မ..သိတယ်..အသဲနှလုံးထဲမှာ..
မောင့်ရဲ့အချစ်တွေ
မ..သိတယ်..လေပြေထဲမှာ..
မောင့်ရဲ့စကားတွေ..
မ..သိတယ်..နေခြည်ထဲမှာ..
မောင့်ရဲ့အပွေ့ တွေ
မ..သိတယ်..ရွက်ခြောက်ထဲမှာ..
မောင့်ရဲ့ခြေသံတွေ..
လေညှင်းလေးက နမ်းတယ်..မောင့်လို..
နှင်းစက်လေးက နမ်းတယ်..မောင့်လို..
ပျားရည်လေး က နမ်းတယ်..မောင့်လို..
ဘယ်ဘဲကြည့်ကြည့် ..အချစ်၏မျက်နှာ..
မြူကန်လန်ု့ကာ ..၀ိုးတ၀ါး..
ဆောင်းတံတိုင်းကြား..သွေးပျက်အနေခက်..
သမုဒ္ဒရာမိုင် ၅၀၀၀ အဝေး..လွမ်းရေးကခက်လှတယ်မောင်။
မသဒ္ဓါ
Saturday, June 28, 2008
ပင်လယ်တွေ ခြားလည်း...မောင်...
Posted by Ma Thadar ( မသဒ္ဓါ ) at 10:43 AM 0 comments
Labels: မြတ်နိုးချစ်
Wednesday, March 5, 2008
အချစ်လှေမူးမူး..ပဒိုင်းသီးစားနေတဲ့ သူများ
လူဆိုတာ
ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်လာတဲ့အခါ
ဘယ်သူဘဲဖြစ်ဖြစ် ..ဘယ်အရွယ်ဘဲဖြစ်ဖြစ်..
ဘယ်နေရာဘဲဖြစ်ဖြစ်..ဘယ်လောက်ပဲပြည့်စုံပြည့်စုံ
ဘယ်လောက်ပဲ ရင့်ကျက်ရင့်ကျက်
ဘယ်လောက်ပဲ ပညာတတ်တတ်
အားလုံးဟာ..အရူးအမူး..
ချစ်တာ..မုန်းတာ..ကွဲတာ ပြဲတာ
နိုင်တာ..ရှုံးတာတွေ မခံနိုင်ကြဘူး
အချစ်ဆိုတာ..အဆိပ်လို.သွပ်ရူး
ဒါးသွားပေါ်က ပျားရည်စက်..
လျှာတွေ ဟက်တက် ကွဲဘူး။
သွေးပျက်ရင် ပျက်..ဒေါသထွက်ရင်ထွက်
အမျက်မပြေချက်..ကလဲ့စားလဲ ချေချင်ရဲ့
ခွင့်လွတ် မျက်ရည်သက်..
အမှောင်ထဲ တယောက်ထဲမှေးစက်
ခေါင်းအုံးတွေ မျက်ရည်ထဲ မျောလျှက်..
အလွမ်းဆူ..အသည်းပူ..လူမသိချင်ရက်။
တချို့ က တယောက်ထဲ အိပ်ရာပေါ်ကွေး
တချို့ က သူငယ်ချင်းခေါ် အရက်ဆိုင်ပြေး
တချို့ က ရင်ဝေဒနာ ထုတ်ဖေါ်ပြော.
တချို့ က အုံ့ ပုန်း ဆူနေသော
တချို့ က ကဗျာရေး သီချင်းစပ်
တချို့ က ဟိုယောင် ဒီယောင် မိုးတိုးမတ်တတ်
ဘာဘဲဖြစ်ဖြစ်..လူအားလုံး အချစ်ပြတ်တဲ့ အချိန်..
နည်းနည်းတော့ အသက်ရှုတွေကျပ်..
တချို့ ကခံစားချက်တွေ ပေါက်ကွဲ..
တချို့ က တယောက်ထဲ ငိုနေဆဲ..
တချို့ က မာနနဲ့ အရှုံးမပေး..ဘ၀ပိုထောင်မတ်ရေး
တချို့ က ဘ၀အရည်ပျော်..မထူးတဲ့ ဇာတ်လမ်းရေး
တချို့ က အသစ်ချက်ခြင်းလိုက်ရှာ
တချို့ က ကြောက်ရွံ့ စွာ..တံခါးတွေ ပိတ်ရှာ
တချို့ က ခိုင်မာစွာပြတ်သားနိုင်ခဲ့..
တချို့ က ယိုင်နာနာ..မပြတ်သားနိုင်ခဲ့
ဘာဘဲဖြစ်ဖြစ်..ဘယ်သူမဆို
ဘ၀တကွေ့  အချစ်နဲ့ ဆုံတွေ့ တဲ့အခါ..
မျက်လှည့်ပြသလို..မြူးမြူး
ဘိန်းမူး သလို မူး
ငိုလိုက် ..ရီလိုက်..
ပျော်လိုက်..ချော်လိုက်
ဝင်္ကဘာ..ချာချာလည်မူးခိုက်..
ပျော်ရွင် နိဂုံး လား..ဖြေမဆည် နိဂုံးလား
သေချာမသိ…အမှန်မသိ.
အချစ်ရေစီးထဲ ချာချာလည် မြောလေ့ရှိ၏။
မသဒ္ဓါ ( ၃။၅။၂၀၀၈)
Posted by Ma Thadar ( မသဒ္ဓါ ) at 1:18 PM 0 comments
Labels: တဖန်မွေးဖွားခြင်း, လွမ်းကြင်ဌက်
အနိုင်မဟုတ်တဲ့ အရှုံး..ဘ၀ရဲ့ချစ်ရဆုံးသူရယ်..
ရင်၌သည်းပွတ်တမျှ..
ချစ်ခင်ပါရသောလင်သား
မင်းဆဒ္ဒ့ါန်အပါး..မျက်ရှု ခစါး..
မင်းမိဘုရား..စူဠသုဘဒ္ဒါ..
မောင်ဘုရားရဲ့ မျှတတဲ့အချစ်..
မဟာသုသဒ္ဒါ နဲ့ အတူတူ
ခံစား စံစားပါရစေ..
ဒုတိယ.အချစ်နေရကသူ..ဆုပန်ကြား..
မင်းကြီးက မျက်နှာငယ်မို့ 
ချစ်သနားပေးဖူးတယ်.”.ပြည့်စုံစေဗျား”
လေပြေသုတ်မြုး..ထူးတဲ့ရဂုံ..
အင်ကြင်းစုံ။ဝတ်မှုန်ထုံလွ..
ချစ်သူကချုအချ..
ပန်းမွေးနံ့ သာ… လေညှာက.နန်းမတော်ဆီမှာ..
သစ်ကျိုးစ..ခါချဉ်တွေသာ ကိုယ်ပေါ်ကျရတဲ့..
လေအောက် အရပ်က…ကျမ
"မောင်တော်ရယ်.ရက်စက်လေချင်း..
မညှာမတာ..လုပ်ရက်လေချင်း
ချစ်အားငယ်ရသူ့ အပေါ်.အချစ်နည်းလေချင်း"
နားလည်မှု..လွဲခဲ့ခြင်းကြောင့်..
နာတနင့်နင့်..ရင်ကွဲရစ်.
ညှိုးမာန်မုန်းဆင့်ခဲ့သူ..ဆုပန်ယူ
ချစ်ကလဲ့စားချေပါရစေ..ချစ်သောသူ.
သေလွန်နောက်တခဏ..မွေးဖွားရတဲ့ မိဘုရားဘ၀.
ကျမ စူဠသုဘဒ္ဒါ..
ဆဒ္ဒါန်အိုင်သာက..ဆင်
ကျမချစ်သော ချစ်လင်..
ကျမမုန်းအမျက်နဲ့ ချစ်လင်.
ကလဲ့စားအတွက်..မာယာဆင်..
သတ်စေချင်..စေလွှတ်ခဲ့တဲ့ သောနုတ္ထို..
အနိုင်ယူချင်..သင်္ကန်းခြုံပြ..
အစွယ်နှစ်ဆူကို..ရဖို့ 
သတ်စေရင်..သတ်နိုင်သော်ငြား
မုန်းအမျက်ပွါးတဲ့ ချစ်သောမိဘုရားအတွက်
မင်းဆဒ္ဒါန် ပေးတဲ့ .
အသက်ပုံ…သက်သေပြ..
ဘ၀ပုံ...ချစ်ခဲ့ပါရ
“ မင်းအပေါ်..ဘယ်လောက်ချစ်ရတယ်ဆိုတာ.
ယူသွားပါတော့..ငါ့အသက်..
သယ်သွားပါလေတော့ ငါ့အစွယ်..
ခင်မရယ်…မုန်းအမျက်အတွက်..
အသက်ပုံချ..သက်သေပြပါ့မယ်..
သူ့ မျက်နှာငွေလ...ရွန်းဝေပ..
ချစ်သော ခင်မ..၀မ်းမြောက်စေ။”
မုဆိုးလက်က အစွယ်..
ချစ်ကြင်သူရဲ့..သက်သေ.အချစ်..
ခင်မ..ရင်နင့်ခဲ့ပြီ..
" တကယ်ဆို..ရင်မှာ..စူးနင့်နင့်
ကျမ..တကယ်ချစ်တာ..
ဘယ်တော့မှ..သေစေပါရွယ်စူး
မရည်ရွယ်ပါဘူး..မောင်."
နောက်ဆုံးမှာ..
အသက်သက်သေပြ.အစွယ်တစ်ဆူ..
ခင်မသာ..ရင်ကွဲပက်လက်.ရှုံးတဲ့သူ.
မသဒ္ဓါ ( ၃။၅။၂၀၀၈) အချစ်ရဆူံးသူရယ်...ကျေပါစေတော့
Posted by Ma Thadar ( မသဒ္ဓါ ) at 7:22 AM 0 comments
Labels: ရင်တွင်းရှိုက်သံ
Sunday, February 24, 2008
ကွမ်းတစ်ယာ နဲ့ ရေကလေးတစ်မှုတ်..
ကြီးမားတဲ့စိတ်စွမ်းအား.
မျှော်လင့်ခြင်း တစ်မျှင်ရဲ့.ချည်နှောင်အား.
ချစ်သူပြောဖူးတဲ့ ..သစ္စာစကား။
ယုံကြည်တဲ့ သူ အမှားလား။
ချစ်သူစေရာ..နေ
ချစ်သူပြောရာသာ..ကြား
ဂုမ္ဘာန်..ယက္ခခြားတောင်
ဘ၀ပေး..အသက်ပေး.
တောတစ်ရာ..တောင်တစ်ရာဘဲဝေးဝေး
သမုဒ္ဒရာတောင်လက်ပစ်.ပြေးပြေး
လာရေး..အနီးကလေးဘဲထင်
အချစ်သွေးစက်နဲ့ အသက်ရှင်..
အားကိုးရာ..နွေးထွေး ရင်ခွင်
ချစ်သူကလွဲ..တပါးသူမမြင်။
ချစ်သူက.. ရက်စက်သစ္စာပျက်..
တဏှာ ညွတ်ကွင်း..မြှူဆွယ်ချက်.
အမိဖမ်း..ထောင်ချောက်ဆင်ရက်.
ရင်တွင်းနာ လည်း..အပြစ်မမြင်ရက်
ချစ်ရတဲ့ ဆုံးသက်ထက်..
ဗျတ်ဝိ မှာ..ရင်ကွဲပက်လက်
ချစ်သူ မရက်စက်ပါဘူး.
ထားမိ ယဲ့ယဲ့ မျှော်လင့်ချက်..
အချစ်တန်ခိုး ၀ိညာဉ်သက်ဆက်..
ဒါးခုတ်လို့ ..ဒါး ခွေ..
လှံနဲ့ ထိုး..လှံ ကခွေ
သူ့ မျက်နှာလေးမျှော်မှန်း.အသက်မသေ..
"ချစ်သူ ထားသစ္စာ..မပျက်ပါစေနှင့်
ချစ်သူရဲ့ အလိမ်ညာ..မဟုတ်ပါစေနှင့်
ချစ်သူ မုန်းကျိမ်စာ..မစူးရပါစေနှင့်"
မိုးကိုပျံ ..မြေကိုသျိုးနိုင်ငြား.
ချစ်သူဆွဲငင်အားကြောင့် မပြေးရက်.
တောင်သွင်းကျ..နှိပ်စက်..
ယဲ့ မျှင်မျှင်..နွမ်းရိအသက်
ရှင်သန်လျှက်.. ချစ်သူ့ အတွက်။
" အားသာလျှော့ လိုက်ပါတော့ ကိုဗျတ်ဝိ.."
" လက်သာ လျှော့လိုက်ပါတော့.ကိုဗျတ်ဝိ."
မအိုဇာ ရဲ့ မျက်ဝန်းစိမ်းအကြည့်
ရည်မှန်းချက်.တောင်စွယ်နေကွယ်သည့်
မြွေဆိပ်ထိ..ကိုယ့် နှလုံးသား..
ခါးသီးတဲ့ စကားစ
လဲပြိုကျ.မျှော်မှန်းသမျှ..
နောက်ဆုံး ထွက်သက် ကျခဲ့ 
ရေကလေး တမှုတ်နဲ့ . ကွမ်းကလေးတစ်ယာ.
အချစ်ပေးတဲ့ အသက်ရင်းဝေဒနာ..
ရက်စက်တယ်..မပြောရက်.
ခုတ်ချင်ခုတ်ပါ..ဇက်သာ စင်းပေးခဲ့ 
သူသတ်ရက်ရင်သာ ကိုယ်..သေပါစေတော့
ခင်မသာ မုန်းရက်..ပေးရဲတဲ့ အသက်
အချစ်ကြီးသူသာ ရှုံးစေတဲ့ပွဲ.
ကွမ်းတစ်ယာနဲ့ .. ချခဲ့ရတဲ့ ဇွဲ။
ရေတစ်မှုတ်သောက်..ပေးလိုက်ရတဲ့ အသည်း
ချစ်သူ ရယ်...ပြုံးပျော်ကျေနပ်စေ။
မသဒ္ဓါ (၂။၂၄။၂၀၀၈)
Posted by Ma Thadar ( မသဒ္ဓါ ) at 10:20 PM 0 comments
Labels: ရင်တွင်းရှိုက်သံ
လေဟုန်ပျံ..ပျော်နိုင်ပါစေ..ချစ်သူ..
အိပ်မရ..စားမ၀င်။
ချစ်သူရဲ့ ဝေးတဲ့ ရင်ခွင်
အာရုံမေ့မူး..ရူးမတတ်ပင်..
မုန်တိုင်း ပြင်းထန်
ညှိုးမာန်မျက်ဝန်း..
ဖြေဆေးမရှိ..
အသည်းကွဲသည့်အနာ။
ဘယ်သူမှ လာမကူ
ချစ်သူကိုဘယ်တော့မှ
ညီတူမျှ မခံစားစေရာ။
ဝေဒနာ.မျိုချ..မဖွင့်ပြပါ။
သူ့ ရွေးချယ်ခွင့်..
သူ့ ပျော်ရွှင်ခွင့်
ရင်နာစူးနစ်
ကိုယ့် အသည်းနဲ့ ရင်း
ပြုံးပြခြင်းဖြင့် သာ..
ချစ်သူ လိုရာသာ..သွားပါ..
မင်း လွတ်လပ်စွာ။
လွတ်လပ်ပျံ..ဌက်ကလေး.
ခဲမမှန်..အစာဝရေး
အတောင်ပံ မကျိုးစေရေး
ဝေးဝေးကဆုတောင်း
မညောင်းပါ စေချင်.သူ့ အတောင်
ပြည့်ဝပါစေ..အဆောင်အယောင်..
ချမ်းမြေ့စေ..ပျော်ရွှင်စေအောင်
မတွေ့ ပါစေလို..အတုအယောင်..
ဝေဟင်မှာပျော်တဲ့ ဌက်နဲ့ 
မြေပြင်ပေါ်က မပျံနိုင်တဲ့ဌက်..
ဝေးခဲ့ပြီ..ဘ၀ရယ်..ဆယ်ကမ္ဘာ..
ချစ်သူရယ်..
ဝေဟင်မှာသာ..ပျော်လှဲ့ ပါ။
အတောင်ကျိုးခဲ့တဲ့ အခါ..
သတိတရ..ဒီရင်ခွင်ဆီ ပြန်လာ.
မသဒ္ဓါ (၂။၂၄။၂၀၀၈)
Posted by Ma Thadar ( မသဒ္ဓါ ) at 9:07 PM 0 comments
Labels: မြတ်နိုးချစ်
Thursday, February 21, 2008
အတွင်းကြေ။
တိုးတိုးကလေးပေမဲ့
တော်လဲသံအလား။
ဆူညံ ပူလောင်။
သူပြောတဲ့ “လမ်းခွဲကြရအောင်”
သံရည်ကျိုအလား..
ပြိုကျ တဲ့ နှလုံးသား
ဆွံ့ အ..လှုပ်ရှား.
မြေပြင်ပေါ် ပြုတ်ကျသွားတယ်။
အဆိုးဆုံးတွေ ပြင်ဆင်ထားပေမဲ့
အကောင်းဆုံးများ
လာလုနိုးနိုး
မျှော်ကိုးတာ.
လူ့ သဘာဝ
ဖူးစာ ဆိုတဲ့ စကားလုံးနဲ့ လွှဲချ။
ကံကြမ္မာ..
အရေခွံဖုံးနှစ်သိမ့်ကြ။
အမှန်က..
အာရုံ ငါးပါး..
သာရာစား တဲ့ လောက..
မတူတာ မြည်းချင်လှ..
တဏှာရာဂ
အစာဘဲမြင်..
ပင့်ကူမျှင်..မမြင်..
ဒါးသွားပေါ်က ပျားရည်စက် အသွင်။
အချိန်လွန်မှ..ပြန်မျှော်ကြည့်ကြ..
သိခဲ့ကြ..မေတ္တာဆို.
အချစ်ထက်အေးမြ
လွတ်တဲ့ ငါးက ပို ပို လှ.
ရင်ထဲက အတွင်းကြေ။
အချိန်တွေ ကြာ..’
အိုကေ’ မှာပေမဲ့
လောလောဆည်ရဲ့ ဝေဒနာ..
ဆို့ ကြပ်နာ.မွန်းသိပ်..
အလင်းရောင်တွေ မီးမှိတ်
ရယ်သံတွေ..တိတ်။
အပြုံးတွေ အိပ်ခဲ့တယ်။
ညောင်ညိုရိပ်က..
ဒဏ်ရာငယ်။
မသဒ္ဓါ (၂။၂၁။၂၀၀၈)
Posted by Ma Thadar ( မသဒ္ဓါ ) at 3:39 PM 0 comments
Labels: ရင်တွင်းရှိုက်သံ
အရည်ပျော်သော..ဂတိများ
စိတ်အားငယ်.ရင်..
ချစ်သူ့ ရင်ခွင်..ကျောကပ်မှီချင်
သူသာ ကိုယ့်ဘ၀..
သူဟာ..ကိုယ့်ရဲ့ခွန်အားဗလ..
ချစ်သူက..ပဓါန.
အရှုံးတွေ နဲ့ ကြုံ..
နေပူုပူ..ကန္တာထူထူ
ဆုတ်ကိုင်ထူ မဲ့လက်.
သွေးသစ်လောင်း..
အန္တာရယ်ပေါင်း..တစ်ကဋ္ဋေ
စိမ်ခေါ်စေ မမှု မဲ့ လက်..
အဲဒါ..ချစ်သူ့ အတွက်.
ဘ၀က ဆန်းကြယ်..
အချစ်ဆိုတာ ဆန်းကြယ်
ကံ မပါတဲ့အချစ်..
ဘယ်လောက်ဘဲ ချစ်ချစ်..
ဘယ်လောက်ဘဲ အသဲနင့်နင့်..
တရွာနယ် တမြို့ ခြား.
လေပြေတွေ ခြားလိုက်တာနဲ့ 
ကတိသစ္စာဆို တာ
သောင်ပြင်ပေါ်က..သဲရဲတိုက်..
လှိုင်းအပုတ်လိုက်မှာ ကြွေကျ..
မှီခိုစရာ..ကျောပြင် ပျောက်ရှခဲ့ပြီ။
မသဒ္ဓါ (၂။၂၁။၂၀၀၈)
Posted by Ma Thadar ( မသဒ္ဓါ ) at 5:20 AM 0 comments
Labels: ရင်တွင်းရှိုက်သံ
နေကြတ်ခြင်း
ပူုပြင်းတဲ့ နေ..
ချောင်းတွေခမ်း..ပုဇွန်များသေ
ပတ်ကြားအက်မြေ.
သစ်ရွက်ခြောက်မြေကြွေ
ရှိန်တေဇော..
ဖျက်ဆီးတတ်သော သဘော။
နေ၏ အလင်း.
နေ၏ အချင်း
နေ၏ အဆင်း
သက်ရှိလူလောကတွင်း
မရှိမဖြစ်..ရှိမှ ..လောကလှပ တင့်တယ်..
ချစ်ခြင်းမေတ္တာ..
လူ့ဘောင်နယ်မှာ
၅၂၈ နဲ့ .၁၅၀၀..
အချစ်စစ် နဲ့ ရာဂ၊ ကိလေသာ.
မရှိမဖြစ်..သောက်လေ ငတ်မပြေ
အချစ်ဆိုတဲ့ ဆားငန်ရေ။
အလင်းရောင် မှောင်မဲ..
နေကြတ်သွားတဲ့..ကမ္ဘာ..
မတွယ်တာ ရှောင်ပြေး။
အချစ်တွေ ကြတ်တဲ့အခါ။
ကမ္ဘာက မီးမှောင်..
အချစ် ဆိုတာက ဘ၀ရဲ့..”ထောင်.”
မသဒ္ဓါ (၂။၂၁။၂၀၀၈)
Posted by Ma Thadar ( မသဒ္ဓါ ) at 4:58 AM 0 comments
Labels: လွမ်းကြင်ဌက်
လွင့်မျောခြင်း.အိမ်မက်
အိမ်မက်ဆိုတာ..
တကယ်မဟုတ်
စိတ်အာရုံရဲ့ လိုအင်..
တကယ်အမှန်လာဖြစ်..
မှန်အတွင်းထဲက ပုံရိပ်များ..
အစစ်အမှန်များ မဟုတ်ကြပါ။
ကြွေလွင့်တဲ့ ရွက်ခြောက်များလို..
လေမှာဝေ့၀ဲ
နေရာတကာလည်း ရောက်ဖူးတယ်။
ချောင်းရေမှာ ပေါ်နေတဲ့
ယော်ရွက် ကလေးလို
ရေစီးထဲ..
ချာလည်လည် ရွက်တိုက်မြောဘူးတယ်။
တကယ်တော့
အိမ်မက်ဟာ…အိမ်မက်
နိုးတဲ့ အခါမှာ..အိပ်ရေးပျက်..
နေရောင်မှာ ပျောက်ကွယ်တဲ့ နှင်း..
တစချင်း..တစချင်း..
လွင့်ပျောက် ဖယ်ခွင်း
အိမ်မက်ဆိုတာ..
နိုးလာရင်..နွမ်းလျှရင်တွင်း…
စိတ်ကူးများနှင့် ရွက်တိုက်လှော်ခြင်း
မသဒ္ဓါ (၂။၂၁။၂၀၀၈)
Posted by Ma Thadar ( မသဒ္ဓါ ) at 4:42 AM 0 comments
Labels: မျှော်လင့်ခြင်း
Wednesday, February 20, 2008
ချစ်သူ ..မဖတ်ရ။
လူဆိုတာ..
ရှက်တာကို လက်ကာဝှက်
ဟန်ဆောင် တတ်ကြတာမျိုး။
ပွင့်လင်းစွာ..ရှိတာကို
ဖွင့် ရှင်း တဲ့ အခါ..
စိတ်သက်သာခြင်းရှိတာမျိုး။
ငိုချင်တဲ့ အခါ
လက်တို့ အသိပေး။
ပျော်ရွှင်တဲ့ အခါမြူးတူး
အမူအယာ ဟန်မဆောင်တတ်ဖူး။
ခံစားနာကျင် ကြေကွဲ
အချစ်နဲ့ ရင်ဆိုင်ရတဲ့ စစ်ပွဲမှာ
နိုင်သည်..ရှုံးသည်ဖြစ်ဖြစ်
အပျော်လွန်တဲ့ အခါ နိဗ္ဗါန်..
အလွမ်း နွံနစ်တဲ့အခါ ငရဲသဏ္ဍာန်..
ရှုံးနိုမ့် တဲ့ လူ
ရင် အဆူကို
ရင်နှင့်အမျှ ခံစားရ
ကန်လန့် ကာဖွင့်ချထားတဲ့..အခါ..
ချစ်သူ မြင်ရ.
မင်း စိတ်နှစ်ခွ မဖြစ်စေရဘူး
အချစ်စိတ် မပါ ကင်းမဲ့
သနားတဲ့ ဂရုဏာ မျက်ဝန်းတခုထည်းနဲ့ 
မင်း လှည်ကြည့်မှာ မခံနိုင်ဘူး။
အဝေးသို့ သွားစေ..
အသစ် ရဲ့ ရင်ခွင် မှာ ခွေ
ပျော်သလို သာ မင်းနေ
ဒီက..လွမ်းကဗျာတွေ…
မင်းလာမဖတ်စေချင်.. ချစ်သူရေ။
မသဒ္ဓါ (၂။၂၀။၂၀၀၈)
Posted by Ma Thadar ( မသဒ္ဓါ ) at 10:06 AM 0 comments
Labels: Love. Romance
မေတ္တာစစ်..ဆိုသည်
အချစ် နဲ့ စစ်
တိုက်ဖြစ်တဲ့အခါ
စစ်နိုင်ဖို့ သာ ပဓါန
လက်မလွတ်ပိုင်ဆိုင်မှုသာ ပထမ
အတ္တဆိုတာ.အချစ်ရဲ့အစ။
ငါးရံ နှစ်ကောင်ကြား ရွေးရခက်
ဘယ် အကောင်က ပို ဆူ..
ဗျာများနေတဲ့ ချစ်သူ
ဘယ်တိမ်းရ..ခက်ခက်
ညာယိမ်းရ ရမလား ဂယောက်ဂယက်
မေတ္တာ နဲ့  ရာဂ
သစ္စာ နဲ့ သိက္ခာ
လွန်ပွဲဆွဲ ချိန်မှာ
မဟော်သဓာ ရဲ့..သားတရားစီရင်ခဏ်း
အမေနဲ့ ဘီလူးမ သားလုပွဲကြား..
ရင်ဝယ် ချစ်သား မပင်ပန်းအောင်
နားလည်.ရင်ကြေကွဲ
တကယ်တမ်း မေတ္တာစစ်၊
ကဲသူကဘဲ
နောက်ဆုတ်..လက်ရုတ်..
ဆုတ်ခွါ အရှုံးပေး
ချစ်သူကို နှလုံးအေးစေခဲ့ပေမဲ့
ကွယ်ရာမှာ ရှုံးသူ ငိုရှိုက်
လွမ်းလိုက်ရတာ..ချစ်သူရယ်။
မသဒ္ဓါ (၂။၂၀။၂၀၀၈)
Posted by Ma Thadar ( မသဒ္ဓါ ) at 9:32 AM 2 comments
Labels: မြတ်နိုးချစ်
Tuesday, February 5, 2008
မိုးမင်း ဘယ်လောက်ဆူဆူ..တနေ့ မှာမင်းနဲ့ ဒို့ အတူတူ
မိုးလုံးမှိုင်းမှိုင်း..တိမ်တံတိုင်းဝေေ၀..
ထွဋ္ဋ်ထွဋ္ဋ်မွတ်မွတ်..တိမ်ဂွမ်းဆိုင်အခြေ..
ညိုရောင်မိုးသား…ပြိုတော့မယ်..ကောင်းကင်ယံမလေ
လှုပ်ပန်းသွယ်တန်း..ချုန်းချိမ့်ချိမ့်မြည်စေ..
ရွာကျမိုးရည်. ပုလဲပန်းတို့ စွေစွေ..
လွမ်းတသိမ့်သိမ့်..အေးစက်လေပြည်
ဖော်မဲ့တကိုယ်ရည်။.
ရင်၌ဆွေးပူ…
ချစ်သူရေ..မင်းဘယ်မှာလဲလေ..
ညှိုးရက်မိုးသား.ရက်စက်အားပြီလေ...
ဇွဲနဘဲသဲသဲမဲမဲ..ရွာကျမိုးစွေစွေ..
တိမ်သားနုတွေ.. ကြွေတော့မယ်.. တောနဲ့ တောင်စွယ်ချေ
လေပြင်းဆော့မြှု…စိမ်းမြရွက် မြေကြွေ
စိုရွဲမိုးရေ..ညှိုးရက်အားပါပေ.
အေးတစိမ့်စိမ့် .နွေးထွေးမဲ့သူ မရှိသော
ကိုယ်လေ..
ကြင်နာပွေ့ ယူ
နားလည်သူရေ..မင်းဘယ်မှာလဲလေ
(တပြည်စီဝေး တဲ့ ချစ်သူ..
ဒီ ရင်မှာ.. တမ်းတမ်းတ..မီးလို ဆူ..
လေပြေငယ်သွေး လို့ .မေ့ မှာ ရင်ပူ..
ပင်လယ်တွေ.အဝေးက..ချစ်ရ သူ့..
အားငယ်သူကို..မိုးဝသာန်က..ကလူ)
(တနယ်စီဝေးလည်း လွမ်းပါနော် သူ
ယုံကြည်ပါ..ကိုယ့် ရဲ့သစ္စာကို.ယူ..
နေခြည် လင်းလက် နေသစ် ဖြူဖြူ
ရည်မျှော်နေ..တနေ့ နေ့ ဒို့ အတူတူ
နေမယ်နော်…အိမ်မက်ထဲကသူ)
မသဒ္ဓါ ( ၂။၅။၂၀၀၈)
Posted by Ma Thadar ( မသဒ္ဓါ ) at 1:31 AM 0 comments
Labels: တေးသီဌက်, မျှော်လင့်ခြင်း
Monday, February 4, 2008
ကဗျာသမား ရဲ့ နှလုံးသား..ဘယ်သူများနားလည်..
နှလုံးသားထံကခံစား
ကဗျာများ..သံစဉ်များ..
ကာရန်လှိုင်း နရီရိုင်း
ရေးဖွဲ့ လို့ သီဆို. ကဗျာသမား ကိုယ်ခံစားနေ..
စိတ်ကူး လေးထဲက လူ
ရွေ့ တိမ်လှိုင်း ကြားထဲက လူ
အိမ်မက်ကလေး တတ်မက်တဲ့ သူ
ကဗျာများ ကိုချစ်တဲ့ သူ..
ဆန်းကြယ်စွာ..တဝေ့လည်လည်တွေး.
မဖြစ်နိုင်တာ..သိရက်နဲ့ရေး
အများပျော်စေရာ..နှလုံးသွေးနဲ့ ရေး
စိတ်ကြည်သာဟန်ဆောင်..မပျော်ဘဲလဲရေး
ကဗျာသမား ရဲ့ နှလုံးသား..ဟန်ဆောင်တံခါး..ဖုံးပိတ်လို့ ထား
ငိုနေလည်း..အပြုံးပြည့်တဲ့ကဗျာ..
ပျော်ရွှင်လည်း..အသည်းကွဲတဲ့ကဗျာ
တကယ်ဆိုတော့..အတွေးထည်းကစာ
ပျော်ရွှင်သော အိမ်မက်ရဲ့ ကဗျာ..ရင်နာလည်း အများမသိခဲ့ပါ။
ကဗျာသမား..ကိုယ်ခံစားရာ..
ကဗျာသမား ရဲ့ နှလုံးသား..ဇာမျက်နှာဖုံး.. ပုဝါဖုံး လို့ ထား
ငိုနေလည်း..အတွေးလှတဲ့ကဗျာ..
ရီနေလည်း..အငိုကဲ တဲ့ကဗျာ
ပျော်ရွှင်လည်း ဆွေးမြေ့တဲ့ ကဗျာ
ရင်ပူလည်း အေးမြဆဲ ကဗျာ..
ဟန်ဆောင်ပြီး..ဖုံးပိတ်တဲ့ သလ္လာ..ဘယ်သူမှ မသိခဲ့ကြရှာ
ကဗျာသမား..ကိုယ်ခံစားတာ..
ကဗျာသမား ရဲ့ နှလုံးသား..သံကွန်ချာများ .ဖုံးအုပ်သိမ်းထား
ကဗျာသမား ရဲ့ နှလုံးသား..ကန့် လန်ကာလေး ဖုံးအုပ်သိမ်းထား
ကဗျာသမား ရဲ့ နှလုံးသား..ဟန်ဆောင်မျက်နှာပေး ဖုံးအုပ်သိမ်းထား..
မသဒ္ဓါ ( ၂။၎။၂၀၀၈)
Posted by Ma Thadar ( မသဒ္ဓါ ) at 3:51 PM 0 comments
Labels: တေးသီဌက်
Sunday, February 3, 2008
မအားလပ်တဲ့ ချစ်သူ။
ညတရေးနိုး..အိပ်မှုန်စုံမွား
ချစ်သူများရှိမလား..
On line ကိုထကြည့်
Gtalk မှာရှိ
Busy signal နဲ့ချစ်သူအမည်
ဒီနေ့ လည်း..မျှော်လင့်စရာမရှိပြီ
သူ အလုပ်များနေသည်။
တိတ်တဆိတ်ကလေး..
ကိုယ် ဒီနား..စောင့်စား
သူလာမလား လို့
မအားလပ်သည့်ချစ်သူ
ခေါ်နိုးနိုး..မျှော်ကိုးတာ
လည်တိုင်သာရှည်.မှရှည်
သူ က တုတ်တုတ် မလှုပ်ချေ။
ရင်ခုန်စွာစောင့်နေ
အားတဲ့တမိနစ်ကလေး..
သူ လာပြောပေးမဲ့
" နေကောင်းလား" ဆိုတဲ့စကား
ကြားချင်ပေမဲ့
သူများနဲ့ ပြောနေတဲ့ကြား
ဝင်လုပြောရင်..သူစိတ်ဆိုးမလား.ဆင်ခြင်..
မကြာမီ..မိုးအာရုဏ်က တက်..
သူ့ ဘက်မှာသန်းခေါင်ညဥ့်နက်
သူက အိပ်ရာပေါ်တက်.
ကျမက..အလုပ်ခွင်ထွက်
တျပည္စီၤေ၀းတဲ့ က်မ မေရွြထား
သီထား စကားမ်ား
တစ်ရက်..တစ်ရက်နဲ့ ..ပြောရနိုးမျှော်လင့်ခဲ့
လွမ်းတဲ့ရက် တစတစ ပဲ့ကျသွားပြန်ပြီ။
ပြည်ထဲရေးဘဲ အရေးကဲတဲ့ ချစ်သူ..
ကျမရဲ့ လွမ်းရေး..ဘယ်သူလာလို့ ကူ။
မသဒ္ဓါ (၂။ ၃။ ၂၀၀၈)
Posted by Ma Thadar ( မသဒ္ဓါ ) at 9:58 AM 0 comments
Labels: ရင်တွင်းရှိုက်သံ, မျှော်လင့်ခြင်း
မင်း ရက်စက် ပေမဲ့ 
အချစ်ဆိုတာ
အိမ်မက်လိုပါဘဲ .
လန့် နိုးလာတော့ထအကြည့်
ဘာမှမရှိ တော့ဘူး။
နားမလည်တာ..ကျမအပြစ်ဘဲ
မောင်ရုတ်ချည်း ပြောင်းလဲသွားတာ..
ဘယ်လို နားလည်လို့ရပါ့မလည်း။
နှောင်ကြိုးနဲ့  ညွတ်ကွင်း မရှိတဲ့အခါ
ဝင်ချင်ဝင်လာ..ထွက်ချင်ပြန်ထွက်
အစာဝရင်..အိမ်ပြန်ကျထုံးစံ
ဒါတွေ..သဘာဝအမှန်။
မကြည်ဖြူရင်..ညူစူ
အပြစ်မြင်တတ်တဲ့ လူ့ သဘာဝ
မောင့်ကျ မှ တယောက်ထည်း
တရားမစွဲချင်.
ပျော်သလိုလာ..နေစေချင်။
ရေချမ်းစင်က..ဒီရေတပေါက်.
ဝင်လာသူ သောက်ဖို့ ရည်ရွယ်ပေမဲ့ 
ခြေဆေးတာ..လှုဒါန်းသူနဲ့မဆိုင်
သောက်လိုသောက်..ဆေးလိုဆေး
သွန်လို သွန်..
ဒါနရှင်၏ အဆုံးစွန်သော မေတ္တာ
ကြီးမားတဲ့ ဂရုဏာ..
မင်း အပန်းပြေစေရာ။
မသဒ္ဓါ ( ၂။၃။၂၀၀၈)
Posted by Ma Thadar ( မသဒ္ဓါ ) at 9:12 AM 0 comments
Labels: မြတ်နိုးချစ်
Wednesday, January 30, 2008
ရေဝေး တဲ့ ကြာ…
နေရောင် ဆမ်းမှ..လန်းရတဲ့ နေကြာ.
နေရွေ့ ရာ။ မျက်နှာမူ လိုက်ပါ။
အပူရောင်ခြည်၊..မကြောက်သာ.
ချစ်ရသောနေမင်း…ဘယ်လိုပင်ပူပြင်း။
လရောင် ဆမ်းမှ..ပွင့်ရတဲ့ ကမုဒြာကြာ.
လမင်းရှိရာ အတူမခွါ။
သော်တာ ငွေရည်၊..ဖြန်းကာမှ အလှဝေဖြာ.
ချစ်ရသောလမင်း၊ ဘော်သာခွါ အဆင်း။
လယ်ပတ်ကြားကွဲက၊ တောပန်းလေးဝါ၀ါ
ကန္တာမြေကြမ်း၊ ရေစင်ဖြန်းသူမလာ
မနက်ခင်းနှင်းစက်ရည်၊ မစို့ မပို့ သာသောက်စို့ စရာ
ချစ်ရသော ဖြူစက်နှင်း၊…အသက်ဆက်ရှင်သန်ခြင်း။
မိန်းမသားတို့ ဘ၀၊
မောင်တကျိပ်ရှိစေငြား
မတင့်တယ်ပြီ။
ကြင်သူမရှိတဲ့ အချိန်များဆီ။
ပစ္စည်း မာန။ ဂုဏ်ဓန။
ဘာမှအဖိုးမတန်။
ကြင်သူသာ အိမ်ဦးသခင် အမှန်ပါဘဲ။
မိန်းမ ဟူသည်.. မိန်းမသဘာဝ
ဘ၀မှာ ဘယ်လောက်ဘဲ ပြည့်စုံ.. ပြည့်စုံ
အချစ်မရှိရင် မလုံခြုံ
အားငယ် တတ်တာဘဲ မောင်ရယ် ယုံ။
ချစ်သူနဲ့ ဝေးတဲ့အခါ။
ဘ၀ ဆိုတာ.
နွမ်းနေတဲ့ နေကြာ။ ငုံနေတဲ့ ကုမုဒြာ။
ရေစင်မသောက်
ခြောက်နေရတဲ့ တောပန်းဝါ၀ါ။။
အဖေါ်မဲ့ ကန္တာရ ထည်းမှာ။။
မသဒ္ဓါ (၁။၃၀။၂၀၀၈)
Posted by Ma Thadar ( မသဒ္ဓါ ) at 1:54 PM 0 comments
Labels: ရင်တွင်းရှိုက်သံ, မျှော်လင့်ခြင်း
အမှောင်ရိပ်က တီးတိုးရှိုက်သံ
မှောင်မိုက်နိုးထ။ မိုးသဲညတွေ။
အိပ်ရာတွေတွန့် . နိုးတလွန့်လွန့် 
စိုးရွံကြောက်စိတ်။ ပြန်မအိပ်နိုင်
သန်းခေါင်သန်းလွဲ ငုတ်တုတ်ထိုင်။
ငေးငေး ငိုင်ငိုင်။
ဒီအမှောင်လမ်း.
တယောက်ထဲ လှမ်း။
ရေဆန်လမ်းမို့ ပန်းလှပြီ.
ယော်ကြွေပန်းမို့  ရနံ့ ပျောက်သည်။
ငယ်အတွေး စိတ်ကူး..
ဘယ်တော့မှ ပြန်မရနိုင်ဘူး။
ဝေဟင်မှာ တက်ဖူးတဲ့တံခွန်
နေခြည်မှာ..လန်းဖူးတဲ့သစ်တပင်..
ခု ကန္တာရ အလည် ကြွေရော့ရော့ကြေ
ဆံနွယ်ကေသာ.. ဖြေလျှော့လျော့ခွေ
အမှောင် ဒီရေ..အေးစက်စက် ရိုက်ပုတ်နေ။
နွေးထွေးမှုရယ် ..ဘယ်မှာ.
ပိန်းပိန်းမှောင်နေ..သန်းခေါင်ညဥ့် ကတ္တီပါ။
မြင်မလား..ဖွေရှာ…ချစ်သူ့ ခြေရာ။
တွေ့ မလား နေရာ..နားခို ရိပ်ဆာ။
အမှောင်ရဲ့ အလယ်
ခု ကိုယ်တယောက်ထဲ ရင်၌ ပလာ..
မျှော်သူရယ်…ဘယ်တော့များမှ သူလာ။
မသဒ္ဓါ (၁။ ၃၀။၂၀၀၈)
Posted by Ma Thadar ( မသဒ္ဓါ ) at 11:41 AM 0 comments
Labels: ရင်တွင်းရှိုက်သံ
ပျောက်ဆုံးနေသော.ထိုအရာ.
သူများတွေ အားပေးတယ်။
ချစ်သူကတော့ မတုန်မလှုပ်.. ကျောက်ရုပ်
သူများတွေ လာလည်တယ်။
ချစ်သူကတော့ နေနိုင်တယ်.. ငုတ်တုတ်
သူများတွေ..ကျမကိုခင်တယ်။
ချစ်သူကပြောတယ်. သံယောဇဉ်ရှိတယ်တဲ့
သူငယ်ချင်းလို ဖြူစင်ခင်မင်မှူ။
လုပ်ဖော်ကိုင်ဖက် လေးစားမှု။
သွေးသောက်ရဲဘော် ယုံကြည်သစ္စာရှိမှု။
မီးပင်လယ် ဖြတ်သူအချင်းချင်း။ ကိုယ်ချင်းစာနာ။
အားငယ်သူမို့  သူထားခဲ့တဲ့ မဟာဂရုဏာ။
ခင်ရာဆွေမျိုးရဲ့ သံယောဇဉ်..
ကျမကို အပြည်စုံဆုံး..
သူပေးထားသော်လည်း
ပျောက်ဆုံး နေတာ တခုဘဲရှိတယ်။
တကယ် စစ်မှန်တဲ့ နွေးထွေးမှု အချစ်ရယ်။
ဒါကို ကျမ မွတ်သိပ်လိုချင်တယ်.
ဒါပေမဲ့ အချစ်ဆိုတာ ဘာလည်း?…
သူက နားမလည်။
ကံဆိုးနေတာ...ကျမလား။ သူလား။
သိသူများ ပြောကြားကြပါ။
မသဒ္ဓါ (၁။၃၀။၂၀၀၈)
Posted by Ma Thadar ( မသဒ္ဓါ ) at 11:22 AM 0 comments
Labels: လွမ်းကြင်ဌက်, မျှော်လင့်ခြင်း
Sunday, January 27, 2008
ပြန်မလာတဲ့ ပဲ့တင်သံ
ကိုယ်ဘယ်လောက်ချစ်ချစ်
ချစ်သူက မချစ်တဲ့ အခါ.
ဘာမှ လုပ်မရဘူး။
အမြဲတမ်း..သူ့အလိုကျ
နေရဖို့  ဆုံးဖြတ်ခဲ့ပေမဲ့
အေးစက်တဲ့ သူ့ူနှလုံးသား
ကိုယ်နံမည်က
ပိုင်ရှင်တတ်ထားတာဘဲရှိတယ်.
အပျော် ဆိုတာ..
ကိုယ်ကိုကိုယ် လိမ်လည်။
အလိုမကျလည်း ပြုံးနေရ
ရင်ထဲက မီးစ.
အချစ်ဆိုတာ တကယ်ကျ ဖန်တီးမရ.
ဖျောက်ဖျက် မရ။
ဘယ်လောက်ဘဲ ချစ်ချစ်.
ဘယ်လောက်ဘဲ သည်းခံ
အလျှားအနံ မရှိတဲ့ အချစ်.
အသွားအပြန် ပါ မရှိခဲ့တဲ့ အခါ.
တကယ်စစ်မှန် ခဲ့တဲ့ မေတ္တာ..
တန်ဖိုးထားသူရယ် မရှိ
စာနာတတ်သူရယ် မရှိ
ရေတိမ်မှာ နစ်ခဲ့ပြီ၊
မသဒ္ဓါ( ၂။၂၈။၂၀၀၇)
Posted by Ma Thadar ( မသဒ္ဓါ ) at 5:39 PM 0 comments
Labels: ရင်တွင်းရှိုက်သံ
Saturday, January 26, 2008
လွဲမှားနေပြီလား..ဒီ နားလည်မှု
ညညတွေ အိပ်ရေးပျက်.
ချစ်သူပြန်လာတော့မလား
သူများမောလာမလား.
အိပ်ချင်မူးတူး..ထထ စောင့်ဘူးတယ်။
မျက်နှာမသာ။ ပင်ပန်းစွာ..
ညူစူတဲ့ချစ်သူ။ အပြုံးတွေချူဖို့မလွယ်..
ချစ်မိတာကိုယ်ဘဲ မှားတယ်လား။
တခါတခါ..ညှာတာစွာစဉ်းစား
အော်..သူအလုပ်အဆင်မပြေတာနေမှာ..
သူ နေမကောင်းလို့ နေမှာ..
သူ ပင်ပန်းလို နေ မှာ.
တလောကလုံးရဲ့ အပေါ်မှာကောင်း.
သူငယ်ချင်းတွေ အပေါ်မှာကောင်း
လုပ်ဖေါ်ကိုင်ဖက်တွေ အပေါ်မှာကောင်း.
လူတွေလာလာပြောကြ..
သူစိတ်ရှည်တတ်ကြောင်း
သူသည်းခံတတ်ကြောင်း..
သူ..အလွန်တော်ပါကြောင်း..
ဟုတ်ပါလိမ့်မယ်..
ဒီဂုဏ်တွေ သူရဖို့ 
တထစ်ရှိ အိမ်က မယားကိုမဲ
ထွက်ပေါက်ရှာဆဲ..
ခလေးတွေမဲ အော်ဟစ်နေဆဲ
မကြင်နာတတ် တာလည်းမဟုတ်
မိသားစုကိုမချစ်တာ လည်းမဟုတ်
သူငယ်ချင်းတာဝန် နိုင်ငံတာဝန်
မနိုင်ဝန်နဲ့  သူ့ ကိုကြည့်
သတိ..သတိ..မပြောမရှိနဲ့ 
မိသားစုဖြစ်ခဲ့ မိတာ မှားလား..
ဆယ်ပြန်ဆယ်ခါ..ဆန်ရင်းဘဲ နာနာ
အဖွပ်ခံထားရတာတော့ ဆိုးတယ်.
တန်ရင်ဆေး။ လွန်ရင်ဘေး.
မိသားစုရေးထက် အရေးပေးတဲ့သူရဲ့လူမှုရေး
အစကတည်းက ညှိနှိုင်းခဲ့တဲ့..
ကိုယ်တို့ ရဲ့ အချိန်အကွက်ချစီမံကိန်း
ငွေရှာရန် အချိန်ပေး ၄၀%။
နိုင်ငံရေး လူမှုရေး.၃၀%
မိသားစုရေး ၁၀%
အိမ်အလုပ်ဝိုင်းကူ ၅%။
ဘာသာရေး.၅%
သူ့ ပညာရေး တိုးတက်ရေး ၅%
သူကိုယ်ပိုင်လွတ်လပ်တဲ့ နားရဖို့  ၅%
မိသားစုအတွက် ၁၀%..
ကျမတို့ ဆုံးရှုံးတဲ့အခါ
မယား ဆိုတာ.ပြောခွင့်မရှိရဘူးလား.
နားလည်မှု ထားပေးပါ။
ပြန်လာမယ် သိပ်မကြာ..
အော်..သူ တနေ့ ပြောင်းမှာဘဲ..
သူ ကျမအပေါ်ကောင်းတာဘဲ..
ဘယ်လိုဘဲဖြေသာ စဉ်းစား
ကျမ အချစ်ဘယ်လောက်များလည်း.
တဖက်သတ်ဘဲဆို ကြာရှည်မလွယ်ကူ။
အ၀ါကဒ် ခါခါပြ..
မရတဲ့ အခါ..နောက်ဆုံးပြရမဲ့ အနီကဒ်
ကျမ တော့ နှလုံးသွေးရပ်ခဲ့ ပြီမောင်။
မသဒ္ဓါ ( ၁။၂၆။၂၀၀၈)
Posted by Ma Thadar ( မသဒ္ဓါ ) at 5:17 AM 1 comments
Labels: ရင်တွင်းရှိုက်သံ
Friday, January 25, 2008
မုန်တိုင်းထဲက နှင်းဆီတပွင့်
မုန်တိုင်းရဲ့ လေပြင်းတချက်
ရက်စက်ပေမဲ့ 
နုနယ်တဲ့ နှင်းဆီ
မုန်တိုင်းကို အံတုသည်။
ချစ်သူအတွက်ရွယ်စူး
ပွင့်လွှာဦးတွေ
ရနံ့  ထူးတွေ..ဆောင်ယူလာခဲ့
မိုး တပေါက်ချင်း
လေသက် ပြင်းပြင်းတွေထဲ
မာန်တင်း ..အံတင်း
ချစ်သူပန်ဖို့ စွန့် လွတ်ခြင်း.
မုန်တိုင်း လွန်တဲ့အခါကျ.
ချစ်သူပန်ဖို့ မျော်လင့်ရသော်ညား။
ပွင့်ချပ် ပဲ့ကြေ
အလှ ကြွေသော။
မုန်တိုင်းထဲက နှင်းဆီ..
ချစ်သူ မနမ်းလိုသည်။
ဖယ်ရှောင်ခဲ့
သူဆံထက်က လှပန်း နီနီ
မုန်တိုင်းနှင်းဆီ ယော်နွမ်းလျှလျှ
သူခြေအချ..မြေခကြွေရှာ။
မသဒ္ဓါ (၁။၂၅။၂၀၀၈)
Posted by Ma Thadar ( မသဒ္ဓါ ) at 6:13 PM 0 comments
Labels: ရင်တွင်းရှိုက်သံ, လွမ်းကြင်ဌက်
ပျောက်သောလမ်းမှာ ကိုယ်လေ စမ်းတ၀ါး။
လက်ကမ်းခဲ့တယ်။
အမှောင်မှာ အတူတူ
နှစ်သိမ့်ခဲ့တယ်.။
သောကရရင် အတူတူ
အားပေးခဲ့တယ်။
အနိုင်ပြန်ယူရအောင်တူတူ
ကြင်နာခဲ့တယ်။
ဘာမဆို ဝေမျှတူတူ
အမှောင်ထဲ..
မုန်တိုင်းထဲ..ကြိုးစားဆဲ
ရုန်းကန်ဆဲ..
အလင်းရောင်ခြည်ကိုမျှော်ဆဲ
မျှော်လင့်တယ်..သူရှိနေမှာဘဲ။
အလင်းရောင် တစ်စ
မရတရ မှာ..ပျော်ရွှင်စွာ..
လှမ်းအကြည့်..သူမရှိတော့ဘူး
အမှောင်ညတွေထဲ အတူတူ
အိမ်မက်တွေထဲက သူရယ်။
စိမ်းကားရက်စက်
ကိုယ်ကို တယောက်ထည်းထားခဲ့ရက်တယ်။
မသဒ္ဓါ (၁။၂၅။၂၀၀၈)
Posted by Ma Thadar ( မသဒ္ဓါ ) at 5:59 PM 0 comments
Labels: ရင်တွင်းရှိုက်သံ, လွမ်းကြင်ဌက်