Wednesday, August 15, 2007

မုန်တိုင်းလွန်..သော်..


ဒီ.မိုးဥတုမုန်တိုင်းရာသီ
ပင်လယ်ဆီ..ဗဟိုပြု
အဆင့်(၅)မုန်တိုင်းတစ်ခု.
ဦးတည်ပြုလာနေ..ကျမနေတဲ့မြေ.

တနယ်မြေခြားနေရဆဲလူ..
သိပ်စိတ်ပူတတ်တဲ့ချစ်သူ..
သူလာရေးခက်ခက်
နာရီမပြတ်..ဖုန်းဆက်.
ကျမတို့ အတွက်..ရတက်ဖြာတပူပူ..

အပြင်ဖက်ဆီ..ယိမ်းကနေသည့်အုန်းပင်တန်း
ကြောက်ဖက်ဖွယ်..သေမင်းတမာန်.လေပြင်းကြမ်းကြမ်း..
မိုင်..၁၀၀ကျော်တဲ့အရှိန်နဲ့ခြောက်.
တဆတ်ဆတ်..တုန်ခါနေတဲ့.ပြူတင်းပေါက်
ခု..မုန်တိုင်း ရောက်လာပြီ..

လွင့်ကြွေ..မိုးပေါက်..ဇီးသီးကင်းလောက်
မှုန်မဲရှစ်ခွင်..၀ဿာန်တိမ်ပြင်..
အေးစိမ့် အိမ်တွင်း.
ကြောက်ရွံ့ ခြင်းနဲ့ကျမ..သူ့ ကိုသတိရလိုက်တာ။
သူသာ..အနားမှာ..ရှိရင်ကောင်းမှာ။

သဘာဝရဲ့ဘေးရန်..အချိန်မရွေးသေနိုင်တဲ့ ဘ၀.
ကျမနဲ့ သူ အချိန်တွေဆွဲ..မရွေးရဲသေးတဲ့အနာဂတ်..
အသက်ကြီးလာတောင်..နှစ်သက်ရာရာမရွေးနိုင်သေး
ဖခင်ကောင်းနဲ့  မိခင်ကောင်း.
အင်း.နံမည်လေးတော့ခပ်ကောင်းကောင်း
အသည်းထဲမှာ..အနစ်နာခံခဲ့တဲ့ရာဇ၀င်ကြောင်း..
အချစ်..နေရာက လစ်ဟာနေခဲ့ဇာတ်ကြောင်း..
လွမ်းဒဏ္ဍာရီအဟောင်း..များစွာ.ရင်ထဲမှာ.

သူချစ်တာကို..ကျမယုံ..
ဖူးစာဆိုတာ..ရှိရင်..ကိုယ်တို့ ဆုံ.
အကြင်နာခြုံ..ဘ၀နှစ်ခု လုံကုံ..
တူတူနေမယ်..တနေ့နေ့ ယုံ။

အပြင်ကမုန်တိုင်း..
ဒို့ နှစ်ယောက်ဘ၀မှာလည်းမုန်တိုင်း
ကြမ္မာရိုင်းနေဆဲခဏ..
အားပေးကြမယ်..သူနဲ့ ကျမ..
အပေးအယူမျှ.. မုန်တိုင်းကြားမှ နေ့ရက်တွေ..

ဘယ်ဆီဝေးဝေး..အနီးကလေး ကိုယ်နဲ့ သူ..
ဘ၀ခြင်းဖလှယ်မဲ့သူ..နားလည်ပြီး.ကြင်နာမဲ့သူ
သူဘယ်သူဖြစ်ဖြစ်..ကျမက.ချစ်
ကျမဘယ်ပုံဖြစ်ဖြစ်..သူ သံယောဇဉ်ဖြစ်..
အားပေးကူညီလက်တွဲ..မုန်တိုင်းထဲမှာရဲရဲ..

မကြာခင်..
မုန်တိုင်းကကျော်ဖြတ်..လေပြင်းလည်းရပ်တော့မယ်..
နေခြည်..မြူးတူး..လေပြေညှင်းနဲ့မနက်ခင်း
ကောင်းခြင်းများစွာ..အရောက်ပြန်လာမဲ့ အချိန်..
မျှော်တလင့်လင့်..စောင့်နေဆဲ
အားမငယ်နဲ့ မုန်တိုင်းထဲကချစ်သူ..
ကြင်နာစွာ..ကျမလက်ကမ်းမယ်..ယူ..
ကြည်စင်ရောင်ခြည်..၀င့်ဝင့်
ကျမတို့ နေ့ သစ်.အပျော်လမ်း
မျှော်မှန်း စို့  မောင်နဲ့ အတူတူ

မသဒ္ဓါ (၈။၁၅။၂၀၀၇)..

No comments:

 
/* EOT ----------------------------------------- */