Tuesday, October 20, 2009

မောင်..အားငယ်ရင် နောက်ပြန်လှည့်ကြည့်..ကျမအနောက်မှာရှိတယ်..


နေ့ တွေ ကုန်လွန်လွယ်..ခဏလေးလိုဘဲ
အနှစ် (၁၂ ) နှစ်..မနေ့ ကလို
ရင်ခုန်တဲ့ မင်္ဂလာဦးည..
ကျမ မျက်နှာ ရှက်သွေးမြ..
မောင်ရယ်..သတိရနေဆဲ…

နှလုံးသားက မေတ္တာ..
နားလည်..စာနာ.
ကြင်နာတဲ့ဂရုဏာ..
ဝေမျှခံစား..
နွေ အခါလည်း..ပူအတူတူ..
မိုးစိုတော့လည်း..ရွှဲအတူတူ
ဆောင်းပြန်တော့လည်း အေးအတူတူ..
မညူစူတဲ့ကျမ..မဒ္ဒီကရှုံးလိမ့်မယ်..
မောင့် အပေါ်ချစ်တဲ့အချစ်..
ရိုးမြေကျမဲ့ သစ္စာ..
ယုံကြည်ဖို့ နှုတ်နဲ့ မပြောပါဘူး..
လက်တွေ့ နဲ့သက်သေပြတယ်။
ယုံကြည်မယ်လား..မောင်။

သားတယောက်နဲ့ ချစ်သောလင်အတွက်..
ကျမ ဘ၀တခုလုံးပေးခဲ့တယ်။
မောင်ရယ်..လည်ပြန်လှည့်ကြည့်..
ကျမ၏ မေတ္တာ..
အပြည့်စုံဆုံးဖြည့် မောင့် အပေါ်မှာ

မသဒ္ဓါ (၁၀။ ၂၀။ ၂၀၀၉)

မောင်ငယ်ဒီရေ..ညီမလေးမီးငယ်နဲ့ ..သားသားလေးအတွက်
နှစ် (၁၂ ) ပြည့် မင်္ဂလာမှသည်…ရာသက်တိုင် သို့ ..

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

မျှော်လင့်မထားသော တာဝရ၏ “အနိုင်” မင်းပိုင်ဆိုင်ပြီ..ရော့


မ..
မောင် စိတ်ကူးယဉ်သွားတယ်..
သက်တန့် ခုံးရဲ့ အရောင်များ..
တောက်ပရွှန်းလက် လှပခဲ့
အမှန်တော့ ဒါဟာ.လှည့်စားမှု..
တဒင်္ဂ ငေးမောမိခဲ့တာ..
မောင့်ကို ခွင့်လွှတ်ပါ။


နားမလည်လို့ မဟုတ်ဘူး..
အချိန်ကြာတဲ့အခါ.လူသဘာဝ
ဆန်းသစ်တာကို ရစ်မူး.
မောင် ရူးခဲ့တာ..
စိမ်း စားကျက်သစ်ရှာမိတာ…


ဝန်ခံပါတယ်..
မမှားဘူးသူ..ဘယ်သူမရှိ..
အမှားသိမှ အမှန်ရှိတယ်…
အဆိုးရှိ မှ အကောင်းသိတယ်။
နှိုင်းယှဉ်ကြည့်လိုက်မှ..
မေတ္တာဆိုတဲ့အရာသိတယ်…

ခွင့်လွှတ်ပါ..
တောင်ပန်စမ်းပျံသန်းတဲ့ ဌက်..
အတောင်ကျိုးပျက်ခဲ့တာ..သိခဲ့ပြီ..
အသိုက်မြုံ၏ နွေးထွေးမှု..
မှားပါသည်..
တောင်းပန်ပါသည်…
ဌက်မိုက်၏ အိမ်အပြန်လမ်း..
သိုက်မြုံလေးရယ်..နွေးထွေးစွာ ကြိုဆိုပါ။

မသဒ္ဓါ။ ( ၁၀။ ၂၀။ ၂၀၀၉)

သမီး ငယ်…မမှားဘူးသူ ဘ၀မှာ မရှိပါဘူး
အမှားသိ ပြန်လာသူကို..မေတ္တာနဲ့ ဖွင့် လက်ကမ်းကြိုလိုက်ပါ။
ခွင့်လွှတ်သော မေတ္တာသည်သာ အောင်နိုင်ခြင်း..
ရင်နှင့် အမျှ…၀မ်းမြောက်ပါလော့…
ဒီပွဲ မှာ သမီး နိုင်ပါသည်။

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

 
/* EOT ----------------------------------------- */