မျက်လုံး.. စုံမှိတ်
အိပ်ဖို့ ကြိုးစားလည်း
မြင်လွှာရိပ်ထဲ
သူ မှသူဘဲ ..နေရာယူ။
နားအစုံ..ပိတ်..
တိတ်ဆိတ်ဖို့ ကြိုးစားလည်း
သောတရုံထဲ
သူ မှသူဘဲ.. နေရာယူ။
ရင်တံခါးပိတ်
ပုန်းရှောင်လိုက်ဖို့ ကြိုးစားလည်း
အာရုံငါးပါးထဲ
သူ မှသူဘဲ ..နေရာယူ။
ရုးသွပ်တွေဝေ
အချစ်ဆိပ်သင့်
နေရာမရ
အဖြေရှာမရ
မရေရာတာက..သူ
မသေချာတာက..သူ
နှင်ပြန်..နှင်လည်း
ညိစွဲ ရင်ခွင်..ဆူးအသွင်..နစ်
တမ်းတရသူ
သိပ်လွမ်းခဲ့ရသူ...
နှလုံးသားထဲက ..ဒီလူ
အတွေးများထဲက ..ဒီလူ..
အိမ်မက်ထဲက ..ဒီလူ
ကျမ..ချစ်ရတဲ့လူ
သူ..မှဘဲ..သူ
မသဒ္ဓါ (၈။၈။၂၀၀၇).....
Wednesday, August 8, 2007
သူဘဲလေ..အချိန်ပြည့် အနားမှာ..
Posted by
Thadar (မသဒ္ဓါ )
at
9:17 AM
Labels: မြတ်နိုးချစ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment