ဒီ ပျော့ညံ့ညံ့ နှလုံးသား..
သဖန်းပင်ထက်ဖျားဘဲ..
ချိတ်ထားဖို့ကောင်းတော့တယ်
ဖြစ်စရာလား
ထက်မြက်တဲ့ဦးဏှောက်
လျှပ်စီးလက်..မိုးကြိုးသက်
အချစ်ကြောင့်လမ်းစလည်းပျောက်
ချောက်ကပ်ကပ် မှောင်ရီဝေ
ချစ်စရာလား
ကွဲဘူးတဲ့.အသည်း
ရေလို့ ဘဲတွက်မရ
အကြိမ်ကြိမ်အဖန်ဖန်..ဗုံလုံတပြန်..ငါးပျံ..တဆန်
နလံထပြန်ပြန်ချစ်..အမှတ်လည်းမရှိတဲ့အဖြစ်
အရှက်ကြိုးပြတ်..ထပ်တဖန်
ဘာလိုများ..မနာလိုဝန်တို
သူ့အရွယ်တူ..အပျိုတွေနဲ့ စကားပြောတိုင်း
ရင်မှာ..မိစ္ဆိယလှိုင်းထန်
လူကြီးရယ်...ကိုယ်မဆန်နိုင်
ဖြစ်သင့်တာ တခု..ဖြစ်လာတာကတမျိုး
အများရဲ့ တံတွေးခွက်ထည်း
ပြောလဲပြောကြမယ်
ခလေးငယ်မို့ မုံ့ ကြွေး
အချိုပေး ကြိုက်သေးတယ်..လဲဆိုမလား
ဖျားယောင်းသွေးဆောင်
မာယာနဲ့ ထောင်တယ်ဘဲ..ဆိုစေငြား
သိတယ်လေ..ဘုရားစူးရစေ့
ကျမ..ဥဒေါင်းမင်းကို..မမျှားရပါဘူး
ဒေါင်းမင်းရဲ့ကျော့ကွင်း..အမိခံခဲ့တဲ့သူ
အချစ်များရဲ့..သားကောင်
ဒီက..ဒေါင်းမလေးတကောင်
မသဒ္ဓါ (၈။၁။၂၀၀၇)..
Wednesday, August 1, 2007
ကိုယ့် ကိုကိုယ်..မုန်းတီးခြင်း
Posted by Thadar (မသဒ္ဓါ ) at 3:26 PM
Labels: မြတ်နိုးချစ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment