မင်းဘ၀ရဲ့..အမှောင်ထဲ
လမ်းပြနိုင်တဲ့ကြယ်ဖြူတပွင့်
ကိုယ်မဖြစ်ခဲ့ရပေမင့်
လမ်းအလည်မှာ
မှုန်ရီဝေမလင်းတလင်း..ကြယ်ကင်းတဲ့ည
အလင်းမျှင်းမျှင်းတစနဲ့ ပိုးစုန်းကြူး
ကိုယ်ဖြစ်ဖူးချင်တယ်
မင်းဘ၀ရဲ့..ပန်းကော်ဇောထဲ..
အရောင်စုံပန်းကလေးတပွင့်..
ကိုယ်မဖြစ်ခဲ့ရပေမင့်
ပင်ပန်းချိန်မှာ
ထုံရနံ့ မသင်းတသင်း..ကြည်လင်အေးမြ
မင်းနမ်းချင်ရင်နမ်းဖို့  အညတြ ခရေလေးအဖြစ်
ကိုယ်ဖြစ်ဖူးချင်တယ်..။
မင်းဘ၀ရဲ့..ချိုမြနေဆဲ
ပျားရည်..တင်လဲတစက်
ကိုယ်မဖြစ်ခဲ့ရပေမင့်
ကန္တာအလည်မှာ
ဆာလောင်မွတ်သိပ်..အပန်းတော်ချွေးသိပ်စရာ
အေးမြကြည်စင်သော..ရေအေးအေးတခွက်သာ
ကိုယ်ဖြစ်ပါရစေ။
အကောင်းဆုံးမဖြစ်ခဲ့သောမင်း..ဘ၀ထဲက
ကျန်ရစ်သေးသော..အကောင်းဆုံးသောအရာများ
ခံစား..ပြီး..စံစားယူု
ကိုယ်က..ကွက်လပ်ဖြည့်လိုသူ
မသဒ္ဓါ (၈။၃။၂၀၀၇).
Thursday, August 2, 2007
ဖြည့်ရန်လိုနေသေးတဲ့.ကွက်လပ်
Posted by Thadar (မသဒ္ဓါ ) at 9:42 PM
Labels: မျှော်လင့်ခြင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment