အပျံသင်စဌက်..အမိုက်မ…
ဝေဟင်ပေါ်ကပြုတ်ကြွေခ
တောင်ပန်များ..ကျိုးကြေပျက်....
မြေပြင်သက်တဲ့…ဇရက် ငယ်ငယ်..
ဥပုဥ့်စောင့်နေတဲ့..ကြောင်သူငယ်လေး
ခံတွင်းမပျက်ရေး..ကြိုးစားသီလ
ပါရမီ.ပြည့်ဝစွာ..နွေးထွေးစွာစောင့်ရှောက်
ဌက်ကလေး..အနာပျောက်ထိတိုင်
မေတ္တာကအရင်းခံ..စေတနာမှန်တဲ့ခဏ
အမျိုးဘဲခြားခြား..အရွယ်ဘဲညီမညီ
အလွှာဘဲကွာကွာ..သဘာဝချင်းတူမတူ..
နှလုံးသားအယူ..ဖြူစင်တဲ့ခဏ..
သူတော်ကောင်းလွလွ..ပေါင်းဖက်.
မိတ်ဆွေဖက်..ဖြစ်ခဲ့တာမဆန်းကြယ်
အချိန်တန်ဒဏ်ရာတွေပျောက်..
ဆက်ရက်လေး..ဝေဟင်ပေါ် ပြန်ရောက်အောင်..
အားပေးကူညီခဲ့…
ဖြုစင်နှလုံးသားနဲ့ ..ချစ်သော..ကြောင်လေးရယ်..
ဇရက်မလေး..ကျေးဇူးတင်ပါတယ်။
မသဒ္ဓါ (၆။၂၁။၂၀၀၇)
Sunday, July 29, 2007
တောင်ပန်ကျိုးတဲ့ဇရက်..ခံတွင်းမပျက်တဲ့ကြောင်
Posted by
Thadar (မသဒ္ဓါ )
at
1:20 AM
Labels: Love. Romance
Subscribe to:
Post Comments (Atom)
No comments:
Post a Comment