Monday, February 4, 2008

ကဗျာသမား ရဲ့ နှလုံးသား..ဘယ်သူများနားလည်..

နှလုံးသားထံကခံစား
ကဗျာများ..သံစဉ်များ..
ကာရန်လှိုင်း နရီရိုင်း
ရေးဖွဲ့ လို့ သီဆို. ကဗျာသမား ကိုယ်ခံစားနေ..

စိတ်ကူး လေးထဲက လူ
ရွေ့ တိမ်လှိုင်း ကြားထဲက လူ
အိမ်မက်ကလေး တတ်မက်တဲ့ သူ
ကဗျာများ ကိုချစ်တဲ့ သူ..

ဆန်းကြယ်စွာ..တဝေ့လည်လည်တွေး.
မဖြစ်နိုင်တာ..သိရက်နဲ့ရေး
အများပျော်စေရာ..နှလုံးသွေးနဲ့ ရေး
စိတ်ကြည်သာဟန်ဆောင်..မပျော်ဘဲလဲရေး

ကဗျာသမား ရဲ့ နှလုံးသား..ဟန်ဆောင်တံခါး..ဖုံးပိတ်လို့ ထား
ငိုနေလည်း..အပြုံးပြည့်တဲ့ကဗျာ..
ပျော်ရွှင်လည်း..အသည်းကွဲတဲ့ကဗျာ
တကယ်ဆိုတော့..အတွေးထည်းကစာ
ပျော်ရွှင်သော အိမ်မက်ရဲ့ ကဗျာ..ရင်နာလည်း အများမသိခဲ့ပါ။
ကဗျာသမား..ကိုယ်ခံစားရာ..

ကဗျာသမား ရဲ့ နှလုံးသား..ဇာမျက်နှာဖုံး.. ပုဝါဖုံး လို့ ထား
ငိုနေလည်း..အတွေးလှတဲ့ကဗျာ..
ရီနေလည်း..အငိုကဲ တဲ့ကဗျာ
ပျော်ရွှင်လည်း ဆွေးမြေ့တဲ့ ကဗျာ
ရင်ပူလည်း အေးမြဆဲ ကဗျာ..
ဟန်ဆောင်ပြီး..ဖုံးပိတ်တဲ့ သလ္လာ..ဘယ်သူမှ မသိခဲ့ကြရှာ
ကဗျာသမား..ကိုယ်ခံစားတာ..

ကဗျာသမား ရဲ့ နှလုံးသား..သံကွန်ချာများ .ဖုံးအုပ်သိမ်းထား
ကဗျာသမား ရဲ့ နှလုံးသား..ကန့် လန်ကာလေး ဖုံးအုပ်သိမ်းထား
ကဗျာသမား ရဲ့ နှလုံးသား..ဟန်ဆောင်မျက်နှာပေး ဖုံးအုပ်သိမ်းထား..

မသဒ္ဓါ ( ၂။၎။၂၀၀၈)

No comments:

 
/* EOT ----------------------------------------- */