တိုးတိုးကလေးပေမဲ့
တော်လဲသံအလား။
ဆူညံ ပူလောင်။
သူပြောတဲ့ “လမ်းခွဲကြရအောင်”
သံရည်ကျိုအလား..
ပြိုကျ တဲ့ နှလုံးသား
ဆွံ့ အ..လှုပ်ရှား.
မြေပြင်ပေါ် ပြုတ်ကျသွားတယ်။
အဆိုးဆုံးတွေ ပြင်ဆင်ထားပေမဲ့
အကောင်းဆုံးများ
လာလုနိုးနိုး
မျှော်ကိုးတာ.
လူ့ သဘာဝ
ဖူးစာ ဆိုတဲ့ စကားလုံးနဲ့ လွှဲချ။
ကံကြမ္မာ..
အရေခွံဖုံးနှစ်သိမ့်ကြ။
အမှန်က..
အာရုံ ငါးပါး..
သာရာစား တဲ့ လောက..
မတူတာ မြည်းချင်လှ..
တဏှာရာဂ
အစာဘဲမြင်..
ပင့်ကူမျှင်..မမြင်..
ဒါးသွားပေါ်က ပျားရည်စက် အသွင်။
အချိန်လွန်မှ..ပြန်မျှော်ကြည့်ကြ..
သိခဲ့ကြ..မေတ္တာဆို.
အချစ်ထက်အေးမြ
လွတ်တဲ့ ငါးက ပို ပို လှ.
ရင်ထဲက အတွင်းကြေ။
အချိန်တွေ ကြာ..’
အိုကေ’ မှာပေမဲ့
လောလောဆည်ရဲ့ ဝေဒနာ..
ဆို့ ကြပ်နာ.မွန်းသိပ်..
အလင်းရောင်တွေ မီးမှိတ်
ရယ်သံတွေ..တိတ်။
အပြုံးတွေ အိပ်ခဲ့တယ်။
ညောင်ညိုရိပ်က..
ဒဏ်ရာငယ်။
မသဒ္ဓါ (၂။၂၁။၂၀၀၈)
Thursday, February 21, 2008
အတွင်းကြေ။
Posted by
Ma Thadar ( မသဒ္ဓါ )
at
3:39 PM
Labels: ရင်တွင်းရှိုက်သံ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment