Sunday, July 29, 2007

ဂုဏ်ယူပြီး...ချစ်နေပါလားမောင်...

ဒီတကယ်တမ်းချစ်လို့ ပေါင်းတာဘဲဖြစ်ဖြစ်
အပေါ်ပမ်းချစ်လို့ ပေါင်းတာဘဲဖြစ်ဖြစ်
အိမ်ထောင်ဘက်ဖြစ်လာကြရင်
အပေးအယူ.ညှိညှိနှိုင်းနှိုင်း
ဘဘောပိုင်းမျှတ..ညီကြဖို့တော့လိုတယ်။


ခြေနှစ်ဖက်စု..ချည်ပြီး
နှစ်ယောက်သားပြေးကြရတဲ့ဘဝ
တယောက်ဖောက်ရင်…နှစ်ယောက်စလုံးမှောက်ရက်လဲ
ညီညွတ်မှသာ..အောင်မြင်မှုရ
ပြိုင်တူ စစတမ်း ..စည်းချက်ညီညီ
လာ...၀မ်း...တူး...သရီး... ပြေးကြမည်၊

ယုံကြည်လို့သာ လက်တွဲခဲ့တာမို့ 
ဘယ်သူသာလို့..ဘယ်သူနာမှာမတွက်
မင်းလုပ်နိုင်တဲ့အရာ..မင်းကလုပ်..
ကိုယ်တတ်နိုင်တဲ့အရာ..ကိုယ်ကလုပ်
လိုနေတဲ့အရာ..တွေ့ မိသူကဖြည့်သွား..

လိင်လဲ မခွဲခြား ..လင်နဲ့ မယား မခွဲခြား
ရလာမဲ့ အသီးလည်းတူတူဆွတ်လို့စား
အသိတရားနဲ့သာလှုပ်ရှား..
ဘာမာနတွေမှ..များနေကြဖို့မလို။


ပြောင်းလဲသွားတဲ့ခေတ်ထဲ..
မိန်းခလေးများလည်းပညာသင်
ပခုံးချင်းယှဉ်တိုက်..

ယောက်ျားများနဲ့ဥာဏ်တူလာစဉ်အခိုက်
မနာလို မရှိလိုက်ပါနဲ့မောင်

ကျမဟာမောင့်အပါး..ကြင်နာတဲ့ဇနီးသားပါဘဲ
အပြင်ဂုဏ်သိက္ခာ မှာကျမဘယ်သူဖြစ်ဖြစ်
မောင့်အိပ်ရာထက်ပေါ်ကဇနီး အမြင်ကြီးပြီး.
ကျမအပေါ်ဂုဏ်ယူ..သဘောဖြူပါမောင်ရယ်။


ဦးဘယ်သူနဲ့ဇနီး..လိပ်တတ်တဲ့ဖိတ်စာများ
ဒေါ်ဘယ်သူနဲ့ခင်ပွန်းလို့ .တဖြေးဖြေးပြောင်းသွားလည်း
ကျမအပေါ်..မောင်အချိုးမပြောင်း..
ငယ်ချစ်ဟောင်းမို့ ..ခင်တွယ်စေချင်

တကယ်ဆိုရင်..
ကျမနဲ့မောင်. အလင်းဆောင်မှု ကွာခြား
သော်တာလသား နဲ့ တာရာကြယ်

လမ်းပြနယ်ထည်းမှာ..အတူတူ
မောင့်စွမ်းမောင့်အင်..ကျမဂုဏ်ယူလျှင်..
ကျမရဲ့စွမ်းအား..မောင်လည်းအားပေးစေချင်.

အရင်လိုဘဲကြင်နာ
ဂုဏ်ယူပြီးချစ်နေပါစေချင်။

မသဒ္ဒါ (၄။၈။၂၀၀၇)
အားအင်လက်များနှင့်အိမ်ရှင်မများသို့ ဂုဏ်ပြုပါသည်

No comments:

 
/* EOT ----------------------------------------- */