အကြိုက်ချင်းမတူ.
ဗီဇချင်း..မတူ
ခြားနားလှ..ဘ၀တွေ..ကိုယ်နဲ့မင်းလေ
ကန္တာရဲ့ ခရီးသည်လူ
ပန်းခင်းလမ်း..ဧည့်သည်လူ
အရောင်ကွဲဘ၀တွေ..ကိုယ်နဲ့ မင်းလေ
အရွယ်လည်း..မတူ.
အတွေ့ အကြုံချင်းမတူ.
ဖြတ်သန်းခဲ့...ဘ၀တွေ..ကိုယ်နဲ့ မင်းလေ
အားအင်လည်းမတူ.
စိတ်ဓါတ်ချင်း..မတူ..
ကွဲလွဲခဲ့ ..ဘ၀တွေ..ကိုယ်နဲ့ မင်းလေ
ဒေသလည်းမတူ
လာဖို့လည်း မလွယ်ကူ မျက်နှာလေးတွေ့ ချင်တောင်
အိမ်မက်ထည်းပိန်းပိတ်မှောင်
အချစ်တခုဘဲအားအင်..ရှိနေခဲ့စိတ်အစဉ်
သံသယ..ဝေတ၀ါး
စိုးထိတ်ထိတ်..သူမယုံကြည်ချင်
ခဲမှန်ဖူးသူ..အသည်းထပ်မကွဲချင်
နားလည်မှုလေး..ထားလှဲ့ ပါ
အချစ်စစ်လိုချင်ခဲ့ရင်
ဖြစ်နိုင်တဲ့အရေး...ရာနှုန်းဂဏန်းက..သေးသေးကလေး.ထင်
တဖက်သတ်ထဲရှိခဲ့လည်း
ကြေနပ်သူချစ်.ရသူပင်
ကြေကွဲ..လွမ်းမော..ဒီရင်တွင်.
မသဒ္ဓါ (၈။၁။၂၀၀၇).
Wednesday, August 1, 2007
ကြေကွဲ ..ရင်ခွင်
Posted by
Thadar (မသဒ္ဓါ )
at
12:20 PM
Labels: Love. Romance
Subscribe to:
Post Comments (Atom)
No comments:
Post a Comment