Sunday, July 29, 2007

မင်းသက်တမ်းရဲ့နောက်ဆုံးခုနှစ်နှစ်.လာနေလှည့်လေ.ဒို့ နဲ့ အချစ်။

အခုနေအချိန်..
မင်းဆီမှာ..စွမ်းအားများစွာရှိ
ဂုဏ်နဲ့ မာန..တဏှာနဲ့ ရာဂ
ငွေကြေးနဲ့ ပကာသန
ရာထူးနဲ့ ဝိသေသအရွယ်ရဲ့ အလှအပ
ဘ၀ဟာ..အောင်လံ..တလွင့်လွင့်
နေညိုချိန် မကျရောက်သေးခင်
လုပ်နေသမျှ..အားလုံးတင့်တယ်
ရွှေ မှင်ရေးစစနဲ့ ..မင်းရဲ့ဘဝ
ကိုယ်လိုအညတြအတွက်အချိန်မကျသေး
မိန်းမလှလေးတွေနဲ့ ..ပျော်ပါးနှင့်ဦးနော်.။

အနောက်တိုင်းရဲ့စကားပုံအရ
ခုနှစ်နှစ်စာဘဲ..အချစ်သည်းလှတဲ့ဘဝ
ရတာမလို..လိုတော့မရရ
ပြီးလည်း ညီးငွေ့ တတ်တာ
လူ့ သဘာဝပူနွေးစွာ..ချစ်တတ်လေ့ရှိကြ
ခုနှစ်နှစ်ဆိုတဲ့ ကာလ.ဒီလိုတကယ်မှန်ရင်လေ
မင်းရဲ့အချစ်..အခုမယူဖြစ်
မင်းအသက်ကြီးလာမှ ချစ်ချင်တယ်။
ဒီလောက်ထိ မင်းကို..ကိုယ်ချစ်တယ်။

အားအင်နဲ့ မင်းလက်တွေအစား
အားပျော့အကူအညီလိုမဲ့..မင်းလက်ကလေး
ကြင်နာစွာ..ကိုယ်ပိုက်ထွေးချင်။

သန်မာမြန်ဆန်မဲ့ မင်းခြေထောက်အစား
ယိမ်းယိုင်ပျော့ခွေ...ထိုင်နေ
မင်းတွန်းလှည်းလေးဘဲ.ကိုယ်တွန်းပေးချင်.။

ဆေးရုံကုတင်ပေါ်..ပြုစုသူဝေး
လဲလျှောင်းနေတဲ့
ခန္ဓာကိုယ်လေး
အညစ်အကြေးပြုစု..ကိုယ်ယုယချင်။

မာနလွှမ်းမဲ့ မင်းလေသံအစား
တုန်ရီအားနွဲ့ တဲ့အသံကလေး
နဖူးပေါ်..အနမ်းလေးပေး
အားပေးနားဆင်ပေးချင်

အိပ်မရညပေါင်းများစွာ.ကြုံကာတွေ့ 
ပျော်မွေ့ စွာမင်းအိပ်နိုင်ရေး
အိပ်ရာဝင်ပုံပြင်လေးများ
ကိုယ်ပြောပြချင်။

နေရီရီ..ငွေတိမ်တောက်
ကမ်းသောင်ပြင်ပေါ်..တခေါက်
မင်းလက်ကိုတွဲ..လမ်းလျှောက်ပေးချင်။

စိတ်မကြည်သာ..မင်းအော်ငေါက်
အပြုံးမပျက်မင်းအနားအရောက်
ဆေးပေးမီးယူချင်

အခုအချိန် မင်းနေရာက..တနယ်အဝေး
မိန်းခလေးတွေ..တွေ့ ကရာမဆိုင်း
အရူးမီးဝိုင်းချိန်..ဟောဒီမှာကျမ
မိုးကုတ်စက်ဝိုင်းရဲ့အစ
စိတ်ရှည်လှစွာ..စောင့်လို့ နေ
အချစ်လိုချင်..လှမ်းခေါ်လေ..။

ပန်းကြွေလို..ကြွေလာမဲ့တနေ့ 
မြေပေါ်ကလေ..ကျမလာကောက် ပါရစေ
ဂရုဏာရင်ခွင်အရိပ်အောက်.မှေးတခေါက်
လာနားခို.လေ

မင်းဒီဘ၀ထဲက ခွါတဲ့တနေ့ 
ခေါင်းတလားထဲက..အိပ်စက်မင်းကို
အသာနမ်း..နှင်းဆီကမ်း
အမျှပေး..နုတ်ဆက်
မင်းကောင်းရာဘုံသို့ ရောက်စေ။

မင်းရဲ့ပြာမှုန်များ ပင်လယ်မှာဖြန့် ကြဲ
ငြိမ်းချမ်းရေးရရအောင်
စစ်မှန်မဲ့အချစ်..မင်းမသေခင်ခံစားဖြစ်အောင်..
အချစ်ဦးနဲ့ လွဲခဲ့ရတဲ့..ဘဝ
အချစ်နှောင်းတော့ပြန်ရချင်။

ကြင်နာစွာစောင့်စား..ကျမဒီမှာပါ..မောင်..
အခုအချိန်..ကျမအချစ်အကြောင်းပြောပြ
မောင်..ဟားတိုက်စရာဟာသ..ရယ်မောနေပါ့မယ်.။

အချိန်တန်..မောင့်ဘ၀ရဲ့နောက်ဆုံးခုနှစ်နှစ်
ကျမ..လာခေါ်ရစ်ပါမယ်.။
မောင်ဘ၀အတွက်
အချစ်စစ်နဲ့ ပျော်ကာရွှင်
ကျမအချစ် ဂန္ဓ၀င်
မောင့်ဘ၀ အေးချမ်းစေဖို့ ကျမ..အာမခံတယ်ရှင်။

မသဒ္ဓါ (၇။၂၂။၂၀၀၇)

1 comment:

Thadar (မသဒ္ဓါ ) said...

thahlaoo said...
ကဗျာတွေက ကောင်းသထက်ကောင်းလာပါတယ်။

July 21, 2007 7:16 PM
ခင်မင်းဇော် said...
အမ ဒီကဗျာက တကယ်မိုက်တယ်။
အတွေးရော အရေးရော
အင်းးး.......
တကယ်ခေါ်ရင် ဖြစ်ပါ့မလားအမရယ်။
အိပ်ရေးပျက်မယ်နော်။ လူမမာ ပြုစုရတာ မလွယ်ဘူး။
ဟီးဟီး

July 22, 2007 1:14 AM

 
/* EOT ----------------------------------------- */