အချစ်ဆိုတာ
အိမ်မက်လိုပါဘဲ .
လန့် နိုးလာတော့ထအကြည့်
ဘာမှမရှိ တော့ဘူး။
နားမလည်တာ..ကျမအပြစ်ဘဲ
မောင်ရုတ်ချည်း ပြောင်းလဲသွားတာ..
ဘယ်လို နားလည်လို့ရပါ့မလည်း။
နှောင်ကြိုးနဲ့  ညွတ်ကွင်း မရှိတဲ့အခါ
ဝင်ချင်ဝင်လာ..ထွက်ချင်ပြန်ထွက်
အစာဝရင်..အိမ်ပြန်ကျထုံးစံ
ဒါတွေ..သဘာဝအမှန်။
မကြည်ဖြူရင်..ညူစူ
အပြစ်မြင်တတ်တဲ့ လူ့ သဘာဝ
မောင့်ကျ မှ တယောက်ထည်း
တရားမစွဲချင်.
ပျော်သလိုလာ..နေစေချင်။
ရေချမ်းစင်က..ဒီရေတပေါက်.
ဝင်လာသူ သောက်ဖို့ ရည်ရွယ်ပေမဲ့ 
ခြေဆေးတာ..လှုဒါန်းသူနဲ့မဆိုင်
သောက်လိုသောက်..ဆေးလိုဆေး
သွန်လို သွန်..
ဒါနရှင်၏ အဆုံးစွန်သော မေတ္တာ
ကြီးမားတဲ့ ဂရုဏာ..
မင်း အပန်းပြေစေရာ။
မသဒ္ဓါ ( ၂။၃။၂၀၀၈)
Sunday, February 3, 2008
မင်း ရက်စက် ပေမဲ့ 
Posted by Ma Thadar ( မသဒ္ဓါ ) at 9:12 AM
Labels: မြတ်နိုးချစ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment