ကိုယ်ချစ်ရသူက..အဝေးမှာ..
ချစ်သူနဲ့ကွေကွင်းရဘ၀.မီးထက်မကခံစားပြီး
ရွှေပင်လယ်ကလည်းဆီး..
ဘယ်လိုမှနီးလို့ မဖြစ်နိုင်တဲ့ဘ၀..
နောင်ဘ၀ကျမှအတူတူနေဖို့အရေး..
ကိုယ့်..ဆုတောင်းကလေး.
ကိုယ့်ကားရှေ့တည့်တည့်..
ကြီးမားတဲ့ကုန်တင်ကားက ရုတ်တချည်းပေါ်လာ..
ကိုယ်မျက်စိပြာ..ခန္ဓာ..လေထဲလွင့်စင်..
ဆုတောင်းတော့ပြည့်ပြီထင်..
အခု..ရုပ်မဲ့..နာမ်နဲ့ကိုယ်..
လိပ်ပြာလိုလွင့်ဝဲ..ချစ်ရသူအပါးအမြဲ..
နေခွင့်လည်းရပြီ.
ကြိုလှဲ့ ပါတော့..ချစ်သူ့ ရင်ခွင်ဆီ.။
ချစ်သူက ကိုယ်ရှိနေတာ မသိ..
ကိုယ့်ကိုလည်းမမှတ်မိ..နာမ်အတိနဲ့ကိုယ်..
သူသွားရာတကောက်ကောက်လိုက်.
ဘာဘဲလုပ်လုပ်သူ့ အနား..
စကားတော့.ပြောမရနိုင်
ဆက်သွယ်ရေးခက်ခက်..
သူမသိသား..ပျက်ကွက်..
အပျက်အပျက်..နှာခေါင်းသွေးကထွက်..
သူက..ရက်စက်ပြီ.။
ကျမရှေ့ တည့်တည့်..
သူ့ ချစ်သူအသစ်ရဲ့ နှုတ်ခမ်းကိုနမ်း..
ဒေါသလွှမ်းတဲ့ကျမ..ဘယ်လိုစိတ်ကောက်ပြရမလဲ..
ကိုယ်ထင်ပြလို့မတတ်တဲ့ ကျမ..
ဆုတောင်းတော့ မှားခဲ့ရပါပေါ့..
နာမ်တခုနဲ့ဘ၀..ခုငရဲမှာကျ..
လူသားနဲ့ဝိညာဉ်..ပေါင်းဆုံရန်မဖြစ်..
ချစ်သူဆီကခွါပြေး..
ခုတော့..ဆုတောင်းလွဲ ကိုယ်ဘ၀လေး..
ငရဲထဲမှာ…ဆူ..
ငရဲထဲမှာ…ပူ..
ငရဲထဲက…လူ..
မသဒ္ဓါ (၈။၁၂။၂၀၀၇)
Sunday, August 12, 2007
ဆုတောင်း..မှားခဲ့ပြီ။
Posted by Thadar (မသဒ္ဓါ ) at 1:00 AM
Labels: ရင်တွင်းရှိုက်သံ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment