နှင်းဆီနီနီက...တစ်ပွင့်
ချစ်စရာ ၀က်ဝံရုပ်ကလေးကတစ်ကောင်
အရသာချိုခါးခါး.. ချောကလက်
ချစ်သူအတွက် လက်ဆောင်
ချစ်သူများရဲ့နေ့မှာ
ကြည်လင်စေချင်တာ မင်းရဲ့မျက်နှာ
ကိုယ်ပျော်ကာအရောက်လာခဲ့သော်လည်း
မင်းနံဘေးမှာ..ဒူးထောက်နေသူတယောက်
လက်စွပ်ပေါ် ကစိန်ရောင် တောက်တောက်
ငွေပေါပေါငနဲသားနောက်
ကိုယ့်ချစ်သူတယောက် ပါသွါးခဲ့ပြီ
သူ...ရက် စက် သည်
ကိုယ့်နှင်းဆီနီနီရနံ့များ
တမာလို ခါး သက်ခဲ့
ချောကလက်ကလေးချိုချို
စိန်လက်စွပ်လောက်တော့ ဘယ်မချို
ကြွေမျက်ရည် ၀ိုင်းခဲ့ရ
ဗာလင်တိုင်းရဲ့... ည..တစ်ည
မသဒ္ဓါ
Saturday, July 28, 2007
ချစ်သူများနေ့၇ဲ့ည.. တမြေ့မြေ. သတိ၇
Posted by
Thadar (မသဒ္ဓါ )
at
11:04 AM
Labels: ရင်တွင်းရှိုက်သံ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment