မေတ္တာဝါဒ
ဗြဟ္မာဇိုရ်တရားအစ လိုက်နာကျင့်ကြံဖို့ ရာက
ရှင်ဗုဒ္ဓဆီက သင်ကြားခဲ့တယ် ။
လိမ္မာယဉ်ကျေးဖို့ရာ..
လူ့ ကျင့်ဝတ်တွေလိုက်နာဖို့ ရာ..ဘာတွေကျင့်ကြံ
ဘဘုန်းကြီးက..သွန်သင်မှာကြားထားတယ်။
စည်းကမ်းနဲ့  ကလနား
ဘ၀မှာ..ဘယ်လိုနေသွားဖို့ 
ဖိုးဖိုးက..မှာကြားခဲ့ထားတယ်။
ဘ၀ကိုအမှန်မြင်..
အဆိုးဆုံးတွေကိုရင်ဆိုင်ရဲဖို့ 
ဖေဖေက..လမ်းညွန်ပေးခဲ့တယ်။
မိန်းကလေးပီပီသသ
အိမ်ထောင်ထိန်းသိမ်းတတ်ဖို့ က
မေမေက..လက်ကုန်သင်ပြခဲ့တယ်။
သိပ္ပမချန်
အိတ်သွန်ဖာမှောက် အသက်မွေးပညာတတ်တယောက်
ဆရာများက ပျိုးထောင်ထားခဲ့တယ်။
အလိမ္မာ.ဥာဏ်ပညာထက်ဖို့ 
ဇွဲသတ္တိမာန်..စိတ်တက်ကြွစေဖို့ 
စာအုပ်စာပေက အထောက်ကူပြု ခဲ့တယ် ။
သက်ကြီးစကား..သက်ငယ်ကြား
တဆင့် တဆင့်အမြင့် လူနေမှု
လူ့ အဖွဲ့အစည်းကသင်ကြားပေးခဲ့တယ်။
ချစ်ရသူတယောက်ရယ်..
ကိုယ်လည်းလေ..
ခင်ပွန်း..ချစ်အိမ်သား
အထင်ကြီးလေးစားပါတယ်။
ဘ၀ရဲ့ အောင်မြင်မှု လှို့ ဝှက်ချက်များ
ရှာဖွေ အတူတူ တွဲ
ပျော်ရွင်ဘွယ်..အနာဂတ်ထဲ
ဘယ်လိုချစ်ကြင်နာ.နားလည်တတ်စေရေး
ကျမကို..သင်ကြားပေးနိုင်မလား..မောင်.။.
မသဒ္ဓါ (၈။၉။၂၀၀၇).....
Thursday, August 9, 2007
ဘာတွေ..မောင်သင်ပေးမလဲ..ကျမကို..
Posted by
Thadar (မသဒ္ဓါ )
at
7:03 AM
Labels: မြတ်နိုးချစ်, မျှော်လင့်ခြင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment