စိန်ခေါ်ရင်..တိမ်တွေပေါ်အထိလိုက်ရဲသလား..
မပျော့ညံ့တဲ့..မိန်းမသား..
အနှောင်လွတ်တဲ့.. မိန်းမသား.
ခရီးလမ်းအတူတူသွားဖို့ ..
ယောက်ျားကောင်း..တယောက်အလိုရှိနေ..
ပျော့ညံ့ညံ့..နွမ်းဖတ်ဖတ်ယောက်ျားမျိုး
စိတ်ကူးထဲမှာ..တောင်အလိုမရှိ..
ရုပ်သား..ကအရေးမကြီး
တည်ကြည်တဲ့သစ္စာ..
ရိုးသား..မာနနဲ့ ..စိတ်ခွန်အား
ပြည့်ဝ..အရည်အချင်းရှိသူတယောက်ယောက်.အလိုရှိ..
အချက်ပြည့်စုံသူရှိရင်..လက်ညှိုးထောင်ပါ။
တွေဝေ..ပျင်းရိ..အခွံဘဲရှိ
အပေါ်ယံသာကြည့်သည့်ယောက်ျား
ယောင်လို့ များလာစရာမလို..
အရည်အတွက်ထက်စာရင်..အမြဲသာလွန်စေမဲ့အရည်အချင်း
သတ္တိကြီးမဲ့..ယောက်ျား...ရဲရင့်မြင့်မားနှလုံးသား..
စဉ်းစားကြည့်ပါ..သင်များဖြစ်နေမလား?
ခေတ်တွေကပြောင်း..
အမျိုးသမီးများရဲ့..ရာဇ၀င်ကြောင်းမှာ..
ငိုရဖို့ ..အားငယ်ဖို့ ဆိုတာတွေ..ဘေးဖယ်..
ရဲရင့်..အမြင်ကြွယ်လာတဲ့..တခဏ.
ပုရိသ၀ါဒ…စိုးမိုးခြင်းတရား..
မှန်ကော..မှန်ကန်နိုင်ပါတော့မလား.။
အရိပ်ခိုမှု..စိတ်ထားကင်း..
မချုပ်ကိုင်..ကြိုးမဆွဲမည့်အဖေါ်
ဆုံးဖြတ်ရဲသည့်အဖေါ်..
ကိုယ်ပိုင်အရောင်နဲ့ အဖေါ်..
တာဝန်ယူရဲ့မဲ့..အဖေါ်..ဒီမှာလေ..ကျမ
ကဲ! ..ဘယ်သူလာခေါ်..ရဲမလဲ.?
လွတ်လပ်မှုတော့..မက်မော..
ကြင်နာတတ်သော..မြတ်နိုးတတ်သော..
နားလည်တတ်သော..စာနာတတ်သော.
ကြည်ဖြူတတ်သော…မဖေါက်ပြန်တတ်သော
မျှတတ်သော..အိမ်မက်ထဲကရွှေ မင်းသားလေး
ပန်းကုံးပေးဖို့ ရာ…မင်းဘယ်သူလဲ..ဒီကို..လာ
မုန့် ပြားသလက်..တရှက်စီဝေ
ပန်းသီးဆိုလည်း..တ၀က်ခွဲ
၅၀ ရာနှုံးထက်..ဘယ်တော့မှ..မရော့
သူမသာ..ကိုယ်မသာ..ယနေ့ ခေတ်အိမ်ထောင်ရေး..
ပုရိသရဲ့..စိုးမိုးချယ်လှယ်ရေး..
မင်းသိပ်တွေးမနေနဲ့ တော့ကွယ်..
မသဒ္ဓါ (၆။၁၄။၂၀၀၇)
Sunday, July 29, 2007
ပစ္စုပ္ပန်ထဲ ကမိန်းမသား..မင်းများကြောက်သွားမလား
Posted by Thadar (မသဒ္ဓါ ) at 12:43 AM
Labels: Love. Romance
Subscribe to:
Post Comments (Atom)
No comments:
Post a Comment