နှစ်ကိုယ်တူချစ်ခဲ့ကြ..အိမ်ထောင်ရေးရဲ့ဘ၀..
ကြိုးတုတ်ထားလို့ မရ..ကော်ကပ်ထားလို့ မရ
လက်ထိပ်ခတ်ထားလို့ မရ
လွတ်လပ်တာ..လူတိုင်းကကြိုက်
ညှိလိုက်ကြစို့ လား..ကွဲဖို့ မစ ကြခင်
ယုံကြည်မှုရဲ့ခွန်အားဌက်..
မေတ္တာသံလွင်ခက်ကိုကိုက်ချီရင်း
မနာလိုတိမ်ညိုထုကိုထွင်းဖောက်..
သစ္စာနိဗ္ဗါန်သို့ အရောက်ပျံသန်းနေ
လူသားရဲ့သဘာဝ..ရသာစုံကိုမက်မောကြ..
ချိုမလား..ချဉ်မလား..စပ်မလား..ခါးမလား.
ကျားရယ်..မရယ်မဟုတ်..
လူမမြင်..တိုင်ကလေးကွယ်ရုံ ခြား
ဖေါက်ပြားတတ်ကြတဲ့သဘာဝ..
သောက်လေလေငတ်လို့ ရယ်မပြေ..
ပဲ့စင်ကလှုပ်..လှိုင်းကပုတ်..
လှေကြီးပေါ်မှာလှေငယ်တင်
လူမသိရင်..ဘာမဆိုလုပ်ရဲ..
ဒါကိုသစ္စာမရှိဘူး.. ဆိုရင်တရားပါ့မလား.
သဘာဝတရားဘဲဖြစ်နိုင်တယ်။
အသစ်ကိုမြင်..မြီးချင်တာလူ့ သဘာဝ.
စမ်းကြည့်..အသုံးတည့်သူရှိ..
မှန်းချက်နဲ့ မကိုက်သူလည်းရှိ
အသည်းကွဲ..နှစ်ယောက်လုံးဆုံးသွားသူလည်းရှိ.
မ၀ံ့မရဲ..သွားရည်ကျနေသူတွေလည်းအပြည့်.
လူအမျိုးမျိုးစိတ်အထွေထွေ..အကြိုက်မတူချေ.
ဟေ့…ဒို့ တွေက အကြီး..
ထင်ပေါ်လို့ စင်တော်ကောက်..
အချစ်ဆုံးမို့ ရွှေပွဲတော်တက်.
ပန်းကုံးအတူတူစွပ်ဖက်
စာချုပ်ထည်းကမယား.
ဥစ္စာသိမ်းခွင့်ရသော့ကိုင်ဇနီး..
အားလုံးထက်ချိုတဲ့သစ်သီး
နံမည်လေးတော့ကြီးတယ်...
အသစ်ကိုမြင်..မောင်စမ်းချင်ရင်စမ်းကြည့်.
ယှဉ်ပြိုင်ပြီးစမ်းသတ်ခံရဲ..
ကျမဒီလောက်သတ္တိမနည်းဘူးမောင်..
ဂုဏ်ရည်တူ..အသစ်ကလေးက..သူမသာလေးကောင်းရုံနဲ့ 
ချစ်နေတဲ့ဇနီးကောင်းကိုဖယ်.
မောင်ဒီလောက်မမိုက်ရဲပါဘူး
ကောင်းတူဆိုးဖက်..နွားညီနောင်လိုရုန်းခဲ့ရ..
မယ်မဒ္ဒီလိုမိန်းမ.
အကြင်နာမှာ ကျမိုးလောက်ကြီး..မောင့်အသစ်နဲ့ ကွာ
ကိုယ့်မေတ္တာဘယ်မပျက်ပါဘူး
အသစ်တွေလိုဘဲ.အဆန်းတီထွင်..
အကြင်နာစွက်ခဲ့ရင်..
အိမ်ကမောင်ကိုလူချော..အသစ်ကိုဘယ်ရွေးနိုင်ပါလိမ့်..
အသစ်တွေ.ဘယ်သို့ ကောင်းကောင်း..
အဟောင်းကိုဘဲသူတို့ မပယ်ရဲ.
ဒို့ မယားကြီးတွေ..နည်းဗျုဟာတွေတတ်ဖို့ ဘဲလိုတယ်.
ပျိုတို့ မောင်ကြီး..
စားကျက်ဟောင်းထည်းမှာဘဲယောင်တလည်လည်...
မသဒ္ဓါ
No comments:
Post a Comment