အိပ်မရ..စားမ၀င်။
ချစ်သူရဲ့ ဝေးတဲ့ ရင်ခွင်
အာရုံမေ့မူး..ရူးမတတ်ပင်..
မုန်တိုင်း ပြင်းထန်
ညှိုးမာန်မျက်ဝန်း..
ဖြေဆေးမရှိ..
အသည်းကွဲသည့်အနာ။
ဘယ်သူမှ လာမကူ
ချစ်သူကိုဘယ်တော့မှ
ညီတူမျှ မခံစားစေရာ။
ဝေဒနာ.မျိုချ..မဖွင့်ပြပါ။
သူ့ ရွေးချယ်ခွင့်..
သူ့ ပျော်ရွှင်ခွင့်
ရင်နာစူးနစ်
ကိုယ့် အသည်းနဲ့ ရင်း
ပြုံးပြခြင်းဖြင့် သာ..
ချစ်သူ လိုရာသာ..သွားပါ..
မင်း လွတ်လပ်စွာ။
လွတ်လပ်ပျံ..ဌက်ကလေး.
ခဲမမှန်..အစာဝရေး
အတောင်ပံ မကျိုးစေရေး
ဝေးဝေးကဆုတောင်း
မညောင်းပါ စေချင်.သူ့ အတောင်
ပြည့်ဝပါစေ..အဆောင်အယောင်..
ချမ်းမြေ့စေ..ပျော်ရွှင်စေအောင်
မတွေ့ ပါစေလို..အတုအယောင်..
ဝေဟင်မှာပျော်တဲ့ ဌက်နဲ့ 
မြေပြင်ပေါ်က မပျံနိုင်တဲ့ဌက်..
ဝေးခဲ့ပြီ..ဘ၀ရယ်..ဆယ်ကမ္ဘာ..
ချစ်သူရယ်..
ဝေဟင်မှာသာ..ပျော်လှဲ့ ပါ။
အတောင်ကျိုးခဲ့တဲ့ အခါ..
သတိတရ..ဒီရင်ခွင်ဆီ ပြန်လာ.
မသဒ္ဓါ (၂။၂၄။၂၀၀၈)
Sunday, February 24, 2008
လေဟုန်ပျံ..ပျော်နိုင်ပါစေ..ချစ်သူ..
Posted by Ma Thadar ( မသဒ္ဓါ ) at 9:07 PM
Labels: မြတ်နိုးချစ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment