Saturday, July 28, 2007

ပန်းပျိုးတဲ့အမေ့လက်..သမီးအတွက်လက်ဆောင်


ကိုးလလွယ်..ဆယ်လ ဖွား ရင်ပိုက်ထွေးကာထား
မှက်ခြင်မသန်း..မပင်မပန်းရ
နေ့ ညပြုစု..သမီးဘ၀တခုဖြစ်အောင်
စွမ်းဆောင်ကြိုးစား
အင်အားများနဲ့..မာတာမိခင်ကျေးဇူးရှင်

ပျားရည်လိုချိုစေဖို့.. နို့ရည်တစက်
ခလေးငယ်..အသက်ဆက်ဖို့အရေး
ကြိုက်လှပေမဲ့ .ရှောင်ခဲ့ရ
ပူလောင်စပ်ခါး..မေတ္တာများနဲ့လွှမ်းခြုံ
သမီးကို..လုံခြုံစေခဲ့
ဂရုဏာရဲ့မိခင်… မေ့ကျေးဇူးရှင်

ငယ်စဉ်ပုခက်တွင်း..ကြားရတဲ့ချော့တေးသီချင်း
ရင်ကြည်အေးမြ..အိပ်စက်ခဲ့ရ
ငြိမ်းချမ်းငယ်အိမ်မက်...ယနေ့တိုင်မက်နေစေ
ကျေးဇူးအထူးပါမေမေ

ဂျစ်ကန်ကန်နဲ့…ချစ်သမီး
အိမ်စာပြီးစေရေး..ချော့ချော့ခဲ့ရ
လွယ်လှတဲ့..အရာမဟုတ်
ကိုယ့်အလှည့်ကျ.ကိုယ်မလုပ်နိုင်ခဲ့
ခန္ထီစနဲ့ပြည့်စုံနေ..ဦးတင်ပါတယ်..အမေ

ညအိပ်ရာဝင်တိုင်း..ပုံပြောဖို့ ဂျီတိုက်
အမေအိပ်နေရင်..တောင်လှုပ်နှိုး
တော်တော်ဆိုးတဲ့..ချစ်သမီး
အမေသာ..ခွင့်လွတ်နိုင်ခဲ့
အကြင်နာနဲ့မိခင်..မေ့ကျေးဇူးရှင်

ကုံလုံလုံခြုံခဲ့..သူမရဲ့မိဘ၀တ်ငါးပါး
ကိုယ့်ကျ..ဘယ်နှစ်ပါးပြည့်နိုင်ပါ့
သားသမီးဝတ်..ငါးပါးတောင်မပြည့်နိုင်သေး
စိတ်လက်တောင်..လေးတယ်

သမီးကနေ..သားမက်
သားမက်ကနေ.မြေး
မြေးကနေ..အိမ်ကခွေးကလေးအထိ
ဝတ္တရားတွေ..ထမ်း
မမောပမ်းတဲ့…အိုမိခင်
အနစ်နာခံပြုစု..ဘ၀ကိုရင်း
ပေးဆပ်ခြင်းသာ..ပကတိ
အိုးကောင်းတွေ…ဖုတ်ခဲ့တဲ့အမေ
ဒါးထက်အောင်..သွေးပေးခဲ့တဲ့အမေ
ပန်းစေ့ကောင်းတွေ..ပျိုးချပေးတဲ့ အမေ

ကျမလေ…အခု
အမေ့ဥယျာဉ်ထဲက..ပန်းကောင်းတစ်ပွင့်
တက်နေရောင်ခြည်ဦး..လေပြေမြူးမှာ
မော်ကြွားစွင့်နေ
ကျေးဇူးတင်ပါတယ်..အမေ

မသဒ္ဓါ (၅။၁၂။၂၀၀၇)
အမေများသို့..ဂုဏ်ပြုလျက်

No comments:

 
/* EOT ----------------------------------------- */