နေ့ တွေ ကုန်လွန်လွယ်..ခဏလေးလိုဘဲ
အနှစ် (၁၂ ) နှစ်..မနေ့ ကလို
ရင်ခုန်တဲ့ မင်္ဂလာဦးည..
ကျမ မျက်နှာ ရှက်သွေးမြ..
မောင်ရယ်..သတိရနေဆဲ…
နှလုံးသားက မေတ္တာ..
နားလည်..စာနာ.
ကြင်နာတဲ့ဂရုဏာ..
ဝေမျှခံစား..
နွေ အခါလည်း..ပူအတူတူ..
မိုးစိုတော့လည်း..ရွှဲအတူတူ
ဆောင်းပြန်တော့လည်း အေးအတူတူ..
မညူစူတဲ့ကျမ..မဒ္ဒီကရှုံးလိမ့်မယ်..
မောင့် အပေါ်ချစ်တဲ့အချစ်..
ရိုးမြေကျမဲ့ သစ္စာ..
ယုံကြည်ဖို့ နှုတ်နဲ့ မပြောပါဘူး..
လက်တွေ့ နဲ့သက်သေပြတယ်။
ယုံကြည်မယ်လား..မောင်။
သားတယောက်နဲ့ ချစ်သောလင်အတွက်..
ကျမ ဘ၀တခုလုံးပေးခဲ့တယ်။
မောင်ရယ်..လည်ပြန်လှည့်ကြည့်..
ကျမ၏ မေတ္တာ..
အပြည့်စုံဆုံးဖြည့် မောင့် အပေါ်မှာ
မသဒ္ဓါ (၁၀။ ၂၀။ ၂၀၀၉)
မောင်ငယ်ဒီရေ..ညီမလေးမီးငယ်နဲ့ ..သားသားလေးအတွက်
နှစ် (၁၂ ) ပြည့် မင်္ဂလာမှသည်…ရာသက်တိုင် သို့ ..
Tuesday, October 20, 2009
မောင်..အားငယ်ရင် နောက်ပြန်လှည့်ကြည့်..ကျမအနောက်မှာရှိတယ်..
Posted by
Ma Thadar ( မသဒ္ဓါ )
at
12:26 PM
Labels: တဖန်မွေးဖွားခြင်း, မြတ်နိုးချစ်, မျှော်လင့်ခြင်း
Subscribe to:
Post Comments (Atom)
1 comment:
ကျေးဇူးတင်ပါတယ် မကြီး... ကျွန်တော်ကြိုးစားပါ့မယ်...
သေတဖန် သက်တဆုံး...
ရာသက်ပန် မမုန်း တဲ့
အချစ်တွေနဲ့
ဘ၀ ဆက်တိုင်း
ဇနီးမယား သား သမီးများနဲ့ အတူ.......
လေးစားစွာဖြင့်
ဒီရေ
Post a Comment