မုန်တိုင်းရဲ့ လေပြင်းတချက်
ရက်စက်ပေမဲ့ 
နုနယ်တဲ့ နှင်းဆီ
မုန်တိုင်းကို အံတုသည်။
ချစ်သူအတွက်ရွယ်စူး
ပွင့်လွှာဦးတွေ
ရနံ့  ထူးတွေ..ဆောင်ယူလာခဲ့
မိုး တပေါက်ချင်း
လေသက် ပြင်းပြင်းတွေထဲ
မာန်တင်း ..အံတင်း
ချစ်သူပန်ဖို့ စွန့် လွတ်ခြင်း.
မုန်တိုင်း လွန်တဲ့အခါကျ.
ချစ်သူပန်ဖို့ မျော်လင့်ရသော်ညား။
ပွင့်ချပ် ပဲ့ကြေ
အလှ ကြွေသော။
မုန်တိုင်းထဲက နှင်းဆီ..
ချစ်သူ မနမ်းလိုသည်။
ဖယ်ရှောင်ခဲ့
သူဆံထက်က လှပန်း နီနီ
မုန်တိုင်းနှင်းဆီ ယော်နွမ်းလျှလျှ
သူခြေအချ..မြေခကြွေရှာ။
မသဒ္ဓါ (၁။၂၅။၂၀၀၈)
Friday, January 25, 2008
မုန်တိုင်းထဲက နှင်းဆီတပွင့်
Posted by
Ma Thadar ( မသဒ္ဓါ )
at
6:13 PM
Labels: ရင်တွင်းရှိုက်သံ, လွမ်းကြင်ဌက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment