Wednesday, August 8, 2007

ဘုရင်မပါတဲ့..စစ်တုရင်ပွဲ

ဒို့ ဟာလေ..
စစ်တုရင်ပွဲထဲက..ဘုရင်မ..
အသုံးမကျတဲ့..ဘုရင်ဧကရာဇ် ကို..အသက်ပေး..
ကာကွယ်ဖို့ လက်မနှေးတဲ့..မဟေသီ..
သစ္စာရှိတဲ့..ဒေ၀ီ..
ထက်မြက်တဲ့…ဧကရီစစ်သည်..

သံချပ်ကာဝတ်..စစ်ဘုရင်
ဒါးကိုဝင့်..အလံကိုလွှင့်ကာလှမ်း..
တလှမ်း..ချင်းသာရွေ့ ..
မပိုင်တဲ့ရုပ်သေးဘုရင်
ရန်သူကိုအငုတ်မချွေနိုင်ချင်

ထက်မြက်တဲ့မိဘုရား..ဒို့ ..
ဒေါက်လိုက်ပဲပို့ ပို့ 
အလျှားလိုက်ဘဲပြေးပြေး..
အနီးမှာလည်းစားနိုင်
အဝေးသို့ လည်းသွားနိုင်
ကြိုက်သလို ကစားနိုင်

ချစ်ကြင်သူမင်းကြီး ထံတော်ပါး..
အသက်နဲ့ ခန္ဓာ စတေးထား..
အချစ်ဝိဥာဉ်ကို..ပေးထား.
အနီးနား..ခစား…
ဝေးစစ်မြေပြင်သို့ စစ်တိုက်သွား
ဘက်စုံရတဲ့..ထိပ်ထား..

မျက်မှောက်ခေတ်ရဲ့..မိန်းမသား..
မှီခိုစားဖို့ ..ယောက်ျားကိုမလို..
ကိုယ်ကချစ်ရမဲ့..ယောက်ျား..
ကိုယ့်အပေါ်..စစ်မှန်ချစ်မဲ့ယောက်ျားသာလိုအပ်.
လွတ်လပ်ခြင်းနဲ့ ..အမြင်ရှင်းမှု..
တူညီနားလည်..လုပ်ပိုင်ခွင့်ဘဲလိုတယ်..

သာမှ..စားမဲ့ယောက်ျား
မျက်နှာများမဲ့..ယောက်ျား..
သစ္စာမထားမဲ့ ယောက်ျား
ဖေါက်ပြန်မှားမဲ့..ယောက်ျား.
ဒို့ များမလို..ကန်တော့ဆွမ်းဘဲဆိုမယ်..

ခုခေတ်အတွက်..စစ်တုရင်ကစားနည်းအသစ်..
မသဒ္ဓါ တီထွင်ဖြစ်ရင်..
တကွက်ထည်းသာပြေးမဲ့..မင်းကြီး.
မိဘုရားကာကွယ်မှ..ဘေးရှင်းမဲ့မင်းကြီး..
ကိုယ်လွတ်ရှောင်..သားရဲဘောကြောင်တဲ့မင်းကြီး
မလိုဘူး..ရှင်းထုတ်..
ဘုရင်မပါမဲ့..စစ်တုရင်နည်းသစ်..ထွင်
ဘုရင်မတယောက်ထဲဘဲ..တိုက်ပွဲဝင်ချင်တယ်။..

မသဒ္ဓါ
( ကောင်မလေးတွေကအားပေးမပေးမသိပါ။. မသဒ္ဓါ ခေါင်သူကြီးလုပ်နေတာကို ကောင်ကလေးတွေက တော့ဆဲမှာသေချာတယ်..မမကြောက်ကြောက်)

2 comments:

Thadar (မသဒ္ဓါ ) said...
This comment has been removed by the author.
Thadar (မသဒ္ဓါ ) said...

Thadar said...
7 comments:
Thu Rein said...
chess ကစားရာမှာ queen ရဲ့ value က 10 ပါ။ကျန်တဲ့အရုပ်တွေ ထက်တန်ဖိုးမြင့်ပါတယ်။ ဒါပေမယ် king ရဲ့ value က infinite လေ။ ဒီတော့ဘယ် လိုမှယှဉ် မရတာပဲ Ma Thadar ရယ်။...ဟဲ..ဟဲ

June 4, 2007 12:09 AM
naing said...
ပွဲစပြီ လား ခင်ဗျာ ၊ မတတ်ကျွမ်းသော ပရိသတ် တစ်ဦးပါ ။

June 4, 2007 3:29 AM
Ko Nay Gyi said...
သြော်.... တန်ဖိုးမှမတူတာကို...။ ဒါပေမဲ့ ဘုရင်ကြီးမရှိတော့ရင်တော့ ဆက်ကစားလို့မရတော့ဘူးနော်...။ ရှုံးသွားပြီလေ...။

June 5, 2007 8:12 AM
Layma said...
mama,,,go on...
I like ur poem...
Pls share more than like this...
If the King is talented ,dose the queen need him????

June 8, 2007 7:52 AM
Thadar said...
အမှန်ကတော့လေးမာရယ်..ကျမရည်ရွယ်တာက..ဖောက်ပြန်တတ်တဲ့ယောက်ျားကိုကံမကောင်းစွာရပြီးအားငယ်နေတဲ့မိန်းမများအတွက်ရေးပေးတာပါ။ဘယ်သူမဆိုရွှေမင်းသားတော့လိုချင်ကြတာပေါ့။ပုံပြင်ထဲကရွှေမင်းသမီးတော့ဖြစ်ချင်ကြတာပေါ့.မှန်းလျက်နဲ့နှမ်းထွက်မကိုက်တော့လည်း..ဟန်ကိုယ့်ဖို့ပေါ့လေ.အားလျှော့ပြီးယောက်ျားနိပ်စက်လို့.ဘ၀ပျက်တာထက်စာရင်..တယ်..ဒီမိန်းမသူ့ကိုယ်သူတော်တော်အထင်ကြီးပါလားအထင်ခံရတာ။သိပ်မဆိုးဘူးထင်ရတာဘဲ..ဟဲဟဲ....ကျေးဇူးတင်ပါတယ်၊လာအားပေးတာ။တဲလင့်ရှိပြီးကိုယ့်အပေါ်ကောင်းမဲ့မင်းကြီးတွေ့ရင်တော့ မသဒ္ဒါအသက်ပါပေးလိုက်မှာပေါ့။ဘွာတေး..ဘွာတေးဆိုပြီး.။ဟီးဟီး..ကောင်လေးတွေကိုတော့ပြန်မပြောနဲ့နော်.မမရှက်ရှက်

June 8, 2007 9:07 AM
MELODYMAUNG said...
မသဒ္ဓါရေ မလို ဘ၀ကဗျာတွေရေးတတ်ဘူး အချစ်ကဗျာပဲရေးတတ်တယ် ဘယ်လိုလုပ်ရမလဲ။ ပြီးတော့ ဘယ်သူတွေဘာပြောပြော စစ်တုရင်ပွဲထဲက..ဘုရင်မ..လုပ်ချင်လို့

 
/* EOT ----------------------------------------- */