင် တောက်တောက်
ငွေပေါပေါငနဲသားနောက်
ကိုယ့်ချစ်သူတယောက် ပါသွါးခဲ့ပြီ
သူ...ရက် စက် သည်

ကိုယ့်နှင်းဆီနီနီရနံ့များ
တမာလို ခါး သက်ခဲ့
ချောကလက်ကလေးချိုချို
စိန်လက်စွပ်လောက်တော့ ဘယ်မချို
ကြွေမျက်ရည် ၀ိုင်းခဲ့ရ
ဗာလင်တိုင်းရဲ့... ည..တစ်ည

မသဒ္ဓါ

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Tuesday, July 10, 2007

စိတ်ကူး..ယဉ်ဘ၀ထဲက ထွက်ခဲ့ဖို့  မင်း အချိန်တန်..


ဟေ့..သူငယ်ချင်း..
ဘ၀မှာ….မင်းဘာကိုမျှော်လင့်နေတာလဲ.
အိမ်မက်ထဲက..နတ်သမီးလေးလား..
စောင့်လေ..သေတဲ့အထိသာစောင့်
ခြေဦးပေါက်..မင်းအနား..ရောက်လာ..မလာ...

ဟေ့..သူငယ်ချင်း..
ဘ၀မှာ….မင်းဘာကိုမျှော်လင့်နေတာလဲ.
ဒဏ္ဍာရီထဲက.. ရွှေမင်းသမီးလေးလား..
စောင့်လေ..သေတဲ့အထိသာစောင့်
စိတ်ကူးပေါက်…မင်းထံပါး…ရောက်လာ..မလာ...

ဟေ့..သူငယ်ချင်း..
ဘ၀မှာ….မင်းဘာတွေ..စိတ်ကူးယဉ်နေတာလဲ
ချမ်းသာမှုအတိပြီး..လောင်မီးတညီးညီးနဲ့ ပျော်ရွှင်မှုလား
ရောင်ရဲ မှုအတိပြီးတဲ့ ..ပျော်ရွင်စရာ.အေးချမ်းမှုလား..
ရွှေဘုံပေါ် လှောင်ချိုင့်စံ..အတောင်ပန်မခိုင်တဲ့ဘ၀..
လွတ်လပ်စွာ.ဝေဟင်ထဲဆန်..သိန်းဌက်ရန်ရှောင်ရတဲ့ဘ၀..
ဘယ်အရာ ကပျော်ရွှင်စေနိုင်တာ..
သေချာစဉ်းစား..မင်းလိုချင်ရာ။

ကံဆိုတာ..မမြင်နိုင်တဲ့အရာ..
မသိနိုင်ပါ ဘယ်အခါများ
ရောက်လာလာ မလာလာ...
မင်းဘ၀..မင်းဆောက်တည်ရာ
ဝီရိယ..သာ..အဓိကပါဘဲ
မမြင်တဲ့ ကံကိုရင်း.ဆူးပုံပေါ်ဘဲနင်းချင်နင်း။
ဝီရိယ.အားသန်..ဆူး ဒီခြုံကို အမြစ်ကလှန်..
မရေရာတဲ့ ..မနက်ဖြန်
မဖြစ်လာမှာကို..မျှော်တလင့်လင့်
မင်းအချိန်တွေ..အလဟသ.လေထဲ လွင့်နေမဲ့အစား
ဖြစ်နိုင်ချေ..အခွင့်အလန်း..
ဟော..လက်တကမ်းကလေးတင်..
မင်း ကြည့်ရှု မြင်နိုင်စေ။

နတ်သမီးလောက် မလှ
မင်းသမီးလောက် မကြွယ်ဝလည်း
အချင်းမသေးတဲ့..မိန်းခလေးတွေ..တပုံတမ..
အော်..ဇံရွေးနေရင်
မင်းလေ..နောက်ကျနေတော့မယ်..
မှိတ်မျက်လုံးကလေးများ.. ဖွင့်ကာကြည့်
ပြည့်ဝသော..မယ်မဒ္ဒီကဲ့သို့ ..ချစ်သူ..
မင်းရဲ့ အနီးဆုံးမှာ..သူ...ဘယ်သူ..

မသဒ္ဓါ (၇။၂၀။၂၀၀၇)..
ရှာပုံတော်..မင်းသားကြီးသို့ 

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

 
/* EOT ----------------------------------------- */