တိမ်ကြားထဲက နေရောင်ခြည်.
ဖောက်ထွင်းကျသက်..မြေပြင်ဆီ
အေးစက်စက်...ဆောင်းနှင်းရည်ရည်
ပြိုပျက်..နွေးထွေးလေပြီ.။
မနက်ခင်းစောစော..နှင်းဝေသီ
ရင်တွင်းအေးစက်..လွမ်းငွေ့ မှုန်တရီ
ဆွေးတသက်သက်..ဖော်ကွဲတကိုယ်ရည်
စိုလဲ့ လဲ့..မျက်ရည်..ဝေရီ
လွမ်းခဲ့ရသည်..ဝေးတမြေ..ဒါလီ။
ရင်တွင်းဖြစ်တဲ့..လွမ်းပန်းချီ
မှုန်မှိုင်းတိုးတိတ်..မင်းမရှိချိန်ဆီ
တွေးရခက်..ဘယ်တော့နီးမည်။
တွေ့ ရမဲ့ ရက်..လက်ရေတွက်မည်
လိုက်လေ..ဝေးလေ..နီးဖို့ ရယ်.ဘယ်မမှီ။
မမျှော်လင့်..တံခါးခေါက်..အရောက်ပြန်လာပြီ..။
အိမ်မက်လား..၀ိုးတ၀ါးမသဲကွဲ..ရင်ခုန်သည်
ရုတ်တရက်တွေ့ ရ..ချစ်ရသူဆီ
ရင်တွင်းအေးမြ..ပျော်ရွှင်ကြည်
တိမ်ကြားထဲက နေရောင်ခြည်
ဖေါက်ထွင်းလှပ..နေ့သစ်ပန်းချီ
ပိုက်ထွေးယုယ..သူရင်ခွင်ဆီ
မောပန်းမေ့ပျောက်..ပြည့်စုံခဲ့ပြီ
အချစ်အားသစ်စ..မနက်ခင်းတခုဆီ။
မသဒ္ဓါ (၇။၃၁။၂၀၀၇)
Monday, July 30, 2007
နေရောင်ခြည်တန်းကလေးက..”မောင်”
Posted by Thadar (မသဒ္ဓါ ) at 11:24 PM
Labels: Love. Romance
Subscribe to:
Post Comments (Atom)
No comments:
Post a Comment