ဒီပျားရည်တစ်စက်
ဒါးသွားမြိမြက်မြက်ပေါ်
အန္တရာယ်ရှိ..သိ.
သို့ သော်..မြည်းချင်၏။
ပင်လယ်ဆားရေ
သောက်လေ.ငတ်မပြေ.
ခါးငန်ညိညိ..သိ.
သို့ သော်..သောက်ချင်ဘိ။
ငါးမျှားချိတ်ပေါ်ကအစာ
မြှူဆွယ် စားလှည့် လာ
အတွင်းမှာ..ချိတ်ကရှိ.။
သို့ သော်..စားချင်မိ။
ဟန်ပြတဲ့..ကဒေါင်းကလေး
ကျော့ကွင်းတောင်..ညှို့ ယောင်ဆောင်
အသံပေး.. ထောင်ချောက်ဆင်
သို့ သော်..ငြိဝင်ချင်။
အချစ်ဆိုတာမြှုံးတစ်ခု..
ချိုမြိန်ခြင်း ရဲ့ အဆုံး..အခါးသီးဆုံးရှိ၏။
အချစ်နဲ့မျက်လုံး…အမုန်းမျက်စောင်းရှိ၏။
အကြင်နာတွေသုန်း..နာကျည်းအမုန်းရှိ၏။
အလှအပအလယ်….ပရိယာယ်များကြွယ်၏။
ရေအလျှင်ထင်သော်ငြား..တံလျှပ်ပြင်အတိ။
မြှားထားအစာရဲ့ပေါ်.အဆိပ်ရည်တို ဖုံး၏။
ဘာဘဲဖြစ်ဖြစ်..
နောင်ဖြစ်ခါမှ နောင်ခါဈေး..
ခုရှိတဲ့အချိန်ကလေး..သွေးအေးမသွားခင်..
ချစ်..ချစ်..ချစ်..လိုက်ချင်..
ခါးသီးမဲ့ မနက်ဖြန် များစွာအတွက်..
ချိုမြိန်မဲ့..တမနက်ခင်း..
အသည်းဘဲ..ရင်းရ ရင်းရ.
ဘ၀ဘဲ.ရင်းရ..ရင်းရ..
နောက်ကျမှ ချုံးမဲချဘဲ..ငိုရ..ငိုရ..
ကျမလေ….ဒီအမိုက်မ.သာဘဲ…
မောင်ကဲ့ရဲ့ဆိုချင်လည်း..ဆိုရက်တော့ စေ။
မသဒ္ဓါ (၈။၂၀။၂၀၀၇)..
Monday, August 20, 2007
ချိုမြိန်ဒုက္ခ
Posted by Thadar (မသဒ္ဓါ ) at 10:48 AM
Labels: မျှော်လင့်ခြင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment