Sunday, July 29, 2007

ဒီကမ်းစပ်သောင်ပြင်ပေါ်ငေး..ကိုယ်လေ..ရေသူမလေးချစ်သူ..

မင်းတဲ့ဆုံတဲ့ည..အကြည့်လေးတစ်စ.
ရင်ထဲမှာလှိုက် ထပ်မမိုက်ချင်ပေမဲ့..
စူးကျန်ရစ်တာ…တစုံတခု.. ရင်ထဲမှာ..

မကြီးမငယ်…..အရွယ်လတ်.
မလတ်ဆတ်တော့တဲ့ နှလုံးသားနဲ့ဘဝ
မုန်တိုင်းတော့…ထပ်စပြီ..

အချစ်ဆိုတာ.ဒါလား.
မေ့ထားတဲ့ ပန်းသီးရဲ့ ချိုရသ..
ဒါးသွားပေါ်က ပျားရည်စက်များ
တမ်းတပြန်လည်ခံစား..
လောင်ညီးရင်မှာ..မီး ဗျာပါဒါ

မင်းနဲ့ ကိုယ်..အရွယ်ခြား
ကွဲပြားတဲ့..ဘ၀ရဲ့ အရောင်..
ချေစားကာ ညှိလို့မရတဲ့ အပိုင်းဂဏန်းနဲ့ပုစ္ဆာ.
မျဉ်းပြိုင် နှစ်စဉ်းရဲ့ပြေးရာလမ်း..တူညီမှုက..သေးမျှင်တဲ့ အချစ်တစ.
ဘ၀စဖို့ အရေး..သတ္တိလေးမဖျစ်ညစ်ကျယ်..
တွေးရင် ရင်မောတယ်.

ကိုယ်နေရာအနောက်..သူနေတာအရှေ့ 
အလယ်မှာသမုဒ်ပြင်ခြား ..မိုင်တွေခြားကမ်းမမြင်.
လွဲခဲ့ပြီ..ချစ်သူ့ ရင်ခွင်..
ချစ်သူဆီပြေးတွေ့ ဖို့ ..ပျံဖို့ တောင်ပန် ကိုယ်မရှိ..
ချစ်သူ သိဖို့  စာစီရေး…ကာရံလေးတောင်ကိုယ်မနိုင်..
ချစ်သူကမသိသေး.နုံနဲ့ နဲ့ အချစ်ကခုဘဲ ရင် ထဲပိုင်

ရိုးစင်းစွာသာ..လွမ်းတသသ..ရင်မှာ..နွမ်းဟိုက်လျလျ
ချစ်သူ ရင်တိုးဝှေ့ ဖို့ အရေး လေပြည်လေးဘဲ..ဖြစ်လိုက်ချင်..
ချစ်သူ ဆံပင်လေးကို နမ်းရှိုက်..နေခြည်လေးဘဲ..ဖြစ်လိုက်ချင်..
ချစ်သူ မျက်နှာကိုခဏ.ခဏ ခိုးကြည့်..မှောင်ရီ ကြယ်တပွင့်ဘဲ..ဖြစ်လိုက်ချင်.
ချစ်သူ ဆီအရောက် အပြေးနှင်..လှိုင်းကြက်ခွပ်ကလေးပင်..ဖြစ်လိုက်ချင်..
ချစ်သူ နမ်းရှိုက်ဖို့ ..ထုံ စို့ စို့ ရနံ့ ပန်းကလေးဘဲ..ဖြစ်လိုက်ချင်..
ချစ်သူ အာသာပြေရေး..ရေအေးအေးတခွက်ဘဲ..ဖြစ်လိုက်ချင်
ချစ်သူ အတွက်အလင်းတန်းပေး ..ဆမ်းလရောင်နုလေးဘဲ..ဖြစ်လိုက်ချင်..

ဖြစ်ချင်တာတပုံတမ..စိတ်ကူးယဉ်ရူးနေရပေမဲ့
လက်တွေ့ ဘ၀ထဲ..စွမ်းအားနည်းတဲ့သူ..
သဲပြင်ပေါ်မှာ..စာစီရေး..ချစ်သူရှိရာ..ရည်ရွယ်ငေး
ကုန်းသောင်ကမ်း နဲ့..ရွှေပင်လယ်..အဝေး..
ကိုယ်လေ..မင်းကို..ရေသူမလေးလိုမျှော်……

မသဒ္ဓါ (၇။၈။၂၀၀၇)

No comments:

 
/* EOT ----------------------------------------- */