မ..
မောင် စိတ်ကူးယဉ်သွားတယ်..
သက်တန့် ခုံးရဲ့ အရောင်များ..
တောက်ပရွှန်းလက် လှပခဲ့
အမှန်တော့ ဒါဟာ.လှည့်စားမှု..
တဒင်္ဂ ငေးမောမိခဲ့တာ..
မောင့်ကို ခွင့်လွှတ်ပါ။
မ
နားမလည်လို့ မဟုတ်ဘူး..
အချိန်ကြာတဲ့အခါ.လူသဘာဝ
ဆန်းသစ်တာကို ရစ်မူး.
မောင် ရူးခဲ့တာ..
စိမ်း စားကျက်သစ်ရှာမိတာ…
မ
ဝန်ခံပါတယ်..
မမှားဘူးသူ..ဘယ်သူမရှိ..
အမှားသိမှ အမှန်ရှိတယ်…
အဆိုးရှိ မှ အကောင်းသိတယ်။
နှိုင်းယှဉ်ကြည့်လိုက်မှ..
မေတ္တာဆိုတဲ့အရာသိတယ်…
ခွင့်လွှတ်ပါ..
တောင်ပန်စမ်းပျံသန်းတဲ့ ဌက်..
အတောင်ကျိုးပျက်ခဲ့တာ..သိခဲ့ပြီ..
အသိုက်မြုံ၏ နွေးထွေးမှု..
မှားပါသည်..
တောင်းပန်ပါသည်…
ဌက်မိုက်၏ အိမ်အပြန်လမ်း..
သိုက်မြုံလေးရယ်..နွေးထွေးစွာ ကြိုဆိုပါ။
မသဒ္ဓါ။ ( ၁၀။ ၂၀။ ၂၀၀၉)
သမီး ငယ်…မမှားဘူးသူ ဘ၀မှာ မရှိပါဘူး
အမှားသိ ပြန်လာသူကို..မေတ္တာနဲ့ ဖွင့် လက်ကမ်းကြိုလိုက်ပါ။
ခွင့်လွှတ်သော မေတ္တာသည်သာ အောင်နိုင်ခြင်း..
ရင်နှင့် အမျှ…၀မ်းမြောက်ပါလော့…
ဒီပွဲ မှာ သမီး နိုင်ပါသည်။
Tuesday, October 20, 2009
မျှော်လင့်မထားသော တာဝရ၏ “အနိုင်” မင်းပိုင်ဆိုင်ပြီ..ရော့
Posted by Ma Thadar ( မသဒ္ဓါ ) at 12:22 PM
Labels: တဖန်မွေးဖွားခြင်း
Subscribe to:
Post Comments (Atom)
1 comment:
ကဗျာများ အတွက် များစွာ... များစွာ... ကျေးဇူးတင်ပါတယ်ဗျာ... ရင်ထဲက ကျေးဇူးတင်တာပါ။။
Post a Comment