လေအတိုက် ဝေ့၀ိုက်လွန့် လုး
တိမ်တိုက် ညို...မိုးပန်းချီဦးရွာမယောင်..
မိုးသားအဝေးသို့ လွင့်ပါးသွားစေ။
မိုးကို...ကြိုလင့်..
မြက်ခင်းသစ်သား
အော်မြည်ဟစ်ကြွေး..
ဖားငယ်ကလေးများရွာကျမဲ့..မိုးစက်တွေကြား
ပြယ်သွားတဲ့ မိုးသားတောင်ထု..
မျော်လင့်ချက်မှာ..တစစီ...
ပျောက်ပျက်စပြု..ရက်စက်သည့်...မိုးတိမ်ဥဥ..။
မိုးဖြူမစဲ..မိုး မည်းမရွာ.မီးခိုးမဆုံး..
မိုးလည်းမဆုံးလျှပ်ပန်းရိပ်ဖုံး..
တောင်ကချုန်း.လည်းလေပွေရူးနှောက်..
တိမ်တို့ ပျောက်ပြီ.အချစ်မိုးပြေး...
ရွာရေးခက်ခက်..နှောင့်နှေးရက်သည်..
သူဘယ်ဆီ..
ကြေကွဲ..ဝေရီ..မျက်ရည်သီ..
အချစ်မိုးရည်..ဘယ်တော့ရွာမည်.
စောင့်စားမျှော်လင့်..နှစ်ကြာရစ်..
ပူပြင်းရင်တွေ..မီးကန္တာနွေ..။.
မသဒ္ဓါ (၇။၂၂။၂၀၀၇).....
Sunday, July 29, 2007
ရွေ့ လျား...မိုးတိမ်..
Posted by Thadar (မသဒ္ဓါ ) at 1:26 AM
Labels: Love. Romance
Subscribe to:
Post Comments (Atom)
No comments:
Post a Comment