ဇာတ်သိမ်း.ကောင်းမကောင်းတော့..မသိ..
ဇာတ်အစ..ကတော့..နွမ်းရိရိနဲ့ စတယ်..
အချစ် ဇာတ်လမ်း.ဟုတ်မဟုတ်.မသိ..
အလွမ်းဇာတ်မို့ ..ငိုဖို့သာပြင်ချေ။
ချစ်ခွင့် ရှိမရှိ..မသေချာ..
လွမ်းခွင့်ကတော့..အရင်လာ..
ပျော်ရွှင်ခွင့်က..ကန့်လန့် ကာနောက်ပုန်းနေဆဲ..
ငိုကြွေးခွင့်က..ပွဲထွက်အစလေးတင်..
ကြင်နာခွင့်က..ရင်ထဲမှာ..တပုံတမ..
နာကြင်ခွင့်က တီးလုံးနဲ့..က.
စိတ်ကူးယဉ် ခဏ.ချစ်ကမ္ဘာအစ..
နိုးထမိမှ..အိမ်မက်..သိရ။
စေတနာရှိသမျှ..ဝေဖြာ..ချစ်ပြ
နားလည်မှု က..လက်တွေ့ မရ။
မေတ္တာ.ကုံလုံ..လုံခြုံ သူ့ ဘ၀..
ဥပေက္ခာက..ဆုလာဘ်အဖြစ်ရ။
အတွေးတွေထဲ..တကဲ့အနီးလေး..
လက်တွေ့ ဘ၀ ကမျှော်လေလေဝေး..
လိုတာမရ..ရတာကျ..မလို..
လောကဓံက..ထုကာထောင်း..
အချစ်ဆိုတာ..ပုံစံခွက်ထဲလောင်းတောင်
တူညီဖို့အကြောင်းက..တစက်.မရှိ..
သိထားသည့်နိဂုံး..ချစ်ရသူဘဲအရှုံး..
ဘယ်လိုဘဲ .အမှန်ကိုသိသိ
ဘယ်လိုဘဲ .ဖြစ်နိုင်ချေရှိရှိ..
ရင်ထဲမှာ.အခုတိုင်.တစုံတခု..ရှိ
နောက်ဆုံးကျန်သည့်..
ပင်ဒိုရာရဲ့..သေတ္တာထဲက.
ဒီ..မျှော်လင့်ခြင်းကလေး..သေးမျှင်မျှင်..
မသဒ္ဓါ (၈။၆။၂၀၀၇)........
Sunday, August 5, 2007
ပင်ဒိုရာရဲ့..သေတ္တာထဲက..မျှော်လင့်ခြင်း။
Posted by Thadar (မသဒ္ဓါ ) at 11:39 AM
Labels: မျှော်လင့်ခြင်း
Subscribe to:
Post Comments (Atom)
2 comments:
သေတ္တာပျောက်လို့ လိုက်ရှာတာ မသဒ္ဒာဆီရောက်နေတာကိုး..
ပင်ဒိုရာ့သေတ္တာ.တိတ်တိတ်ကလေး..တိုထားတာ..လူမိသွားတာနာတာဘဲ။
မသဒ္ဓါကြီးချစ်တတ်တာ..လူသိသွားတာ…ရှက်စရာဘဲ..ဟဲဟဲ။
အားလုံးလည်းပျော်.. မသဒ္ဓါလည်းပျော်အောင်.ချစ်တဲ့သူလည်းရိပ်မိ အောင်.အချစ်ကဗျာ ရေးကြည့်ပါတယ်ရှင်။ ဖတ်ကြည့်ပြီး..ဒါ..ငါ့ကိုစောင်းရေးတယ်.. ထင်လည်း ..ဟုတ်ပါတယ်ရှင် ..လွတ်လပ်စွာခံစားပါ။ ပင်ဒိုရာ့သေတ္တာ.ထဲကမျှော်လင့်ချက်ဟာ..အချစ်နဲ့ထိုက်တန်တဲ့လူတွေအားလုံးအတွက်ပါဘဲ
Post a Comment