Sunday, July 29, 2007

ပြည့်စုံတိုင်း..ပျော်ရွှင်တာမဟုတ်.

ငယ်စဉ်ခလေးဘ၀..တွေ့ ခဲ့ရ
မြို့ပတ်ရထားပေါ်က မျက်မမြင်လင်မယား
အခုသွား သတိရတယ်။

မျက်ကန်းသူကလင်..
လက်ဆွဲခေါ်ဖက်ကြင်ယာခင်
မယ်ဒိုလင်ကလေးတလုံး..
စည်းဝါးချက်လိုက်မဲ့ ခင်ဖုန်း
ရထားတွဲတွေထည်း.ဟိုဒီလျှောက်
သဒ္ဓါ ကြေးလေးတွေ..ကောက်
နေပူ မိုးရွာလည်း..မကြောက်

ရောက်ရာတလျှောက်..
သီချင်းချိုတူတူဆို
ဝမ်းကျောင်းကြတဲ့...
တူနှစ်ကိုယ်

ချစ်ခင်စွာဝေမျှစား..
ရသမျှငွေသား
ရောင့်ရဲထားတဲ့ဘဝ
ဆင်းရဲကြလည်း..ပိုချစ်ခင်
ဆေးစပ်လှတဲ့ ..ပန်းချီတချပ်..အသွင်။

အတ္တရဲ့ ကိုယ်..မာနနဲ့ ကိုယ်
ပညာလုံလုံ..ကြင်ယာစုံခဲ့
သင်္ချာအတွက်ကောင်းတဲ့..အိမ်တောင်ရေး
အဆင်းပါမလား..အချင်းပါမလား
ငွေကြေး..ပါမလား..ဂုဏ်ကလေး..ပါမလား

အမြီးလေး..ပါမလား...ဂျိုကလေး..ထွားမလား
အိမ်ကား..ပါမလား..မတရားတာ..လုပ်ရဲလား
လူရုပ်ပြ..ကောင်းမလား..အဖေါ်အဖားနဲ့ တောင်းတတ်မလား
လား..လား..လား..ပေါင်းများစွာ

ဈေးတွက်နဲ့ လက်ချိုးတွက်..
ပုံသေနည်းနဲ့ ထည့်ကာတွက်
ကယ်ကူလေတာနဲ့ တွက်..ကွန်ပြုတာနဲ့ ချက
ပြည့်စုံလှပမဲ့.အိမ်ထောင်ရေး
လပ်နေတဲ့.အချစ်ကလေး..ကအရေးမဟုတ်။

အချိန်တွေကြာ..အချစ်မဲ့အိမ်ထောင်ရေး
ဟန်ဆောင်အပြုံးများနဲ့နွမ်းလျလျ
ရွှေငွေဆိုတာ.ဘယ်နေရာအသုံးကျ
ပျော်စေဖို့ ကျ.မစွမ်းသာ..
ရွှေလှောင်ချိုင့်မှာ..မျက်ရည်နဲ့ နစ်
လူဖြစ်ရကျိုးလည်း..မနပ်
ကိုယ့်ဘ၀ကို..ကိုယ်သတ်မိခဲ့ပြီ.။

အခုနေမှာ.ရှိသမျှ စည်းစိမ်ကိုပေး
ပျော်ရွှင်စွာ..စစ်မှန်မဲ့ အချစ်
ရင်ခုန်စွာ..ကိုယ်ကျိုးမပါမဲ့အချစ်
တူညီစွာ..ညီမျှမဲ့အချစ်
နားလည်စွာကြင်နာမဲ့အချစ်
ဝယ်ရရင်တောင်..ခု ၀ယ်လိုက်ချင်သေး

အမှားရေးထားတဲ့ ရာဇ၀င်
အမှန်ကိုပြင်ဆင်ချင်
ဘယ်လို..လှပဖြုစင်အောင်
လျှော်ဖွပ်ရမလဲ..တွေး..တွေး
ချောက်အိပ်မက်ညတွေ..အိပ်ရေးပျက်ပေါင်းများလှပြီ။

မသဒ္ဓါ (၇။၂၂။၂၀၀၇)

No comments:

 
/* EOT ----------------------------------------- */