နေရောင် ဆမ်းမှ..လန်းရတဲ့ နေကြာ.
နေရွေ့ ရာ။ မျက်နှာမူ လိုက်ပါ။
အပူရောင်ခြည်၊..မကြောက်သာ.
ချစ်ရသောနေမင်း…ဘယ်လိုပင်ပူပြင်း။
လရောင် ဆမ်းမှ..ပွင့်ရတဲ့ ကမုဒြာကြာ.
လမင်းရှိရာ အတူမခွါ။
သော်တာ ငွေရည်၊..ဖြန်းကာမှ အလှဝေဖြာ.
ချစ်ရသောလမင်း၊ ဘော်သာခွါ အဆင်း။
လယ်ပတ်ကြားကွဲက၊ တောပန်းလေးဝါ၀ါ
ကန္တာမြေကြမ်း၊ ရေစင်ဖြန်းသူမလာ
မနက်ခင်းနှင်းစက်ရည်၊ မစို့ မပို့ သာသောက်စို့ စရာ
ချစ်ရသော ဖြူစက်နှင်း၊…အသက်ဆက်ရှင်သန်ခြင်း။
မိန်းမသားတို့ ဘ၀၊
မောင်တကျိပ်ရှိစေငြား
မတင့်တယ်ပြီ။
ကြင်သူမရှိတဲ့ အချိန်များဆီ။
ပစ္စည်း မာန။ ဂုဏ်ဓန။
ဘာမှအဖိုးမတန်။
ကြင်သူသာ အိမ်ဦးသခင် အမှန်ပါဘဲ။
မိန်းမ ဟူသည်.. မိန်းမသဘာဝ
ဘ၀မှာ ဘယ်လောက်ဘဲ ပြည့်စုံ.. ပြည့်စုံ
အချစ်မရှိရင် မလုံခြုံ
အားငယ် တတ်တာဘဲ မောင်ရယ် ယုံ။
ချစ်သူနဲ့ ဝေးတဲ့အခါ။
ဘ၀ ဆိုတာ.
နွမ်းနေတဲ့ နေကြာ။ ငုံနေတဲ့ ကုမုဒြာ။
ရေစင်မသောက်
ခြောက်နေရတဲ့ တောပန်းဝါ၀ါ။။
အဖေါ်မဲ့ ကန္တာရ ထည်းမှာ။။
မသဒ္ဓါ (၁။၃၀။၂၀၀၈)
Wednesday, January 30, 2008
ရေဝေး တဲ့ ကြာ…
Posted by Ma Thadar ( မသဒ္ဓါ ) at 1:54 PM
Labels: ရင်တွင်းရှိုက်သံ, မျှော်လင့်ခြင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment