ငယ်ငယ်က..မိုးသည်းချိန်
အတူတူဆော့..လျှောက်ပြေး
မြောင်းလေးအစပ်ကနေ..
စက္ကူလှေလေးတွေလွှတ်..
ဒို့ တတွေရဲ့..ငချွတ်..အရွယ်.
နည်းနည်းလေးအသက်ရ..
ရင်ခုန်တတ်တဲ့အချိန်ကျ..
မလုံတလုံထီးလေးတချောင်းထဲ..မရဲတရဲ..
အနီးကပ်နိုင်ဆုံးပူးကပ်..
မိုးမည်းတို့ မသည်းတသည်းအချိန်.
ခုများမှာ..ဒို့ တတွေအဝေး..
ကမ္ဘာတဖက်စွန်းရဲ့ တဖက်တနေရာ..
နှိပ်စက်မိုးသားများ
ပြုတ်ကြွေကျမယ်..မြင်လိုက်တိုင်း
ခုန်နွမ်းလျှ..ဒီရင်ခွင်
အမှတ်ထင်ထင်..သိပ်လွမ်းရတယ်..ကောင်လေးရယ်.
မသဒ္ဓါ (၆။၁၇။၂၀၀၇)
Sunday, July 29, 2007
မိုးသည်းများနဲ့ အပြိုင်
Posted by
Thadar (မသဒ္ဓါ )
at
1:00 AM
Labels: Love. Romance
Subscribe to:
Post Comments (Atom)
No comments:
Post a Comment