Wednesday, February 20, 2008

မေတ္တာစစ်..ဆိုသည်


အချစ် နဲ့ စစ်
တိုက်ဖြစ်တဲ့အခါ
စစ်နိုင်ဖို့ သာ ပဓါန
လက်မလွတ်ပိုင်ဆိုင်မှုသာ ပထမ
အတ္တဆိုတာ.အချစ်ရဲ့အစ။

ငါးရံ နှစ်ကောင်ကြား ရွေးရခက်
ဘယ် အကောင်က ပို ဆူ..
ဗျာများနေတဲ့ ချစ်သူ
ဘယ်တိမ်းရ..ခက်ခက်
ညာယိမ်းရ ရမလား ဂယောက်ဂယက်
မေတ္တာ နဲ့  ရာဂ
သစ္စာ နဲ့ သိက္ခာ
လွန်ပွဲဆွဲ ချိန်မှာ

မဟော်သဓာ ရဲ့..သားတရားစီရင်ခဏ်း
အမေနဲ့ ဘီလူးမ သားလုပွဲကြား..
ရင်ဝယ် ချစ်သား မပင်ပန်းအောင်
နားလည်.ရင်ကြေကွဲ
တကယ်တမ်း မေတ္တာစစ်၊
ကဲသူကဘဲ
နောက်ဆုတ်..လက်ရုတ်..
ဆုတ်ခွါ အရှုံးပေး
ချစ်သူကို နှလုံးအေးစေခဲ့ပေမဲ့
ကွယ်ရာမှာ ရှုံးသူ ငိုရှိုက်
လွမ်းလိုက်ရတာ..ချစ်သူရယ်။

မသဒ္ဓါ (၂။၂၀။၂၀၀၈)

2 comments:

blackroze said...

ကျမကဗျာတွေလာဖတ်သွားပါတယ်.မသဒ္ဒါ..

blackroze said...

ကျမကဗျာတွေလာဖတ်သွားပါတယ်..မသဒ္ဒါ

 
/* EOT ----------------------------------------- */