လူ့ ဘ၀သက်တမ်းဘဲ.တ၀က်ခေါက်ရိုး
ကျိုးဘဲကျိုးနေပြီ..
အချစ် နဲ့ အမုန်း..
အပြုံး နဲ့  ဗျာပါဒ
သမရိုးကျတွေ..
ဆယ်ကျော်သက်အချစ်..ရူးရူးမိုက်မိုက် ချစ်..
နှစ်ဆယ်ကျော်အချစ်..သင့်တော်တာရွေး ချစ်..
သုံးဆယ်ကျော်အချစ်..ပြည့်စုံမဲ့သူတွေး ချစ်..
လေး.ငါးဆယ်ကျော်အချစ်..မေတ္တာရှိုမဲ့သူကိုတွေး ချင့်
ဘယ်လိုဘဲချစ်ချစ်..ပိုချစ်သူသာခံစားရဆုံး
အချစ်ရှုံးလို့  ..ဘ၀ပြုန်းခဲ့ဘူးတဲ့သူ
ခါးသက်သက်.နှလုံးသား..
ဆွေးမြေ့ကြေကွဲ.နှလုံးသား
ကြောက်ရွံ့ တုန်လှုပ်.နှလုံးသား..
ဦးဏှောက်က.တွေးစဉ်းစားမိတိုင်း
အချစ်ကိုမ၀င်စေချင်..တံတိုင်းတွေပိုင်း
အနားမလာစေ့ချင်..သံကွန်ခြာတွေဝိုင်း
လာသောဧည့်သည်ကို..အပြုံးနဲ ညင်းပယ်
မ၀င်လာပါနဲ့..ကိုရင်ရယ်..
ကြောက်တတ်သူ..ဒီရင်မှာ..
ပုဇွန်ဆီကလေး..ဆိတ်ဆိတ်..
မောင်ရင်လာတဲ့အခါ..တံခါးလှမ်းပိတ်..
ဂျိတ်..
မသဒ္ဓါ (၈။၆။၂၀၀၇)
Sunday, August 5, 2007
မောင်ရင်..လာရင်..တံခါး..ပိတ်.ဂျိတ်
Posted by Thadar (မသဒ္ဓါ ) at 12:11 PM
Labels: ရင်တွင်းရှိုက်သံ
Subscribe to:
Post Comments (Atom)
2 comments:
အစ်မကြီးရဲ့ အချစ်ကဗျာလာဖတ်ပါဦးဆိုလို့ မောင်ရင်လာတံခါးပိတ်ဆိုတော့ဘယ်နားက၀င်ရပါ့မလဲအကြပ်ရိုက်သွားပါကြောင်း..ဒီမောင်ရင်လေးတော့ဝင်ခွင့်ပြုနော်.. :-)
မောင်ကလေးကိုရင်ရေ..မမတံခါးပိတ်လိုက်တာက..ခွေးဝင်မှာစိုးလို့ ကွယ်။ လူစွမ်းကောင်းယောက်ျားသားတွေကျ..အစွမ်းရှိရင်..၀င်ဖို့ နည်းရှိပါတယ် ..၀င်လာခဲ့လေ..၀င်နည်းသိရင်လွယ်လွယ်လေးပါ။ ကိုရင့် အစွမ်းနဲ့ ကျန်စစ်သားလို..အရိန္နမာလှံထောက်ခုန်ပြီးသာဝင်ခဲ့.။
.အထဲမှာ..သူရဲကောင်းတယောက်တောင်ရောက်နှင့်နေပြီရော။..တော်လှန်ရေးအတွက်ဆွေးနွေးကြတာပေါ့
Post a Comment